Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူမှာ ဆေးရုံတက်နေသူတွေကို ထမင်းဝေတဲ့ ပရဟိတတအသင်း ဖောက်ထွင်းခံရ

မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်မှာ ဆေးရုံတက်သူတွေကို ထမင်းဝေနေတဲ့ ပရဟိတအသင်းအခန်း ဖောက်ထွင်းခံရပြီး ပစ္စည်းများ ခိုးယူခံလိုက်ရပါတယ်။

သူခိုးဝင်ခိုးခံရတဲ့ ပရဟိတအသင်းအခန်း၊ ဆေးရုံတက်သူတွေကို ထမင်းအာဟာရဝေငှခဲ့တဲ့ သူခိုးအဖောက်ခံရတဲ့အခန်း ဓါတ်ပုံ-ဒေသခံ

စက်တင်ဘာ-၂၂၊၂၀၂၅။ဇေအောင်/People’s Spring

မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်မှာ ဆေးရုံတက်သူတွေကို ထမင်းဝေနေတဲ့ ပရဟိတအသင်းအခန်း ဖောက်ထွင်းခံရပြီး ပစ္စည်းများ ခိုးယူခံလိုက်ရပါတယ်။

စက်တင်ဘာ ၂၁ ရက်ညပိုင်းက ပခုက္ကူမြို့၊ ထင်းတန်းလမ်း၊မြို့နယ်ဆေးရုံရှေ့ရှိအာယုသုခအသင်းရဲ့ထမင်းအာဟာရဒါနအဆောက်အဦးငယ် ဖောက်ထွင်းခံရကြောင်း၊ အဲဒီအဆောက်အဦးထဲက ဆန်၊ ဆီ၊ ငါးပိတွေနဲ့ ဒန်အိုး၊ ဒန်ခွက်တွေကိုပါ ခိုးယူသွားကြောင်း အသင်းနဲ့နီးစပ်သူတွေက ပြောပါတယ်။

သူခိုးဝင်ခိုးခံရတဲ့ ပရဟိတအသင်းအခန်း၊ ဆေးရုံတက်သူတွေကို ထမင်းအာဟာရဝေငှခဲ့တဲ့ သူခိုးအဖောက်ခံရတဲ့အခန်း ဓါတ်ပုံ-ဒေသခံ

“တောရွာတွေကလာပြီး ဆေးရုံတက်တဲ့လူတွေကို ထမင်းအခမဲ့ ဝေတဲ့နေရာကို ဝင်ခိုးသွားတာ”လို့ပခုက္ကူမြို့ခံ အမျိုးသားတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အသင်းအတွက် ဒန်အိုး၊ ဒယ်အိုးတွေလိုအပ်နေတာကြောင့် အဟောင်းတွေပြန်ရောင်းလိုသူတွေရှိရင် ဝယ်ယူချင်ကြောင်း အသင်းက အသိပေးထားပါတယ်။

ပခုက္ကူမြို့ပေါ်မှာ သူခိုးအခိုးခံရတဲ့ဖြစ်စဥ်တွေ မကြာခဏ ဖြစ်ပွားနေပြီး စစ်အုပ်စုက ဖမ်းဆီးနိုင်ခြင်းမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီအာဏာသိမ်းပြီးနောက် ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာပါ ခိုးဆိုးလုယက်မှုတွေ ဖြစ်ပွားနေပြီး ပြည်သူတွေဟာ မလုံခြုံမှုတွေ ခံစားနေရတယ်လို့ သတင်းရရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်ပြည့် မွေးနေ့အကြို နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၈)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။