Connect with us

Hi, what are you looking for?

LuduNwayOo

News

အင်ဂျင်နီယာကောင်စီနှင့် အသင်းချုပ်တို့၏ လက်ရှိသက်တမ်းများ ရပ်ဆိုင်း ကြောင်း NUG ကြေညာ

အဆိုပါ အင်ဂျင်နီယာကောင်စီ နှင့် အသင်းချုပ်တို့သည် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို အန္တရာယ်ပြုဖျက်ဆီးနေသော အာဏာသိမ်းစစ်ကောင်စီနှင့် ပူးပေါင်း၍ ဆောင်ရွက်နေကြောင်း NUG က ထုတ်ပြန်သည်။

မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် အင်ဂျင်နီယာအသင်းချုပ်တို့၏ လက်ရှိ သက်တမ်းများ ရပ်ဆိုင်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့ ထုတ်ပြန်ကြေညာသည်။

အထက်ပါ အင်ဂျင်နီယာကောင်စီနှင့် အသင်းချုပ်တို့မှ နာယကများ၊ ကောင်စီဝင်များ၊ ဗဟိုကော်မတီဝင်များ၊ သက်ဆိုင်ရာ ဆက်စပ်ကော်မတီ ဝင်များအားလုံး၏ လက်ရှိသက်တမ်းကို ဖျက်သိမ်းပြီး တာဝန်မှ ရပ်ဆိုင်း ကြောင်းနှင့် ယင်းရပ်ဆိုင်းခံရသူ အားလုံး၏ လုပ်ငန်းဆောင်ရွက်မှုများအား လုံးကို တရားဝင်မှု မရှိကြောင်း သတ်မှတ်လိုက်သည်ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက ကြေညာသည်။

အဆိုပါ အင်ဂျင်နီယာကောင်စီ နှင့် အသင်းချုပ်တို့သည် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို အန္တရာယ်ပြုဖျက်ဆီးနေသော အာဏာသိမ်းစစ်ကောင်စီနှင့် ပူးပေါင်း၍ ဆောင်ရွက်နေကြောင်း NUG က ထုတ်ပြန်သည်။

ထို့အပြင်နွေဦးတော်လှန်ရေးကာလအတွင်း အင်ဂျင်နီယာကောင်စီသည် လိုင်စင်ကြေးများ ကို အဓမ္မကောက်ခံပြီး ယင်းငွေကြေးများအား ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ ပေးအပ်၍ အာဏာသိမ်း စစ်ကောင်စီ၏ လုပ်ငန်းများတွင် တတပ်တအားပါဝင်ဆောင်ရွက်ပေးနေသည်ကို အထောက်အထား ခိုင်လုံစွာဖြင့် သိရှိရသည်ဟုလည်း ဖော်ပြသည်။

ယင်းအင်ဂျင်နီယာကောင်စီနှင့် အသင်းချုပ်တို့၏ သက်တမ်းအသစ် ဖွဲ့စည်းခြင်းများအားလုံးကို NUG သမ္မတရုံးမှ နောက်ထပ်အမိန့်တစုံတရာ ထပ်မံထုတ်ပြန်သည့်အထိ ရပ်ဆိုင်းထားရမည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement