Connect with us

Hi, what are you looking for?

News

သင်္ကြန်လူအင်အားပြရန် စေလွှတ်ခံရသည့် BGF နှစ်ဦး လက်နက်ခဲယမ်း အပြည့်အစုံဖြင့် KNU တပ်မဟာ(၅)ထံ အလင်းဝင်လာ

အဆိုပါ BGF တပ်ဖွဲ့ဝင်နှစ်ဦးနှင့်အတူ M-16 ARမောင်းပြန်ရိုင်ဖယ်သေနတ်(၂)လက်နှင့်အတူ ကျည်ဆံ (၂၀၃)​တောင့် ပါလာပြီး တပ်မဟာ(၅)လက်အောက်ရှိ တပ်ရင်း(၁၀၂)၊ တပ်ခွဲ(၄)တပ်သားများထံသို့ အလင်းဝင်ခိုလှုံလာခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်သည်။

ဓာတ်ပုံ - KNU - Mutraw News

စစ်ကောင်စီလက်အောက်ခံအဖွဲ့ဖြစ်သော နယ်ခြားစောင့်တပ်(BGF) မှ တပ်ဖွဲ့ဝင် နှစ်ဦးသည် လက်နက်ခဲယမ်းအပြည့်အစုံဖြင့် အလင်းဝင်လာကြောင်း ကရင်အမျိုး သားအစည်းအရုံး(KNU) တပ်မဟာ(၅)က သတင်းထုတ်ပြန်အသိပေးသည်။

အဆိုပါ တပ်ဖွဲ့ဝင် နှစ်ဦးသည် ညီအကို ဝမ်းကွဲဖြစ်ကြပြီး BGF တပ်ဖွဲ့၏ မြဝတီမြို့နယ်၊ ရွှေကုက္ကိုအခြေစိုက်တပ်ရင်း (၁၀၁၈)မှတပ်သား စောသခလေးနှင့် စောအယ်ညီ တို့ဖြစ်ကြောင်း တပ်မဟာ(၅)၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အဆိုပါ BGF တပ်ဖွဲ့ဝင်နှစ်ဦးနှင့်အတူ M-16 ARမောင်းပြန်ရိုင်ဖယ်သေနတ်(၂)လက်နှင့်အတူ ကျည်ဆံ (၂၀၃)​တောင့် ပါလာပြီး တပ်မဟာ(၅)လက်အောက်ရှိ တပ်ရင်း(၁၀၂)၊ တပ်ခွဲ(၄)တပ်သားများထံသို့ အလင်းဝင်ခိုလှုံလာခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်သည်။

အလင်းဝင်ခိုလှုံလာသည့် ညီအစ်ကိုဝမ်းကွဲနှစ်ဦး၏ ထွက်ဆိုချက်အရ KNU တပ်မဟာ(၅)နယ်မြေအတွင်းသို့ စတင်ရောက်ရှိစဉ်ကတည်းက ထွက်ပြေးရန်စီစဉ်ကြသော်လည်း အခါအခွင့်မပေး၍ သင်္ကြန်ကာလတွင် ထွက်ပြေးလာခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

သကြန်ကာလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များစီစဉ်ထားသည့် လူအင်အားပြရန်အတွက် တပ်တွင်းရှိရဲဘော်များကိုပါခေါ်ယူအားဖြည့်စေလွတ်ချိန်တွင် ထွက်ပြေးလာခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ညီအကိုဝမ်းကွဲ နှစ်ဦးသည် နယ်ခြားစောင့်တပ် ၏စစ်အင်တိုးချဲ့ရန်အတွက် အတင်းအဓ္ဓမဖမ်းဆီးချိန်တွင် အသက်မပြည့်သေးသည့်ကလေးများဖြစ်ကြောင်း၊ ၎င်းတို့ အနေဖြင့် ယခင်ကတည်းက နောင်တချိန်ချိန်၌ နယ်ခြားစောင့်တပ်မှ ထွက်ပြေးရန် ကြံစည်ထားခြင်းဖြစ်ကြောင်း ထွက်ပြေးလာသူ နှစ်ဦးအနက် စောအယ်ဆိုသည့် တပ်ဖွဲ့ဝင်က ပြောသည်ဟု ဖော်ပြထားသည်။

“ဘာအပြစ်မှမရှိတဲ့ကျွန်တော့်အဖေကို အကြမ်းဖက်စစ်ကောင်စီတပ်ကနေပြီးတော့ ပစ်သတ်ခဲ့တာ ကျွန်တော်ငယ်ငယ်ကတည်းကပဲ။ ဖတဆိုးဘဝနဲ့ ကျွန်တော်တို့ညီကိုမောင်နှမတွေခက်ခက်ခဲခဲကြီးပြင်းလာရတာ။ ဒါကိုကျွန်တော်စိတ်နာတယ်” ဟု စောအယ်က ပြောကြားခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် KNU တပ်မဟာ(၅)နယ်မြေရှိ စစ်ကောင်စီတပ်စခန်းများအား စားနပ်ရိက္ခာနှင့်လက်နက်ခဲယမ်းများဖြည့်တင်းရန် အခက်အခဲရှိနေသည့်အပေါ် BGF တပ်၏ အကူအညီများ ရယူနေသည်ဟု ဖော်ပြထားသည်။

“ပထမတော့ နယ်ခြားစောင့်တပ်ဆိုတာက ကိုယ့်လူမျိုးအတွက် ဒေသတည်ငြိမ်အေးချမ်းဖို့နဲ့ ဒေသဖွံ့ဖြိုးတိုးတက်ဖို့အတွက် အကာအကွယ်ပေးနေတဲ့အဖွဲ့လို့ထင်ခဲ့တာ။ အဲဒီလိုမှမဟုတ်တာ။ ရှေ့တန်းထွက်တိုင်း ခေါ်လို့မှအတွေ့မခံတဲ့လူတွေဆို အကုန်ပစ်သတ်တာပဲ။ လက်နက်ကြီးတွေကိုလည်း ရွာထဲပစ်ထည့်တယ်။” ဟု ခိုလှုံလာသည့် တပ်ဖွဲ့ဝင် တစ်ဦး၏ ပြောဆိုချက်ကို ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။