Connect with us

Hi, what are you looking for?

News

လှိုင်သာယာတွင် အများပြည်သူစိတ်အနှောက်အယှက်ဖြစ်အောင် မူးရူးရေကစားနေသည့် မဏ္ဍပ် ဖောက်ခွဲတိုက်ခိုက်ခံရ

ဧပြီ ၁၄ ရက် နေ့လယ် ၂ နာရီခွဲအချိန်ခန့်တွင် လှိုင်သာယာမြို့နယ် (၁၀) ရပ်ကွက်ရုံး အနီး၌ စစ်ကောင်စီထောက်တိုင် အုပ်ချုပ်ရေးမှူးနှင့် ဒလန်များစုဝေး၍ မူးရူးကခုန်နေသည်ဟု တိုင်ကြားခဲ့သောကြောင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်အတွင်း အများပြည်သူ စိတ်အနှောက်အယှက် ဖြစ်အောင် မူးရူးရေကစားနေသည့် မဏ္ဍပ်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Y.G.N PDF က ထုတ်ပြန်သည်။

ဧပြီ ၁၄ ရက် နေ့လယ် ၂ နာရီခွဲအချိန်ခန့်တွင် လှိုင်သာယာမြို့နယ် (၁၀) ရပ်ကွက်ရုံး အနီး၌ စစ်ကောင်စီထောက်တိုင် အုပ်ချုပ်ရေးမှူးနှင့် ဒလန်များစုဝေး၍ မူးရူးကခုန်နေသည်ဟု တိုင်ကြားခဲ့သောကြောင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ယင်းတိုက်ခိုက်မှုကို Y.G.N PDF နှင့်အတူ မြို့ပြ‌ပြောက်ကျားမဟာမိတ်အဖွဲ့များ ဖြစ်သည့် Burma Dragon Army ၊ SRF နှင့် Free Tiger Ranger တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ယင်းတိုက်ခိုက်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ ရှိသည်ဟု လှိုင်သာယာမြို့ခံတစ်ဦးက ပြောဆိုသော်လည်း မည်သူ၊မည်ဝါဖြစ်သည်ကို သီးခြားအတည်မပြုနိုင်ပေ။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီကျင်းပသည့် သင်္ကြန်ကိုပါဝင်ခြင်း မပြုရန်နှင့် စစ်ကောင်စီထောက်တိုင်များ၏ အနီးအနားကို မသွားရန်ထပ်မံ မေတ္တာရပ်ခံထားသည်။

အထက်ပါကဲ့သို့ အကြိမ်ကြိမ်သတိပေးထားသော်လည်း ပြည်သူများအနေဖြင့် လိုက်နာခြင်း မရှိသောကြောင့် တစ်စုံတစ်ရာထိခိုက်မှုရှိပါက မြို့ပြပြောက်ကျား မဟာမိတ်အဖွဲ့များအနေဖြင့် တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

“ကျနော်တို့ဟာ စစ်တပ်အာဏာရှင်စနစ် အဆုံးတိုင် ပြိုလဲချိန်အထိ ဆက်လက်တိုက်ပွဲဝင်ကြရအုံးမှာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်”

သတင်း

စစ်ကြောင်းကြောင့် ဘုတလင်မြို့နယ် အတွင်း မုံရွာ-ဘုတလင် လမ်းတ​လျှောက်ရှိ ကျေးရွာ ၁၀ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

သတင်း

ထီးလင်းမြို့ပေါ်နေ ပြည်သူများသိရှိစေရန် အထူး သတိပေး ထုတ်ပြန်ကြေညာခြင်းဟုဆိုကာ ပအဖက ဒီဇင်ဘာ ၅ရက်တွင် ထုတ်ပြန်ခြင်းဖြစ်သည်။

သတင်း

စစ်တပ်က မြို့အဝင်အထွက်လမ်းများကိုပိတ်ထား​သော်လည်း စစ်တပ်ကို KIA နှင့် မဟာမိတ်များက ဝိုင်း၍ တိုက်ခိုက်​နေခြင်းဖြစ်သည်။