Connect with us

Hi, what are you looking for?

News

တန့်ဆည်သူရဲကောင်းများ သွေးမြေကျခဲ့ခြင်း နှစ်ပတ်လည်တွင် စစ်​ကောင်စီပစ်မှတ်များကို တိုက်ခိုက်

အကြမ်းဖက်စစ်ကောင်စီအား ပြည်သူများက လက်နက်စွဲကိုင်တော်လှန်ရာတွင် စစ်ကိုင်းတိုင်းသည် အထင်ရှားဆုံး​ဒေသများထဲမှ တစ်ခုဖြစ်သည်။

(တန်ဆည်မြို့မှ ၂၀၂၁ တွင်ပြုလုပ်ခဲ့​သောစစ်အာဏာရှင်ဆန်ကျင်​​ရေး ဆန္ဒပြပွဲ ။ ။ဓါတ်ပုံ-CJ)

စစ်အာဏာရှင်အား လက်နက်ကိုင်တော်လှန်ရေးတွင်တန့်ဆည်မြို့၏ သမိုင်းဝင်နေ့အဖြစ် မြို့ခံများက သတ်မှတ်ထားသည့် နှစ်ပတ်လည်နေ့၌ စစ်ကောင်စီပစ်မှတ်များကို မိုင်းခွဲတိုက်ခိုက်တုန့်ပြန်ခဲ့ကြသည်။

၂၀၂၁ခုနှစ် ဧပြီ ၇ ရက်တွင် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေ​သောတန့်ဆည်မြို့ စစ်ကောင်စီက အင်အားသုံး အကြမ်းဖက်ပစ်​ခတ် သတ်ဖြတ်ခဲ့သဖြင့် ပြည်သူ ၁၂ ဦးကျဆုံးခဲ့သည်။ထို​ကြောင့် စစ်အာဏာရှင်တော်လှန်ရေးတွင် ဧပြီ ၇ ရက်အထိ့သမိုင်းဝင်နေ့အဖြစ် မြို့ခံများက သတ်မှတ်ထားခြင်းဖြစ်သည်။

ထိုနေ့ကစစ်ကိုင်းတိုင်း၏ အကြီးမားဆုံးလူထုသပိတ်ဟု လူသိများသည့် ငြိမ်းချမ်းစွာအာဏာဖီဆန်ရေး တစ်မြို့နယ်လုံးနီးပါး ပါဝင်​သောလူထုသပိတ်အား အကြမ်းဖက်စစ်ကောင်စီက အင်အားသုံးဖြိုခွင်းရန် တန့်ဆည်မြို့သို့ ချီတက်လာခဲ့သည်။ ဒေသခံပြည်သူများက သပိတ်စစ်ကြောင်းရှိရာ မြို့ထဲသို့ အဝင်မခံပဲ ရရာလက်နက်ဖြင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ရာ မြို့ခံ(၁၂) ဦး ကျဆုံးခဲ့သည်။

Public Service Announcement

ထိုတိုက်ပွဲသည် နွေဦးတော်လှန်ရေးတွင်တန့်ဆည်မြို့နယ်၏ ပထမဦးဆုံး တိုက်ပွဲဖြစ်သလို ရွှေဘိုခရိုင်၏ ပထမဦးဆုံးသော လူထုတိုက်ပွဲအဖြစ်လည်း မှတ်တမ်းကျန်ရစ်ခဲ့သည်။

Public Service Announcement

Public Service Announcement

တန့်ဆည်မြို့၏ ရဲရဲတောက်သတ္တိသွေး စတင်မြေခခဲ့သည့် ထိုနေ့သည် သမိုင်းဝင်နေ့အဖြစ် သတ်မှတ်ထားပြီး စစ်အာဏာရှင်ပြုတ်ကျသည်အထိ တိုက်ထုတ်သွားမည်ဟု မြို့ခံပြည်သူ့ကာကွယ်ရေးအဖွဲ့များကပြောသည်။

ယမန်နေ့(၂၀၂၂)ဧပြီ ၇ရက်က (၁)နှစ်ပြည့်ခဲ့ပြီးဖြစ်သည့် ယင်းဖြစ်ရပ်အတွက် လက်စားချေသည့်အနေဖြင့် စစ်ကောင်စီပစ်မှတ်နေရာများကို မိုင်းခွဲတိုက်ခိုက်ပြီး ကျဆုံးခဲ့သူများကို ဂုဏ်ပြုခဲ့သည်ဟု တန်ဆည်ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတင်းထုတ်ပြန်ထားသည်။ စစ်ကောင်စီဘက်က ထိခိုက်မှုကို မသိရသေးဟုဆိုသည်။

“တန့်ဆည်သားတွေရဲ့ သတ္တိကို စစ်ခွေးများသိသွားတဲ့နေ့” ” မှတ်မိသေးတယ်။ စစ်ပရိယာယ်မရှိ။ လက်နက်မရှိ ဘဲနဲ့ အသက်ရင်းပြီး တိုက်ပွဲစဖြစ်တဲ့နေ့။ အဲ့ဒီနေ့ သေတောင်မမေ့ဘူး” ဟု တန့်ဆည်မြို့ခံအချို့က လူမှုကွန်ရက်တွင် ရေးသားထားသည်။

အကြမ်းဖက်စစ်ကောင်စီအား ပြည်သူများက လက်နက်စွဲကိုင်တော်လှန်ရာတွင် စစ်ကိုင်းတိုင်းသည် အထင်ရှားဆုံး​ဒေသများထဲမှ တစ်ခုဖြစ်သည်။

မပြီးသေးသော နွေဦးတော်လှန်ရေးအား အားမန်အပြည့်ဖြင့် တာဝန်ထမ်းဆောင်ရင်းနိုင်ရာတာဝန်ယူကာဆက်လက်ချီတက်ကြစို့ဟူ၍လည်း ပြည်သူကာကွယ်ရေးအဖွဲ့များက တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။