အိန္ဒိယ – မြန်မာ နယ်စပ်မြို့ဖြစ်သည့် ဖလမ်းမြို့နယ် ရိဒ်ခေါ်ဒါရ်မြို့အဝင် နယ်စပ်တံတားရှိ စစ်ကောင်စီအလံ နေရာတွင် ချင်းအမျိုသားကာကွယ်ရေးတပ်ဖွဲ့(CNDF) အလံကို လွှင့်ထူထားကြောင်း The Chin Journalက ယနေ့တွင် ဓာတ်ပုံများနှင့်တကွ ဖော်ပြသည်။

အဆိုပါ ရိဒ်ခေါ်ဒါရ် မြို့မှ အိန္ဒိယ နိုင်ငံ မီဇိုရမ်ဖက်သို့ ဆက်သွယ်ထားသည့် နယ်စပ်တံတားပေါ်၌ CNDF အလံများကို လွှင့်ထူထားခြင်းဖြစ်သည်။
အဆိုပါ ဖလမ်းမြို့နယ်တွင် ချင်းအမျိုးသားအဖွဲ့ချုပ်(CNO) လက်အောက်ခံ CNDF တပ်ဖွဲ့အပြင် ချင်းအမျိုးသားတပ်မတော်(CNA)၊ ဒေသခံ ချင်းကာကွယ် ရေးတပ် CDF-ဝှာလ်ငိုရမ်၊ CDF(ဇာညက်ရမ်)အပါအဝင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ လှုပ်ရှားနေပြီး စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်လျက်ရှိသည်။

ယခုလအတွင်း၌ပင် ရိဒ်ခေါ်ဒါရ်ရှိ စစ်ကောင်စီတပ်များကို ဒေသတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့သည်။
