Connect with us

Hi, what are you looking for?

News

ဒိုက်ဦးမြို့တွင် အရက်မူးပြီး ရဲအချင်းချင်းပစ်ခတ်ရာ SB ဒုတပ်ကြပ်သေ

ဇင်မျိုးမျိုးကိုကိုမှာ ဝေါမြို့မှ NLD ပါတီဝင်များ ၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(PDF)များနှင့် အာဏာသိမ်းဆန့်ကျင်သူ(CDM)များကို အဓိကနှိပ်ကွပ်ထားသူ ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်က ဆိုသည်။

(သေဆုံးသွားသော SB ဒုတပ်ကြပ်ဇင်မျိုးကိုကို)

ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်တွင် အရက်မူးပြီး ရဲတပ်ဖွဲ့အချင်းချင်းပြန်လည်ပစ်ခတ်ရာ သတင်းရဲတပ်ဖွဲ့(SB)ဒုတပ်ကြပ်တစ်ဦးသေဆုံးကြောင်း ဝေါ PDF က ယနေ့(ဧပြီ ၁၅ ရက်)တွင် အသိ​ပေးသည်။

“သူ့စရိတ်နဲ့သူသွားပြီ။၁၄ ရက်နေ့ည ဒိုက်ဦးမြို့၌ ဝေါ SB ရုံးက ရဲဒုတပ်ကြပ် ဇင်မျိုးကိုကို အရက်မူးယစ်ပြီးအချင်း ချင်းပြန်လည်ပစ်ခတ်ရာသေဆုံးသွားကြောင်းသိရပါတယ်”ဟု ဝေါ PDF က ပြောသည်။

ဇင်မျိုးမျိုးကိုကိုမှာ ဝေါမြို့မှ NLD ပါတီဝင်များ ၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(PDF)များနှင့် အာဏာသိမ်းဆန့်ကျင်သူ(CDM)များကို အဓိကနှိပ်ကွပ်ထားသူ ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်က ဆိုသည်။

အလားတူ ယမန်နေ့ညပိုင်းကလည်း ကြံခင်းမြို့မရဲစခန်းမှ ရဲတစ်ဦး မူးယစ်သောက်စားပြီး နောက်ဆိုင်ကယ်မှောက်၍ ပွဲချင်းပြီးသေဆုံးသွားကြောင်း ဒေသခံသတင်းရင်းမြစ်များက အသိပေးသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

အထိနာနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထပ်မံ သေဆုံးသွားပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်နဲ့ မော်လိုက်မြို့နယ်ကို စစ်တပ်က လေကြောင်းအပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားတချို့ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။