Connect with us

Hi, what are you looking for?

News

တော်လှန်ရေးအင်အားစုကို ပိုက်ဆံထောက်ပံ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ကျောင်းသူတစ်ဦးကို ထောင် ၁၀ နှစ် ချ

အသက် ၁၉ နှစ်အရွယ် မဆောင်းနှင်းဖြူ ကို ထားဝယ်တရားရုံးက မတ်လ ၂၈ ရက်က အမိန့်ချ လိုက်တာလို့ ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ထုတ်ပြန်ပါတယ်။

တော်လှန်ရေးအင်အားစုတွေကိုငွေကြေးထောက်ပံ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ထားဝယ်မှာ အသက် ၁၉ နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦးကို စစ်ကောင်စီကဖမ်းဆီးပြီး အကြမ်းဖက်ပုဒ်မနဲ့ ထောင်ဒဏ် ၁၀ နှစ်ချလိုက်ပါတယ်။

အသက် ၁၉ နှစ်အရွယ် မဆောင်းနှင်းဖြူ ကို ထားဝယ်တရားရုံးက မတ်လ ၂၈ ရက်က အမိန့်ချ လိုက်တာလို့ ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ထုတ်ပြန်ပါတယ်။

မဆောင်းနှင်းဖြူ ဟာ ဆယ်တန်းအောင်မြင်ပြီး တက္ကသိုလ်တက်ဖို့ စောင့်ဆိုင်းနေသူ လူငယ်တစ်ဦးလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ် သြဂုတ်လ မှာတော့ နေအိမ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ဖမ်းဆီးတာကို ခံလိုက်ရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက် တော်လှန်ရေးအင်အားစုတွေကို Kpay ကနေ ပိုက်ဆံလှူတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အကြမ်းဖက်ဥပဒေပုဒ်မ တွေတပ်ကာ တရားစွဲဆိုထောင်ချလိုက်တာပဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန နည်းဗျူဟာ(၃၃)က တပ်သားသစ် ခေါ်ယူကြောင်း ဒီကနေ့ ဇူလိုင် ၂၃ရက်မှာ ထုတ်ပြန်ခဲ့ပြီး တပ်သားသစ်အဖြစ် ပါဝင်လိုသူတွေ အတွက် သတ်မှတ်ချက်တွေ ဖော်ပြထားပါတယ်။

ဆောင်းပါး

စစ်တပ်အာဏာသိမ်းတာကို လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်တပ်ကတိုက်ပွဲသုံးလက်နက်​တွေနဲ့ အကြမ်းဖက်သတ်ဖြတ်မှု တွေအပြီး မန္တလေးမြို့မှာ ၂၀၂၁ ခုနှစ်က စစ်တပ်ကို ထိတ်လန့် အောင်ပြုလုပ်နိုင်ခဲ့သူတွေ​ပေါ်လာခဲ့ပါတယ်။