▪️မြန်မာလူငယ်များဖွံ့ဖြိုးရေးကို ထည့်ဝင်ကူညီမည်ဟုဆို
အာဏာရှင်များ၏ ခြိမ်းခြောက်မှုများကို ဆန့်ကျင်ရန် လွတ်လပ်သောလူ့အဖွဲ့အစည်းများ၌ တာဝန်ရှိကြောင်း အမေရိကန်သမ္မတဟောင်း၏ The Bush Institute က ယမန်နေ့တွင် ထုတ်ပြန်သည်။
The Bush Institute သည် ရဲရင့်သတ္တိရှိသော မြန်မာပြည်သူများကို အားပေးကူညီရန် ဆက်လက်ကတိပြုကြောင်းနှင့် မြန်မာပြည်ရှိ လူငယ်ခေါင်းဆောင်များဖွံ့ဖြိုးရေးတွင် ထည့်ဝင်ကူညီမည် ဖြစ်ကြောင်း ထုတ်ပြန်သည်။
မကြာသေးမီက အမေရိကန်ရောက် မြန်မာလူငယ်များကို ပညာတော်သင်ထောက်ပံ့ကြေးပေး မည့် အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီအင်စတီကျု(USABCI)၏ လုပ်ဆောင်မှုများကို လည်း ဂုဏ်ယူကြောင်း The Bush Institute က ဖော်ပြသည်။

Public Service Announcement
အထက်ပါ ကြိုးပမ်းမှုများသည် မြန်မာနိုင်ငံတွင် လွတ်လပ်သော ဒီမိုကရေစီ ပြန်လည်ဖြစ်ထွန်း ရေးအတွက် အကျိုးဖြစ်စေမည်ဟု ယုံကြည်ကြောင်း The Bush Institute က ထုတ်ပြန်သည်။
ကမ္ဘာတဝန်းဒီမိုကရေစီအားပေးထောက်ခံရေးမှာ အစိုးရများ၊ နိုင်ငံသားများ၊ အရပ်ဘက်အဖွဲ့ အစည်းနှင့် စီးပွားရေးလုပ်ငန်းများ အားလုံး၌ တာဝန်ရှိကြောင်းနှင့် ယင်းကတိကဝတ်က လူ သားအားလုံးကို အကျိုးပြုမည့် ပိုမိုငြိမ်းချမ်းသော၊ သာယာ၀ပြောသော ကမ္ဘာကြီးကို ဖန်တီးပေး မည်ဖြစ်ကြောင်း The Bush Institute က ဆိုသည်။
မြန်မာပြည်သူများ၏ ဆန္ဒကိုလျစ်လျူရှုကာ ဒီမိုကရေစီနည်းကျရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ခဲ့သော တရားမဝင်အာဏာသိမ်းမှု တစ်နှစ်ကျော်လာချိန်အထိ ဂျော့ဒဗလျူဘု့(ရှ်)အင်စတီကျုက မြန်မာပြည်သူများ၏ အတိဒုက္ခနှင့် ခံစားနေရမှုများအပေါ် လွန်စွာဝမ်းနည်းစိုးရိမ်နေဆဲဖြစ်ကြောင်း ဖော်ပြသည်။
ဓာတ်ပုံ -The Bush Institute


















































