Connect with us

Hi, what are you looking for?

News

အိန္ဒိယ – မြန်မာနယ်စပ် ရိဒ်ခေါ်ဒါမြို့အဝင် တံတားရှိ စစ်ကောင်စီအလံနေရာ၌ ချင်းတပ်ဖွဲ့ CNDF အလံ လွှင့်ထူ

အဆိုပါ ရိဒ်ခေါ်ဒါရ် မြို့မှ အိန္ဒိယ နိုင်ငံ မီဇိုရမ်ဖက်သို့ ဆက်သွယ်ထားသည့် နယ်စပ်တံတားပေါ်၌ CNDF အလံများကို လွှင့်ထူထားခြင်းဖြစ်သည်။

ဓာတ်ပုံ - The Chin Journal

အိန္ဒိယ – မြန်မာ နယ်စပ်မြို့ဖြစ်သည့် ဖလမ်းမြို့နယ် ရိဒ်ခေါ်ဒါရ်မြို့အဝင် နယ်စပ်တံတားရှိ စစ်ကောင်စီအလံ နေရာတွင် ချင်းအမျိုသားကာကွယ်ရေးတပ်ဖွဲ့(CNDF) အလံကို လွှင့်ထူထားကြောင်း The Chin Journalက ယနေ့တွင် ဓာတ်ပုံများနှင့်တကွ ဖော်ပြသည်။

ဓာတ်ပုံ – The Chin Journal

အဆိုပါ ရိဒ်ခေါ်ဒါရ် မြို့မှ အိန္ဒိယ နိုင်ငံ မီဇိုရမ်ဖက်သို့ ဆက်သွယ်ထားသည့် နယ်စပ်တံတားပေါ်၌ CNDF အလံများကို လွှင့်ထူထားခြင်းဖြစ်သည်။

အဆိုပါ ဖလမ်းမြို့နယ်တွင် ချင်းအမျိုးသားအဖွဲ့ချုပ်(CNO) လက်အောက်ခံ CNDF တပ်ဖွဲ့အပြင် ချင်းအမျိုးသားတပ်မတော်(CNA)၊ ဒေသခံ ချင်းကာကွယ် ရေးတပ် CDF-ဝှာလ်ငိုရမ်၊ CDF(ဇာညက်ရမ်)အပါအဝင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ လှုပ်ရှားနေပြီး စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်လျက်ရှိသည်။

ဓာတ်ပုံ – The Chin Journal

ယခုလအတွင်း၌ပင် ရိဒ်ခေါ်ဒါရ်ရှိ စစ်ကောင်စီတပ်များကို ဒေသတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က ခရစ်ယာန်ဓမ္မဆရာ ၃ ဦးဆီကနေ ထိမ်းမြားလက်ထပ်ပေးပိုင်ခွင့် လိုင်စင်တွေကိုပယ်ဖျက်ခဲ့တဲ့နောက် မြန်မာကို ‘ဘာသာရေး လွတ်လပ်ခွင့် အထူးစိုးရိမ်ရတဲ့ နိုင်ငံများ စာရင်း’မှာ ဆက်လက် ထည့်သွင်းပေးဖို့ အမေရိကန် အစိုးရကို Burma Research Institue (BRI)က တောင်းဆိုလိုက်ပါတယ်။

သတင်း

အာဆီယံဒေသတွင်းနိုင်ငံတွေထဲ မြန်မာနိုင်ငံရဲ့ ငွေကြေး ဖောင်းပွမှုအမြင့်ဆုံး(ငွေစက္ကူတန်ဖိုးလျော့ကျတာ)ဖြစ်နေပြီး စီးပွားရေးကျဆင်းမယ့် အခြေအနေတွေရှိတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် (Asian Develo pment Bank - ADB)ကထုတ်ပြန်ပါတယ်။

သတင်း

၂၀၂၆ ခုနှစ်အတွက် ကမ္ဘာပေါ်မှာ နေချင့်စဖွယ် အကောင်းဆုံး နိုင်ငံတွေ စာရင်းမှာ အက်စ်တိုးနီးယားက နံပါတ်တစ်အဖြစ် ရပ်တည်နေကြောင်း သိရပါတယ်။

သတင်း

ရိုဟင်ဂျာများအပါအဝင် မြန်မာနိုင်ငံရှိ အကြမ်းဖက်မှုတွေကနေ ထွက်ပြေးလွတ်မြောက်လာသူများကို နေရပ်သို့ပြန် မပို့ခင်မှာ ရာဇဝတ်မှုများနဲ့ အကြမ်းဖက်မှုများ ရပ်တန့်ရမယ်လို့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား(IIMM)က ဒီနေ့ ထုတ်ပြန်ပါတယ်။

Facebook