Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မှာ ဧည့်စာရင်းမတိုင်လို့ဆိုပြီး လူငယ်အချို့ ဖမ်းဆီးခံရ

ရန်ကုန်မြို့ သာကေတမြို့နယ်က ရပ်ကွက်အချို့မှာ မတ်လ ၁၃ရက်ညပိုင်းက စစ်တပ်ပူးပေါင်းအဖွဲ့က ဧည့်စာရင်းလိုက်လံစစ်ရာ ဧည့်စာရင်းမတိုင်လို့ဆိုပြီး လူငယ်အချို့ ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ်-၁၄၊၂၀၂၆။တာရာ/People’s Spring

ရန်ကုန်မြို့ သာကေတမြို့နယ်က ရပ်ကွက်အချို့မှာ မတ်လ ၁၃ရက်ညပိုင်းက စစ်တပ်ပူးပေါင်းအဖွဲ့က ဧည့်စာရင်းလိုက်လံစစ်ရာ ဧည့်စာရင်းမတိုင်လို့ဆိုပြီး လူငယ်အချို့ ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရန်ကုန်မြို့မှာ စစ်ကောင်စီပူးပေါင်းအဖွဲ့တွေက စီမံချက်ဟုဆိုကာ မကြာခဏရှောင်တခင်ဧည့်စာ

ရင်းဝင်စစ်လေ့ရှိတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

” ဧည့်စာရင်းမတိုင်လို့ဆိုပြီး ရပ်ကွက်ထဲကကလေးတွေကို ခေါ်သွားတယ်။ များသောအားဖြင့် အလုပ်သမားတွေများတယ်။ လူငယ်တွေက စုပြီးတိုက်ခန်းငှားနေကြတာလေ။ တစ်ခါတစ်လေအလုပ်များပြီးမတိုင်ဖြစ်တာနဲ့ စစ်တဲ့အချိန်တိုးတော့ပါကုန်ကြရော”လို့ သာကေတမှာနေထိုင်သူတစ်ဦးကပြောပါတယ်။

ဖမ်းဆီးခေါ်ဆောင်ခံရတယ့် လူငယ် ၃၀ထက် မနည်းရှိပြီး တစ်ဦးကို ကျပ်သုံးသိန်းနဲ့ စစ်တပ်ကပြန်ရွေးခိုင်းတယ်လို့ ဖမ်းဆီးခံရသူတစ်ဦးကပြောပါတယ်။

သုံးသိန်းနဲ့မရွေးနိုင်ပါက စစ်မှုထမ်းထဲထည့်ပစ်မယ်လို့ ခြိမ်းခြောက်တယ်လို့ သိရပါတယ်။

” နေ့လည်ကမှ အိမ်က သုံးသိန်းနဲ့လာထုတ်သွားတာ။ သူများဆီကချေး‌ငှားရတာပေါ့။ ကိုယ်ကသူငယ်ချင်းတွေနဲ့စုနေတာ။ မိန်းကလေးတွေလည်းပါတယ်။ သုံးသိန်းပေးနိုင်ရင်လူပြန်ခေါ် မပေးနိုင်ရင် စစ်မှုထမ်းဆိုပြီး အဲဒီလိုတွေအောါငေါက်ပြီး လာပြောတယ်။ ဒီရက်ပိုင်းက ခဏခဏစစ်တယ်”လို့ ဖမ်းခံရတဲ့အမျိုးသမီးတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာ စစ်မှုထမ်း အပတ်စဥ်(၂၂)ကို စတင်နေပြီဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြိုနယ်နှစ်ခုမှာ ဒီရက်ပိုင်းအတွင်း ယာဉ်တိုက်မှုကြောင့် အမျိုးသမီး ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ အခုရက်ပိုင်းကြုံတွေ့နေရတဲ့ လေပြင်းဘေးကြောင့် စပါးခင်းအများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့လယ်ခေါင်ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ဒီကနေ့ (စက်တင်ဘာ ၁၉)ညမှာအမျိုးသားတစ်ဦး မူးယစ်ဆေးသုံးစွဲပြီး ကားကိုမောင်းနှင်တာမှာ လမ်း​ပေါ်ရှိတဲ့ ကား​တွေကို လိုက်လံတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ဒေသခံပြည်သူတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။