Connect with us

Hi, what are you looking for?

News

လှိုင်သာယာတွင် အများပြည်သူစိတ်အနှောက်အယှက်ဖြစ်အောင် မူးရူးရေကစားနေသည့် မဏ္ဍပ် ဖောက်ခွဲတိုက်ခိုက်ခံရ

ဧပြီ ၁၄ ရက် နေ့လယ် ၂ နာရီခွဲအချိန်ခန့်တွင် လှိုင်သာယာမြို့နယ် (၁၀) ရပ်ကွက်ရုံး အနီး၌ စစ်ကောင်စီထောက်တိုင် အုပ်ချုပ်ရေးမှူးနှင့် ဒလန်များစုဝေး၍ မူးရူးကခုန်နေသည်ဟု တိုင်ကြားခဲ့သောကြောင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်အတွင်း အများပြည်သူ စိတ်အနှောက်အယှက် ဖြစ်အောင် မူးရူးရေကစားနေသည့် မဏ္ဍပ်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Y.G.N PDF က ထုတ်ပြန်သည်။

ဧပြီ ၁၄ ရက် နေ့လယ် ၂ နာရီခွဲအချိန်ခန့်တွင် လှိုင်သာယာမြို့နယ် (၁၀) ရပ်ကွက်ရုံး အနီး၌ စစ်ကောင်စီထောက်တိုင် အုပ်ချုပ်ရေးမှူးနှင့် ဒလန်များစုဝေး၍ မူးရူးကခုန်နေသည်ဟု တိုင်ကြားခဲ့သောကြောင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ယင်းတိုက်ခိုက်မှုကို Y.G.N PDF နှင့်အတူ မြို့ပြ‌ပြောက်ကျားမဟာမိတ်အဖွဲ့များ ဖြစ်သည့် Burma Dragon Army ၊ SRF နှင့် Free Tiger Ranger တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ယင်းတိုက်ခိုက်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ ရှိသည်ဟု လှိုင်သာယာမြို့ခံတစ်ဦးက ပြောဆိုသော်လည်း မည်သူ၊မည်ဝါဖြစ်သည်ကို သီးခြားအတည်မပြုနိုင်ပေ။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီကျင်းပသည့် သင်္ကြန်ကိုပါဝင်ခြင်း မပြုရန်နှင့် စစ်ကောင်စီထောက်တိုင်များ၏ အနီးအနားကို မသွားရန်ထပ်မံ မေတ္တာရပ်ခံထားသည်။

အထက်ပါကဲ့သို့ အကြိမ်ကြိမ်သတိပေးထားသော်လည်း ပြည်သူများအနေဖြင့် လိုက်နာခြင်း မရှိသောကြောင့် တစ်စုံတစ်ရာထိခိုက်မှုရှိပါက မြို့ပြပြောက်ကျား မဟာမိတ်အဖွဲ့များအနေဖြင့် တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုကအာဏာတည်မြဲဖို့ နိုင်ငံရေးအကျဉ်းသားတွေကို အယောင်ပြလွှတ်ပေးတာ၊ အတုအယောင်ရွေးကောက်ပွဲတွေလုပ်ပြီး အစိုးရဖွဲ့တာစတဲ့ ကမ္ဘာကိုလိမ်ညာဖို့ ကြိုးစားနေနေပြီး အဲဒီအပေါ်ယံ ဟန်ပြလုပ်ရပ်တွေရဲ့နောက်ကွယ်မှာ ပြည်သူ့သွေးနဲ့ လမ်းခင်းထားတာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဆောင်းပါး

ရန်ကုန်-ပုသိမ်အဝေးပြေးကားလမ်းမ တလျှောက် စစ်တပ်စစ်ဆေးရေးဂိတ်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့လက်ထဲမှာ ခါတိုင်းကိုင်ထားနေကြ သေနတ်နဲ့ ငွေစက္ကူအကြွေတွေအပြင် ​မေလ ၄ မှာတော့ ပိတောက်ပန်းတွေပါ ​တွေ့ရပါတယ်။