Connect with us

Hi, what are you looking for?

News

ရေစကြိုရဲတပ်ဖွဲ့မှူးရုံးနှင့် ​တောင်သာရဲစခန်းကို ပြည်သူ့ကာကွယ်​ရေးတပ်များ တိုက်ခိုက်

ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်နှင့် အနီးတစ်ဝိုက်တွင် သွားလာလှုပ်ရှားမှုမပြုရန်လည်း ပြောက်ကျားတပ်ဖွဲ့များက မေတ္တာရပ်ခံသည်။

မ​ကွေးတိုင်း ရေစကြိုမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် တောင်သာမြို့ ရဲစခန်းများကို လက်ပစ်ဗုံး၊ ၄၀ မမ တို့ဖြင့်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့(မတ်လ ၂၅ ရက်)တွင် ထုတ်ပြန်သည်။

ယမန်နေ့ ည ၈နာရီခန့်က တောင်သာမြို့ရဲစခန်းကို ၄၀ မမဖြင့် ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီဘက်ကထိခိုက်မှုအချို့ရှိကာ အတည်ပြုရန်ကြိုးစားနေကြောင်း ​တောင်သာ PDFက ဆိုသည်။

“ဈေးဦးဖောက်ကို ဖောက်သည်ကောင်းနဲ့ တွေရပြီ၊တောင်သာရဲစခန်းက ကျွန်တော်တို့ရဲ့ဖောက်သည် ဖြစ်တော့မယ်နဲ့တူတယ်”ဟု ​တောင်သာ PDFက ပြောသည်။

အလားတူ ယမန်နေ့ကလည်း ရေစကြိုမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကို လက်ပစ်ဗုံးပစ်သွင်းတိုက်ခိုက်ခဲ့သော်လည်း ပစ်ဖောက်ခဲ့သည် ဗုံးမှာ မပေါက်ကွဲဘဲ စစ်ကောင်စီ တပ်သားများမှ သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု သိမ်းငှက်ပြောက်ကျားတပ်ဖွဲ့က ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

တလုပ် PDF နှင့်အတူ ညီနောင်မဟာမိတ်ဖြစ်သော သိန်းငှက်ပြောက်ကျားတပ်ဖွဲ့တို့မှ ရေစကြိုမြို့နယ်၊ ရဲတပ်ဖွဲ့မှူး ရုံးအတွင်းသို့ လက်ပစ်ဗုံးဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း၊ ပစ်ဖောက်ခဲ့သော လက်ပစ်ဗုံးမှာ Error ဖြစ်ကာမကွဲခဲ့၍ အကြမ်းဖက်စစ်သားများရောက်လာကာ သေနတ်ဖြင့်ပစ်ခတ်ဖောက်ခွဲရှင်းလင်းခဲ့သည်ဟုသိရကြောင်း တလုပ် PDFက သတင်းထုတ်ပြန် သည်။

“လက်ပစ်ဗုံးက Error ဖြစ်ပြီးမကွဲဘူး။ ဒါနဲ့နောက်ပြန်ဆုတ်ခဲ့ရတယ်။ လက်ပစ်ဗုံးပစ်ပြီးမှတော့ နောက်တစ်လုံးထပ်ပစ်လို့လည်း မရဘူးလေ။ လက်ပစ်ဗုံးကိုတော့ သေနတ်နဲ့ပစ်ပြီးခွဲတယ်လို့ သတင်းရရှိပါတယ်။ ကျွန်တော်တို့ မနက်ကိုးခွဲလောက်ကပစ်တယ်။ စစ်တပ်ကိုခေါ်ပြီး ခွဲတာကတော့နောက်ကျတယ် ပြောတယ်။၁၁နာရီဝန်းကျင်လောက်မှာ ခွဲတယ်လို့သတင်းရပါတယ်”ဟု တလုပ်PDF တာဝန်ရှိသူက ပြောသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်နှင့် အနီးတစ်ဝိုက်တွင် သွားလာလှုပ်ရှားမှုမပြုရန်လည်း ပြောက်ကျားတပ်ဖွဲ့များက မေတ္တာရပ်ခံသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲစခန်းတစ်ခု ပစ်ခတ်ခံရတဲ့နောက် လုံခြုံရေး တိုးမြှင့်ထားသလို အနီးမှာရှိတဲ့ ကျောင်းတစ်ကျောင်းကိုလည်း ပိတ်ထားရပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က အင်အား ၅၀ဝ ခန့် ထပ်မံရောက်ရှိလာပြီး စစ်မှုထမ်းတပ်သားသစ်တွေလည်း ပါဝင်လာကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ဒုတိယ ကမ္ဘာစစ်မှာ နာမည်ဆိုးနဲ့ အထူးကျော်ကြားခဲ့တဲ့ နာဇီ ခေါင်းဆောင်ကြီး အဒေါ့ဖ်ဟစ်တလာ မွေးဖွားခဲ့တဲ့ နေရာဟာ အခုတော့ ရဲစခန်းတစ်ခု ဖြစ်လာခဲ့ပါပြီ။