Connect with us

Hi, what are you looking for?

News

ဧည့်စာရင်းတိုင်ရာမှာ မိသားစုဝင်ဓာတ်ပုံကိုပါ ရပ်ကွက်ရုံးတွေက တောင်းယူနေ

ဒီလို မိသားစုဓာတ်ပုံတောင်းယူတာဟာ ဧည့်စာရင်းစစ်ရာမှာ နေထိုင်သူတွေနဲ့ တိုက်ဆိုင်စစ်ဆေးဖို့ ဖြစ်တယ်လို့ လည်းသိရပါတယ်။

People's Spring
People's Spring

ဧည့်စာရင်းတိုင်ရာမှာ တိုင်ကြားတဲ့အိမ်မှာနေထိုင်တဲ့မိသားစု ဓာတ်ပုံကိုပါ ရပ်ကွက်ရုံးတွေက တောင်းယူနေတယ်လို့ ဧည့်စာရင်းတိုင်ကြားသူတွေထံက သိရပါတယ်။

အရင်ကတော့ ဧည့်စာရင်းတိုင်ရာမှာ လူစာရင်းပေးရင်ရပေမယ့် ဒီနေ့ဧပြီလ ၁ ရက်ကစပြီး မိသားစု ဓာတ်ပုံကိုပါ တောင်းယူနေကြတာပါ။

မိသားစုဓာတ်ပုံမရှိရင်လည်း နေအိမ်မှာရှိတဲ့ မိသားစုဝင် တစ်ဦးချင်းစီ ရိုက်ထားတဲ့ ပုံတွေကို တောင်းယူတယ်လို့သိရပါတယ်။

ဒီလို မိသားစုဓာတ်ပုံတောင်းယူတာဟာ ဧည့်စာရင်းစစ်ရာမှာ နေထိုင်သူတွေနဲ့ တိုက်ဆိုင်စစ်ဆေးဖို့ ဖြစ်တယ်လို့ လည်းသိရပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဟာ အာဏာသိမ်းပြီးတဲ့နောက် ရက်ပိုင်းအကြာမှာတင် ဧည့်စာရင်းပြန်တိုင်ကြဖို့အတွက် ဥပဒေကို ပြန်အသက်သွင်းခဲ့တာပါ။

ဧည့်စာရင်းတိုင်တာ ၊ညအချိန်မတော် ဧည့်စာရင်း စစ်ဆေးတာတွေဟာ လူ့အခွင့်အရေးနဲ့ကိုက်ညီမှုမရှိတဲ့အတွက် အရပ်သား NLD အစိုးရ လက်ထက် က လွှတ်တော်မှာ ဧည့်စာရင်းမတိုင်ရဖို့အတွက် ပြင်ဆင်ခဲ့တာပါ။

စစ်အုပ်စု ကိုယ်စားလှယ်တွေဟာ လုံခြုံရေးအကြောင်းပြချက်နဲ့ ဧည့်စာရင်းတိုင်ကြားတာကိုမဖျက် ဖို့ လွှတ်တော်မှာ ကန့်ကွက်ဖူးခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးတပ်ဖွဲ့တွေ ဖမ်းမိထားတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်သားနဲ့ မိသားစုဝင်တွေ ထားရှိရာ နေရာတွေကို စစ်တပ်က လေကြောင်း တိုက်ခိုက်မှု ၇ကြိမ် ပြုလုပ်ခဲ့ရာ ထိမ်းသိမ်းခံထားရသူ ၂၀၀ ကျော် သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြောင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ စစ်ရာဇဝတ်မှုနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို စုံစမ်းဖော်ထုတ် မှတ်တမ်းတင်ပေးနေတဲ့ MyanmarWitness...

သတင်း

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်မှာ ဧည့်စာရင်းသွားတိုင်တဲ့ လူငယ် ၁ဦးကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက စစ်မှုထမ်းဖို့ ပေါ်တာဆွဲဖမ်းဆီးလိုက်ကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ သာကေတမြို့နယ်က ရပ်ကွက်အချို့မှာ မတ်လ ၁၃ရက်ညပိုင်းက စစ်တပ်ပူးပေါင်းအဖွဲ့က ဧည့်စာရင်းလိုက်လံစစ်ရာ ဧည့်စာရင်းမတိုင်လို့ဆိုပြီး လူငယ်အချို့ ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ ဧည့်စာရင်းနဲ့ ဒစ်ဂျစ်တယ်​စောင့်ကြည့်​ရေးစနစ်ဖြစ်တဲ့ PSMS နည်းပညာနဲ့တိုက်စစ်တာကြောင့် အရင်ကစစ်အာဏာရှင်ဆန့်ကျင်‌​ရေးဆန္ဒပြပွဲ​တွေမှာပါဝင်ခဲ့တဲ့ အမျိုးသမီးငယ်တဦးဖမ်းဆီးခံခဲ့ရတယ်လို့မြို့ခံတချို့က​ပြောပါတယ်။