Connect with us

Hi, what are you looking for?

LuduNwayOo

News

ဆန္ဒပြပြည်သူတွေအပေါ် ဖြိုခွင်းမှုကို ကားပိတ်ရပ်ပြီး တားဆီးပေးခဲ့တဲ့ YBS ယာဉ်မောင်း ထောင် ၃ နှစ်ချခံရ

YBS 24 ယာဉ်မောင်း ကိုကျော်ခိုင်ဝင်းဟာ ပြီးခဲ့တဲ့နှစ် မတ်လ ၂၈ ရက်က သင်္ဃန်းကျွန်းမြို့နယ် အတွင်း ဆန္ဒပြပွဲမှာ ဆန္ဒပြ ပြည်သူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖြိုခွင်းချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှေ့ဆက်မတိုးနိုင်အောင် ကားကို ကန့်လန့်ဖြတ်ပိတ်ရပ်ပေးခဲ့တာပါ။

ဓာတ်ပုံ − Social Media

စစ်အာဏာရှင်ပြုတ်ကျရေး ဆန္ဒထုတ်ဖော်တဲ့ ပြည်သူတွေအပေါ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက် ဖြိုခွင်းမှုကို ကားပိတ်ရပ်ကာ တားဆီးပေးခဲ့တဲ့ YBS ယာဉ်မောင်း ကိုကျော်ခိုင်ဝင်းကို မနေ့ကမတ်လ ၃၀ ရက်မှာ ထောင်ဒဏ် ၃ နှစ်ချလိုက်ပါတယ်။

ကိုကျော်ခိုင်ဝင်းကို မတည်မငြိမ်ဖြစ်အောင်လှုံဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ထောင်ချလိုက်တာလို့ နိုင်ငံရေးအကျဉ်းသားများအမှု လိုက်ပါဆောင်ရွက်ပေးနေတဲ့ရှေ့နေအသိုင်းအဝိုင်းတဆင့်သိရပါတယ်။

YBS 24 ယာဉ်မောင်း ကိုကျော်ခိုင်ဝင်းဟာ ပြီးခဲ့တဲ့နှစ် မတ်လ ၂၈ ရက်က သင်္ဃန်းကျွန်းမြို့နယ် အတွင်း ဆန္ဒပြပွဲမှာ ဆန္ဒပြ ပြည်သူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖြိုခွင်းချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှေ့ဆက်မတိုးနိုင်အောင် ကားကို ကန့်လန့်ဖြတ်ပိတ်ရပ်ပေးခဲ့တာပါ။

ဒါကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးခြင်းကိုခံလိုက်ရပြီး အင်းစိန်ထောင်မှာ တစ်နှစ်ကျော်ကြာ ချုပ်နှာင်ခံခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက် မနေ့ကတော့ စစ်ကောင်စီက ထောင်ချလိုက်တာလို့သိရပါတယ်။

ကိုကျော်ခိုင်ဝင်းဖမ်းဆီးခံလိုက်ရတာကြောင့် ဇနီးနဲ့ ကလေးနှစ်ဦး စားဝတ်နေရေးခက်ခဲနေတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီသည် AA အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုများကို ဘူးသီးတောင်နှင့်မောင်တောမြို့နယ်တွင်လည်း အတင်းအကျပ် ဖိအားပေးခိုင်းစေခဲ့သည်ဟု ရိုဟင်ဂျာအရေးဆောင်ရွက်သူများကပြောသည်။

နိုင်ငံတကာ

၂၀၂၂ ခုနှစ်တုန်းက ကောက်ယူတဲ့ စစ်တမ်းတစ်ခုအရ ကင်ညာနိုင်ငံမှာ အမျိုးသမီး သုံးပုံတစ်ပုံဟာ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို အနည်းနဲ့အများ ခံစားဖူးကြောင်း သိရှိရပါတယ်။

နိုင်ငံတကာ

မဏိပူရမှာ အင်ဖာလ်နဲ့ တချို့နေရာတွေမှာ နေဝင်မီးငြိမ်း ညမထွက်ရ အမိန့်ကို အကန့်အသတ်မရှိ ထုတ်ပြန်ထားပြီး မိုဘိုင်းအင်တာနက် ကွန်ရက်တွေကိုလည်း မြန်နှုန်းလျှော့ချထားတာ တစ်ပတ်နီးပါး ရှိလာပါပြီ။

သတင်း

မေလ ၂၃ ရက်ညက ဗျူဟာသည် လျှပ်စစ်မီးမမှန်သည့်အပေါ် Live လွှင့်၍ ‌ဝေဖန်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီခေါင်းဆောင်နှင့် လျှပ်စစ်ဝန်ကြီးကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်ဟုဆိုကာ မေလ ၂၅ရက်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။