Connect with us

Hi, what are you looking for?

LuduNwayOo

News

ဧည့်စာရင်းတိုင်ရာမှာ မိသားစုဝင်ဓာတ်ပုံကိုပါ ရပ်ကွက်ရုံးတွေက တောင်းယူနေ

ဒီလို မိသားစုဓာတ်ပုံတောင်းယူတာဟာ ဧည့်စာရင်းစစ်ရာမှာ နေထိုင်သူတွေနဲ့ တိုက်ဆိုင်စစ်ဆေးဖို့ ဖြစ်တယ်လို့ လည်းသိရပါတယ်။

People's Spring
People's Spring

ဧည့်စာရင်းတိုင်ရာမှာ တိုင်ကြားတဲ့အိမ်မှာနေထိုင်တဲ့မိသားစု ဓာတ်ပုံကိုပါ ရပ်ကွက်ရုံးတွေက တောင်းယူနေတယ်လို့ ဧည့်စာရင်းတိုင်ကြားသူတွေထံက သိရပါတယ်။

အရင်ကတော့ ဧည့်စာရင်းတိုင်ရာမှာ လူစာရင်းပေးရင်ရပေမယ့် ဒီနေ့ဧပြီလ ၁ ရက်ကစပြီး မိသားစု ဓာတ်ပုံကိုပါ တောင်းယူနေကြတာပါ။

မိသားစုဓာတ်ပုံမရှိရင်လည်း နေအိမ်မှာရှိတဲ့ မိသားစုဝင် တစ်ဦးချင်းစီ ရိုက်ထားတဲ့ ပုံတွေကို တောင်းယူတယ်လို့သိရပါတယ်။

ဒီလို မိသားစုဓာတ်ပုံတောင်းယူတာဟာ ဧည့်စာရင်းစစ်ရာမှာ နေထိုင်သူတွေနဲ့ တိုက်ဆိုင်စစ်ဆေးဖို့ ဖြစ်တယ်လို့ လည်းသိရပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းပြီးတဲ့နောက် ရက်ပိုင်းအကြာမှာတင် ဧည့်စာရင်းပြန်တိုင်ကြဖို့အတွက် ဥပဒေကို ပြန်အသက်သွင်းခဲ့တာပါ။

Public Service Announcement

Public Service Announcement

ဧည့်စာရင်းတိုင်တာ ၊ညအချိန်မတော် ဧည့်စာရင်း စစ်ဆေးတာတွေဟာ လူ့အခွင့်အရေးနဲ့ကိုက်ညီမှုမရှိတဲ့အတွက် အရပ်သား NLD အစိုးရ လက်ထက် က လွှတ်တော်မှာ ဧည့်စာရင်းမတိုင်ရဖို့အတွက် ပြင်ဆင်ခဲ့တာပါ။

စစ်အုပ်စု ကိုယ်စားလှယ်တွေဟာ လုံခြုံရေးအကြောင်းပြချက်နဲ့ ဧည့်စာရင်းတိုင်ကြားတာကိုမဖျက် ဖို့ လွှတ်တော်မှာ ကန့်ကွက်ဖူးခဲ့ကြပါတယ်။