Connect with us

Hi, what are you looking for?

News

စစ်မက်များအောင်မြင်ပြီးမြောက်ပါစေဟု ကရင်နီအမျိုးသားနှစ်သစ်ကူးနေ့သို့ NUG သဝဏ်လွှာပေးပို့ဆုတောင်း

စစ်ကောင်စီတပ်များကို ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ကရင်နီဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များနှင့် အခြားတော်လှန်ရေးအင်အားစုများ ပူးပေါင်းကာ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်လျက်ရှိသည်။

(ယနေ့ ကျရောက်သည့် (၂၇၆၁) နှစ်ပြည့် ကရင်နီအမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားကို ထိုင်း-ကရင်နီနယ်စပ်တစ်နေရာတွင် အကျဥ်းချုပ် ကျင်းပ​နေစဥ် ။ ဓာတ်ပုံ - KnlC)

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ကရင်နီအမျိုးသားနှစ်သစ်ကူးနေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင် စစ်မက်များ အောင်မြင်ပြီးမြောက်ကာ ဘေးလွတ်လုံခြုံမှုများ လျင်မြန်စွာရရှိနိုင်ပါစေဟု ဖော်ပြခဲ့သည်။

ယနေ့ကျရောက်သည့် (၂၇၆၁)ခုနှစ်မြောက် ကရင်နီအမျိုးသားနှစ်သစ်ကူးနေ့တွင် ကရင်နီလူမျိုးများအပါ အဝင် ပြည်ထောင်စုမြန်မာနိုင်ငံသူနိုင်ငံသားအပေါင်း ကိုယ်စိတ်နှစ်ဖြာကျန်းမာလုံခြုံကြပါစေကြောင်း၊ နှစ်သစ်ကူး နေ့သည် နှစ်ဟောင်းကာလ၏ အဆိုးအညံ့များကုန်ဆုံး၍ နှစ်သစ်အတွက် အကောင်းအသစ်များကို ကြိုဆိုကြရသည့်အချိန်ကာလဖြစ်ကြောင်း ဖော်ပြထားသည်။

ယခုအခါ အာဏာသိမ်းစစ်ကောင်စီ၏ လူမဆန်သောလုပ်ရပ်များကြောင့် ကရင်နီပြည်နယ်တစ်ခုလုံး စစ် တလင်းပြင်ကဲ့သို့ဖြစ်နေရပြီး၊ ပြည်နယ်တွင်းရှိ လူဦးရေတစ်သိန်းနီးပါး ပြည်တွင်းနှင့် အိမ်နီးချင်းထိုင်း နိုင်ငံထဲသို့ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရကြောင်း NUGက ဆိုသည်။

ထို့အပြင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ ဝင်များက အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ခရစ်ယာန်ဘုရားကျောင်းများအပါအဝင် ဘာသာ ရေးအဆောက်အဦများနှင့် နေအိမ်များအားမီးရှို့ဖျက်ဆီးခြင်းများကို ပြုလုပ်လျှက်ရှိနေသည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

(ယနေ့ ကျရောက်သည့် (၂၇၆၁) နှစ်ပြည့် ကရင်နီအမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားကို ထိုင်း-ကရင်နီနယ်စပ်တစ်နေရာတွင် အကျဥ်းချုပ် ကျင်းပ​နေစဥ် ။ ဓာတ်ပုံ – KnlC)

အဆိုပါ စစ်ကောင်စီတပ်များကို ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ကရင်နီဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များနှင့် အခြားတော်လှန်ရေးအင်အားစုများ ပူးပေါင်းကာ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်လျက်ရှိသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ဥက္ကဋ္ဌ ခူဦးရယ်ကလည်း ကရင်နီအမျိုးသားနှစ်သစ်ကူးနေ့သို့ သဝဏ်လွှာပေးပို့ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်တွင်း၌ ဘေးဒုက္ခအမျိုးမျိုး ရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်း၊ ကရင်နီအမျိုးသားများ၏ ကိုယ့်ကံကြမ္မာ ကိုယ် ဖန်တီးခွင့်၊ ကရင်နီပြည်တွင်းမှ အကြမ်းဖက်စစ်တပ်ကို အမြန်ဆုံး မောင်းထုတ်နိုင်ရန် အရေးကြီးသည့် ကာလဖြစ်ကြောင်းစသည့်အချက်များ ထည့်သွင်းဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တာဝန်များ ထမ်းဆောင်ရင်း ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသော တော်လှန်ရေးရဲဘော်များအတွက် ပြန်လည်ထူထောင်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးဖြစ်လို့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်တွေ ဆက်သွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

Facebook