Connect with us

Hi, what are you looking for?

News

ယူကရိန်းပြည်သူများနှင့်အတူ ခိုင်မာစွာရပ်တည်ကြောင်း မြန်မာသံအမတ်ကြီး ကုလ၌ မိန့်ခွန်းပြော

ကုလသမဂ္ဂ၏ ကိန်းဂဏန်းများအရ စစ်တပ်က နိုင်ငံတစ်ဝှမ်းတွင် ခွဲခြားမှုမရှိဘဲ တိုက်ခိုက်မှုများ ကြောင့် မြန်မာနိုင်ငံတွင် ယနေ့အချိန်အထိ နေရပ်စွန့်ခွာသူ (၉) သိန်းခန့်ရှိလာပြီဖြစ်ပြီး လူသားချင်း စာနာထောက်ထားမှု အကူအညီများ အထူးလိုနေအပ်နေသူ ၆.၂ သန်းခန့် ရှိနေပြီဖြစ်ကြောင်း သံအမတ်ကြီးက ကုလသမဂ္ဂသို့ အစီရင်ခံသည်။

▪️မြန်မာတွင်လည်း စစ်တပ်ကြောင့် ကြေကွဲဖွယ်အခြေအနေများနှင့်ရင်ဆိုင်နေရကြောင်း ထည့်သွင်းအစီရင်ခံ

ဒုက္ခဆင်းရဲများ ရင်ဆိုင်နေရသည့် ယူကရိန်းပြည်သူများ၏ ခံစားမှုများကို မြန်မာပြည်သူများက အပြည့် အဝနားလည်ပြီး ယူကရိန်းပြည်သူများနှင့်အတူ ခိုင်မာစွာရပ်တည်ကြောင်း မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ၌ မိန့်ခွန်းပြောကြားသည်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် မတ်လ ၂၄ ရက်တွင် ကျင်းပပြုလုပ်သော ကုလသမဂ္ဂအထွေထွေညီလာခံ၏ ယူကရိန်းအပေါ် ကျူးကျော် မှုဆိုင်ရာ အရေးပေါ်အထူးအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင်လည်း‌ ယူကရိန်းပြည်သူများ ရင်ဆိုင်နေရသည့် အခက်အခဲများနှင့် အလား သဏ္ဍာန်တူသည့် လူသားများမှ ဖန်တီးသော ကြေကွဲဖွယ်အခြေအနေများနှင့် ရင်ဆိုင်ကြုံတွေ့နေရပြီး စစ်တပ်က ပြည်သူများကို ရက်စက်ကြမ်းကြုတ်သောလုပ်ရပ်များ ကျူးလွန်နေခြင်း၊ လူ သားမျိုးနွယ်စု အပေါ် ကျူးလွန်သည့်ပြစ်မှုများ ကျူးလွန်နေခြင်းနှင့် ခွဲခြားမှုမရှိ အင်အားအလွန်အကျွံအသုံးပြု တိုက်ခိုက်မှုများများကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ် အတည်းများနှင့် ရင်ဆိုင်နေရကြောင်း သံအမတ်ကြီးက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

ကုလသမဂ္ဂ၏ ကိန်းဂဏန်းများအရ စစ်တပ်က နိုင်ငံတစ်ဝှမ်းတွင် ခွဲခြားမှုမရှိဘဲ တိုက်ခိုက်မှုများ ကြောင့် မြန်မာနိုင်ငံတွင် ယနေ့အချိန်အထိ နေရပ်စွန့်ခွာသူ (၉) သိန်းခန့်ရှိလာပြီဖြစ်ပြီး လူသားချင်း စာနာထောက်ထားမှု အကူအညီများ အထူးလိုနေအပ်နေသူ ၆.၂ သန်းခန့် ရှိနေပြီဖြစ်ကြောင်း သံအမတ်ကြီးက ကုလသမဂ္ဂသို့ အစီရင်ခံသည်။

အလားတူ မြန်မာပြည်သူများအနေဖြင့် စားနပ်ရိက္ခာမလုံလောက်မှုပြဿနာများဖြင့်လည်း ရင်ဆိုင်လာနေရကြောင်း သံအမတ်ကြီးက ဆက်ပြောသည်။

ထို့အပြင် ယူကရိန်းအပေါ် စစ်မက်ပြုတိုက်ခိုက်နေမှုများ ချက်ချင်းရပ်တန့်ရန် မြန်မာသံအမတ်ကြီးက ထပ်လောင်းတောင်းဆိုသည်။

အထက်ပါ အထူးအစည်းအဝေးတွင် ယူကရိန်းက အဆိုပြုတင်သွင်းသော “ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်တိုက်ခိုက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နောက်ဆက်တွဲ အကျိုးဆက်များ” အဆိုပြုမူကြမ်းကို ထောက်ခံမဲ (၁၄၀) မဲ၊ ကန့်ကွက်မဲ (၅) မဲနှင့် ကြားနေမဲ (၃၈) မဲဖြင့် အတည်ပြုခဲ့သည်။

ယင်းအဆိုပြုမူကြမ်းကို မြန်မာအပါအဝင် နိုင်ငံပေါင်း (၈၀) ကျော်က ပူးတွဲအဆိုရှင်များအဖြစ် ပါဝင်ခဲ့သည်ဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။

နိုင်ငံတကာ

လောလောဆယ်တော့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံဖို့ မဖြစ်နိုင်လောက်သေးကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က မှတ်ချက်ပေးခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ မျက်နှာစုံညီ တွေ့ဆုံချင်ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အတိအလင်း တောင်းဆိုလိုက်ပါတယ်။