Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးတပ်တွေဖမ်းမိထားတဲ့ စစ်သားနဲ့ မိသားစုဝင်တွေရှိရာ စစ်တပ်လေကြောင်း တိုက်ခိုက်မှု ၇ကြိမ်ရှိ၊ သုံ့ပန်း ၂၀၀ ကျော် သေဆုံးထိခိုက်

တော်လှန်ရေးတပ်ဖွဲ့တွေ ဖမ်းမိထားတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်သားနဲ့ မိသားစုဝင်တွေ ထားရှိရာ နေရာတွေကို စစ်တပ်က လေကြောင်း တိုက်ခိုက်မှု ၇ကြိမ် ပြုလုပ်ခဲ့ရာ ထိမ်းသိမ်းခံထားရသူ ၂၀၀ ကျော် သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြောင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ စစ်ရာဇဝတ်မှုနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို စုံစမ်းဖော်ထုတ် မှတ်တမ်းတင်ပေးနေတဲ့ MyanmarWitness က ဒီကနေ့ ထုတ်ပြန်ပါတယ်။

(မြောက်ဦးမြို့နယ်၊ ရမ်းချောင်းအနီးတဝိုက်ရှိ စစ်သုံ့ပန်းမိသားစုဝင်များထားရှိသည့်နေရာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများ၏ မိသားစုဝင်များက ရုပ်အလောင်းများအားကြည့်၍ ငိုကြွေးနေစဉ်။ ဓာတ်ပုံ − AA)

ဇွန် ၂၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

တော်လှန်ရေးတပ်ဖွဲ့တွေ ဖမ်းမိထားတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်သားနဲ့ မိသားစုဝင်တွေ ထားရှိရာ နေရာတွေကို စစ်တပ်က လေကြောင်း တိုက်ခိုက်မှု ၇ကြိမ် ပြုလုပ်ခဲ့ရာ ထိမ်းသိမ်းခံထားရသူ ၂၀၀ ကျော် သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြောင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ စစ်ရာဇဝတ်မှုနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို စုံစမ်းဖော်ထုတ် မှတ်တမ်းတင်ပေးနေတဲ့ MyanmarWitness က ဒီကနေ့ ထုတ်ပြန်ပါတယ်။

၂၀၂၄ အောက်တိုဘာကနေ ၂၀၂၆ မတ်လအတွင်း စစ်တပ်က တပ်ဖွဲ့ဝင် မိသားစုဝင်တွေ စစ်သုံ့ပန်း ဖြစ်နေချိန် အဲဒီ စစ်သုံ့ပန်းထားရှိရာ နေရာတွေကို လေကြောင်းကနေ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာတွေကို စုစည်းဖော်ပြ အသိပေးခဲ့တာလည်းဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးမှုတွေအရ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်တို့ရှိ ဖမ်းဆီးထားတဲ့ မြန်မာစစ်သားနဲ့ သူတို့မိသားစုဝင်တွေ ထိန်းသိမ်းရာ နေရာတွေကို စစ်ကောင်စီ လေတပ်က တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“အနီးစပ်ဆုံးတိုက်ခိုက်မှုတစ်ခုမှာ ၂၀၂၆ ခုနှစ် မတ်လ ၈ ရက်နေ့က ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့ပါတယ်။ ဒေသတွင်းထွက်ပေါ်လာသည့် UGC နှင့် ဂြိုဟ်တုဓာတ်ပုံများကိုသုံး၍ Myanmar Witness က အတည်ပြုခဲ့ရာ အဆိုပါနေရာတွင် သံတိုင်အကျဉ်းခန်းများနှင့် သံခြေချင်းခတ်ခံထားရသည့် ထိန်းသိမ်းခံများကို တွေ့ရှိခဲ့ရပါတယ်” လို့ Myanmar Witnessက ဖော်ပြပါတယ်။

တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ပစ်မှတ်ထားတိုက်ခိုက်ခြင်းလည်း စစ်တပ်က လုပ်ဆောင်နိုင်ကြောင်းလည်း အသိပေးထားပါတယ်။

မတ်လ ၈ ရက်မှာ စစ်တပ်ဟာ အမ်းမြို့နယ် ဒါးလက်ချောင်းဒေသက အာရက္ခတပ်တော်(AA)ရဲ့ အကျဉ်းစခန်းနေရာကို လေကြောင်းတိုက်ခိုက်ခဲ့ရာ AAက ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း ၁၀၀ ကျော်သေဆုံးခဲ့ပြီး ၃၀ ကျော်ဒဏ်ရာရခဲ့ပါတယ်။

“သုံးနာရီခွဲနီးပါးအကြာ လေကြောင်းကနေ အငြှိုးတကြီးနဲ့ ကိုယ့်လူကိုယ် ဗုံးကြဲသတ်ဖြတ်ခဲ့တာကြောင့် (ကနဦးစာရင်းအရ) စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံးခဲ့ရပြီး ၃၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း AAက ထုတ်ပြန်ထားပါတ်ယ။

အဲဒီလို တိုက်ခိုက်မှု ဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့် စစ်ခေါင်းဆောင်တွေဟာ သူတို့အတွက် အသေခံပြီး မတိုက်သူတွေကို အပြတ်ရှင်းပစ်ခြင်းနည်းလမ်းနဲ့ (မနိုင်လို့) လက်နက်ချသူအောက်ခြေစစ်သည်တွေကို တိုက်ရိုက်ခြိမ်းခြောက်လိုက်တာလို့ ဆိုနိုင်ပါတယ်လို့ ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် တဖက်မှာလည်း စစ်တပ်ရဲ့ စစ်ရာဇဝတ်မှု၊ လူမျိုးတုံး သတ်ဖြတ်မှုတွေအတွက် လူသက်သေတွေကို တမင်တကာ လက်စတုံး ဖျောက်ဖျက်ပစ်နေတာဖြစ်တယ်လို့ ယူဆနိုင်ကြောင်းလည်း ပြည်သူ့ပန်းတိုင်က ဆိုပါတယ်။

AAက ဖမ်းမိထားတဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းဟာလည်း စစ်တပ်က အကျဉ်းစခန်းကို လေကြောင်း လာတိုက်တဲ့အချိန် ကိုယ်တိုင် ကြုံတွေ့ခဲ့ရာတာတွေကို အခုလို ထုတ်ဖော်ပြောဆိုထားပြီး ဒါဟာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်တယ်လို့ မှတ်ချက်ပြုထားပါတယ်။ စစ်တပ်ဟာ လေကြောင်းမတိုက်ခိုက်မီ မတ်လ ၆ရက်မှာ လေကြောင်း ကင်းထောက်ခဲ့ပြီး ထောင်ဆိုတာ သိသာတဲ့နေရာလို့ ပြောပါတယ်။

” လေကြောင်းလည်း ကင်းထောက်ထားတယ်ဆိုတော့ မသိစရာတော့ မရှိဘူး လို့ ကျနော်ထင်တယ်။ သိသိကြီးနဲ့ ကြဲပစ်လိုက်တဲ့သဘော ပဲပေါ့။ ရက်စက်တဲ့ သဘောဖြစ်သွားတာပေါ့” လို့ ဗိုလ်မှူးချုပ် သောင်းထွန်းက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ စစ်ကိုင်းတိုင်း ရေဦးမြို့နယ်က တော်လှန်ရေးတပ်တွေရဲ့ အကျဉ်းစခန်းကို ၂၀၂၅ ဒီဇင်ဘာက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အကျဉ်းသားအချို့နဲ့ CDM ဝန်ထမ်းအချို့ သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့နယ်က အကျဉ်းစခန်းကို စစ်တပ်က ၂၀၂၅ ဇန်နဝါရီမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ စစ်သုံ့ပန်းအချို့သေဆုံးခဲ့ပါတယ်။ ၂၀၂၄ စက်တင်ဘာကလည်း ရက္ခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ စစ်သုံ့ပန်းများထားရှိသည့်အကျဥ်းစခန်းကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အကျဉ်းသားတွေ သေဆုံးထိခိုက်များခဲ့ပါတယ်။ စက်တင်ဘာ ၉ ရက်ညတွင် တိုက်လေယာဉ် ၂စီးဖြင့် နခခ-၂ ကို လာရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်းများနဲ့ တခြားအကျဉ်းသားများအား ခေတ္တထိန်းသိမ်းထားတဲ့နေရာ ကို ထိမှန်ပြီး အကျဉ်းသား ၅၀ ကျော်သေဆုံးခဲ့ဟု AAက အသိပေးထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေကို သတင်းပေးတွေကတဆင့် သတင်းရယူရာမှာ အကျဉ်းသားတွေထားရှိရာ နေရာ၊ ကျန်းမာရေးဆိုင်ရာ အဆောက်အဦးတွေကို အဓိက ပစ်မှတ်ထား ပြီး အဲဒီနေရာတွေကို လေကြောင်းဗုံးကြဲတာတွေလုပ်ဆောင်လေ့ရှိကြောင်း တော်လှန်ရေးတပ်တွေဖမ်းမိထားတဲ့ စစ်တပ် သတင်းပေးတစ်ဦးက ထွက်ဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဝမ်ပေါင်ကြေးနီစီမံကိန်းကနေ ကြေးနီတွေတင်လာပြီးနောက် ချင်းတွင်းမြစ်အတွင်း ရေကြောင်းမှားလို့ သော​င်တင်နေတဲ့ ရေယာဥ်တွေကို ဒေသတွေတော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ကြပါတယ်။

သတင်း

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သတင်း

စစ်တပ်က စစ်ဖက်ဆိုင်ရာအဖြစ် အသုံးပြုနေတဲ့ ရှေးဟောင်းမြို့တော်ပုဂံ၊ညောင်ဦးမြို့က လေဆိပ်ကို ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ထုတ်ထားပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်မြို့တော်ဟားခါးမှာအာဏာသိမ်းစစ်တပ်ရဲ့တပ်သားတစ်ဦး သေနတ်တစ်လက်နဲ့ ခဲယမ်းအချို့ယူလာပြီး ချင်းဒေသကာကွယ်ရေးအဖွဲ့ (ဟားခါး )ထံပြီးခဲ့တဲ့ရက်ပိုင်း(ဇူလိုင်လ ၂၇ ရက်)မှာခိုလှုံလာတယ်လို့ CDF ဟားခါးထောက်ပို့အဖွဲ့က ထုတ်ပြန်ပါတယ်။