Connect with us

Hi, what are you looking for?

News

ခရီးသွားလုပ်ငန်း ပြန်ဖွင့်ပေမယ့် မြန်မာကို လည်ပတ်တာရှောင်ကြဖို့ တိုက်တွန်း၊
ရှုမျှော်ခင်းကြည့်ရမယ့်အချိန်မဟုတ်ကြောင်း NUG ဆို

စစ်ကောင်စီဟာ လာမယ့်နှစ်ဆန်းတစ်ရက်နေ့ ( ဧပြီလ ၁၇ ရက် ) နေ့ကစတင်ပြီး နိုင်ငံတကာလေကြောင်းလိုင်းတွေကို ပြန်လည်ပြေးဆွဲခွင့်ပြုမှာပါ။

ဓာတ်ပုံ − ရိုက်တာ

နိုင်ငံတကာလေကြောင်းလိုင်းတွေကို ပြန်လည်ပြေးဆွဲခွင့်ပြုတာနဲ့ ပြည်တွင်းကိုဝင်ရောက်လာသူတွေ ကွာရင်းတင်းဝင်ရမယ့် ရက်ကို လျော့ချလိုက်ပေမယ့် ကမ္ဘာ့လှည့်ခရီးသည်တွေအနေနဲ့ မြန်မာနိုင်ငံကိုရှောင်ကြဖို့ တိုက်တွန်းနေကြပါတယ်။

စစ်ကောင်စီဟာ လာမယ့်နှစ်ဆန်းတစ်ရက်နေ့ ( ဧပြီလ ၁၇ ရက် ) နေ့ကစတင်ပြီး နိုင်ငံတကာလေကြောင်းလိုင်းတွေကို ပြန်လည်ပြေးဆွဲခွင့်ပြုမှာပါ။

ဒါအပြင် ဧပြီလ ၁၇ ရက်ကစပြီး ပြည်တွင်းကိုဝင်လာမယ့်သူတွေကိုလည်း ကွာရင်းတင်းတစ်ရက်သာဝင်ရမယ်လို့လျော့ချလိုက်ပါသေးတယ်။

ဒီလိုဖြေလျော့တာတွေလုပ်ပေမယ့် မြန်မာနိုင်ငံကို ခရီးသွားတာရှောင်ကြဖို့ ခရီးသွားအေဂျင်စီတွေ ၊ လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့တွေက တိုက်တွန်းထားကြတာပါ။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံကိုလာရောက်မယ့်ခရီးသွားတွေရဲ့ အမေရိကန်ဒေါ်လာဟာ စစ်ကောင်စီအတွက်သာအကျိုးရှိသွားလိမ့်မယ်လို့ အသိပေးထားကြပါတယ်။

စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ၊ စစ်ကောင်စီရဲ့ အကြမ်းဖက် ပြန်ပေးဆွဲမှုတွေနဲ့ သတ်ဖြတ်မှုတွေ ဖြစ်ပွားနေတာ ၊ စားနပ်ရိက္ခာ မလုံလောက်မှုနဲ့အတူ လျှပ်စစ်မီးပြတ်တောက်မှုတွေ မြန်မာနိုင်ငံမှာဖြစ်ပျက်နေတာကို ကမ္ဘာ့လှည့်ခရီးသွားတွေထံအသိပေးကြပါသေးတယ်။

” မြန်မာနိုင်ငံ ကို ခရီးထွက်ဖို့ ဘယ်သူ့ကိုမှ ကျွန်တော်အကြံပြုမှာမဟုတ်ပါဘူး” လို့ Burma Humanitarian Mission ဥက္ကဋ္ဌ ဖြစ်သလို Backpack Medics ပရဟိတလုပ်ငန်းရဲ့တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ မိုက်ကယ် အစ်ရှာဝုဒ်က ပြောပါတယ်။

ခရီးသွားလုပ်ငန်းတွေ မြန်မာမှာပြန်ဖွင့်တာဟာ လူထုကိုဖိနှိပ်နေတဲ့ စစ်ကောင်စီပဲအကျိုးရှိလိမ့်မယ့် လို့လည်း သူကထပ်လောင်းပြောပါသေးတယ်။

အမျိုးသားညီညွှတ်ရေးအစိုးရ ((NUG ) ရဲ့ ဘဏ္ဍာရေးနဲ့ရင်းနှီးမြှပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်ကလည်း ဒီအချိန်ဟာ” မြန်မာပြည်မှာ ရှုခင်းကြည့်ရမယ့်အချိန် ” မရောက်သေးတဲ့အကြောင်း စင်ကာပူအခြေစိုက် The Straits Times သတင်းစာကိုပြောထားပါတယ်။

ဒါအပြင် မြန်မာ ကိုလာရောက်လည်ပတ်တာရှောင်ကြဉ်ကြဖို့လည်း ဝန်ကြီးက တိုက်တွန်းထားပါတယ်။

ကိုးကား−The Guardian

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က ခရစ်ယာန်ဓမ္မဆရာ ၃ ဦးဆီကနေ ထိမ်းမြားလက်ထပ်ပေးပိုင်ခွင့် လိုင်စင်တွေကိုပယ်ဖျက်ခဲ့တဲ့နောက် မြန်မာကို ‘ဘာသာရေး လွတ်လပ်ခွင့် အထူးစိုးရိမ်ရတဲ့ နိုင်ငံများ စာရင်း’မှာ ဆက်လက် ထည့်သွင်းပေးဖို့ အမေရိကန် အစိုးရကို Burma Research Institue (BRI)က တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တာဝန်များ ထမ်းဆောင်ရင်း ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသော တော်လှန်ရေးရဲဘော်များအတွက် ပြန်လည်ထူထောင်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးဖြစ်လို့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်တွေ ဆက်သွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အာဆီယံဒေသတွင်းနိုင်ငံတွေထဲ မြန်မာနိုင်ငံရဲ့ ငွေကြေး ဖောင်းပွမှုအမြင့်ဆုံး(ငွေစက္ကူတန်ဖိုးလျော့ကျတာ)ဖြစ်နေပြီး စီးပွားရေးကျဆင်းမယ့် အခြေအနေတွေရှိတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် (Asian Develo pment Bank - ADB)ကထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

Facebook