Connect with us

Hi, what are you looking for?

News

ဆန္ဒပြပြည်သူတွေအပေါ် ဖြိုခွင်းမှုကို ကားပိတ်ရပ်ပြီး တားဆီးပေးခဲ့တဲ့ YBS ယာဉ်မောင်း ထောင် ၃ နှစ်ချခံရ

YBS 24 ယာဉ်မောင်း ကိုကျော်ခိုင်ဝင်းဟာ ပြီးခဲ့တဲ့နှစ် မတ်လ ၂၈ ရက်က သင်္ဃန်းကျွန်းမြို့နယ် အတွင်း ဆန္ဒပြပွဲမှာ ဆန္ဒပြ ပြည်သူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖြိုခွင်းချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှေ့ဆက်မတိုးနိုင်အောင် ကားကို ကန့်လန့်ဖြတ်ပိတ်ရပ်ပေးခဲ့တာပါ။

ဓာတ်ပုံ − Social Media

စစ်အာဏာရှင်ပြုတ်ကျရေး ဆန္ဒထုတ်ဖော်တဲ့ ပြည်သူတွေအပေါ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက် ဖြိုခွင်းမှုကို ကားပိတ်ရပ်ကာ တားဆီးပေးခဲ့တဲ့ YBS ယာဉ်မောင်း ကိုကျော်ခိုင်ဝင်းကို မနေ့ကမတ်လ ၃၀ ရက်မှာ ထောင်ဒဏ် ၃ နှစ်ချလိုက်ပါတယ်။

ကိုကျော်ခိုင်ဝင်းကို မတည်မငြိမ်ဖြစ်အောင်လှုံဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ထောင်ချလိုက်တာလို့ နိုင်ငံရေးအကျဉ်းသားများအမှု လိုက်ပါဆောင်ရွက်ပေးနေတဲ့ရှေ့နေအသိုင်းအဝိုင်းတဆင့်သိရပါတယ်။

YBS 24 ယာဉ်မောင်း ကိုကျော်ခိုင်ဝင်းဟာ ပြီးခဲ့တဲ့နှစ် မတ်လ ၂၈ ရက်က သင်္ဃန်းကျွန်းမြို့နယ် အတွင်း ဆန္ဒပြပွဲမှာ ဆန္ဒပြ ပြည်သူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖြိုခွင်းချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှေ့ဆက်မတိုးနိုင်အောင် ကားကို ကန့်လန့်ဖြတ်ပိတ်ရပ်ပေးခဲ့တာပါ။

ဒါကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးခြင်းကိုခံလိုက်ရပြီး အင်းစိန်ထောင်မှာ တစ်နှစ်ကျော်ကြာ ချုပ်နှာင်ခံခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက် မနေ့ကတော့ စစ်ကောင်စီက ထောင်ချလိုက်တာလို့သိရပါတယ်။

ကိုကျော်ခိုင်ဝင်းဖမ်းဆီးခံလိုက်ရတာကြောင့် ဇနီးနဲ့ ကလေးနှစ်ဦး စားဝတ်နေရေးခက်ခဲနေတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သရော်စာ

YBS ကားတွေပေါ်မှာ ငွေစုပ်ဖုတ်ကောင်တွေ သောင်းကျန်းနေတယ်။

သတင်း

YBS ယာဉ်စီးခ ဈေးနှုန်းတွေကို ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံမယ့်အစီအစဥ်ကို ဝေဖန်မှုမြင့်တက်ခဲ့တာကြောင့် ပယ်ဖျက်လိုက်တယ်လို့ စစ်တပ် လက်အောက်ခံ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) က ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ကအခြေခံလူတန်းစားတွေ အဓိကအသုံးပြုနေတဲ့ YBS ယာဉ်စီးခတွေကို စက်တင်ဘာလကစတင်ပြီး အရင်‌ဈေးထက် ငါးဆယ်ရာခိုင်နှုန်းဈေးတက်လိုက်တာ​ကြောင့်ပြည်သူ​တွေအတွက် ဝန်ထုပ်ဝန်ပိုး ပိုဖြစ်စေတယ်လို့ ရန်ကုန်မြို့​နေပြည်သူတွေကပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က အစိုးရ အိမ်တော်နားမှာ စုဝေးခဲ့တဲ့ ဆန္ဒပြသူ ၁၀၀ လောက်က နေရာကနေ ဖယ်ရှားပေးဖို့ ဆက်လက် ငြင်းဆိုနေဆဲ ဖြစ်ပါတယ်။