Connect with us

Hi, what are you looking for?

News

အင်ဂျင်နီယာကောင်စီနှင့် အသင်းချုပ်တို့၏ လက်ရှိသက်တမ်းများ ရပ်ဆိုင်း ကြောင်း NUG ကြေညာ

အဆိုပါ အင်ဂျင်နီယာကောင်စီ နှင့် အသင်းချုပ်တို့သည် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို အန္တရာယ်ပြုဖျက်ဆီးနေသော အာဏာသိမ်းစစ်ကောင်စီနှင့် ပူးပေါင်း၍ ဆောင်ရွက်နေကြောင်း NUG က ထုတ်ပြန်သည်။

မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် အင်ဂျင်နီယာအသင်းချုပ်တို့၏ လက်ရှိ သက်တမ်းများ ရပ်ဆိုင်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့ ထုတ်ပြန်ကြေညာသည်။

အထက်ပါ အင်ဂျင်နီယာကောင်စီနှင့် အသင်းချုပ်တို့မှ နာယကများ၊ ကောင်စီဝင်များ၊ ဗဟိုကော်မတီဝင်များ၊ သက်ဆိုင်ရာ ဆက်စပ်ကော်မတီ ဝင်များအားလုံး၏ လက်ရှိသက်တမ်းကို ဖျက်သိမ်းပြီး တာဝန်မှ ရပ်ဆိုင်း ကြောင်းနှင့် ယင်းရပ်ဆိုင်းခံရသူ အားလုံး၏ လုပ်ငန်းဆောင်ရွက်မှုများအား လုံးကို တရားဝင်မှု မရှိကြောင်း သတ်မှတ်လိုက်သည်ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက ကြေညာသည်။

အဆိုပါ အင်ဂျင်နီယာကောင်စီ နှင့် အသင်းချုပ်တို့သည် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို အန္တရာယ်ပြုဖျက်ဆီးနေသော အာဏာသိမ်းစစ်ကောင်စီနှင့် ပူးပေါင်း၍ ဆောင်ရွက်နေကြောင်း NUG က ထုတ်ပြန်သည်။

ထို့အပြင်နွေဦးတော်လှန်ရေးကာလအတွင်း အင်ဂျင်နီယာကောင်စီသည် လိုင်စင်ကြေးများ ကို အဓမ္မကောက်ခံပြီး ယင်းငွေကြေးများအား ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ ပေးအပ်၍ အာဏာသိမ်း စစ်ကောင်စီ၏ လုပ်ငန်းများတွင် တတပ်တအားပါဝင်ဆောင်ရွက်ပေးနေသည်ကို အထောက်အထား ခိုင်လုံစွာဖြင့် သိရှိရသည်ဟုလည်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ယင်းအင်ဂျင်နီယာကောင်စီနှင့် အသင်းချုပ်တို့၏ သက်တမ်းအသစ် ဖွဲ့စည်းခြင်းများအားလုံးကို NUG သမ္မတရုံးမှ နောက်ထပ်အမိန့်တစုံတရာ ထပ်မံထုတ်ပြန်သည့်အထိ ရပ်ဆိုင်းထားရမည်ဟု ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။