Connect with us

Hi, what are you looking for?

News

“ဝ” ပြည်နယ် ငြိမ်းချမ်းရေးတည်ဆောက်မှု (၃၃)နှစ်ပြည့်နေ့သို့ NUG ကာကွယ်ရေးဝန်ကြီးဌာန သဝဏ်လွှာပို့

၀ပြည်သွေးစည်းညီညွတ်ရေးပါတီ/၀ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်(UWSP/UWSA) သည် ဗမာပြည်ကွန်မြူနစ်ပါတီက ခွဲထွက်လာသည့် လက်နက်ကိုင်တပ်ဖြစ်ပြီး ၁၉၈၉ ဧပြီ ၁၇ရက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။

(ဝပြည်နယ် ငြိမ်းချမ်းရေးနှစ် (၃၀)ပြည့်ပွဲ၌ တွေ့ရသည့် UWSA တပ်ဖွဲ့ဝင်များ)

▪️ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရာ၌ပါဝင်လာရန် လိုလားကြောင်းဖော်ပြ

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ကျရောက်သည့် “ဝ”ပြည်နယ် ငြိမ်းချမ်းရေးတည်ဆောက်မှု (၃၃)နှစ်ပြည့်သို့ သဝဏ်လွှာပေးပို့ခဲ့သည်။

“ဝ” ပြည်နယ်၏ရရှိပြီးသော ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်မှုနှင့်လူမှုစီးပွားကဏ္ဍပေါင်းစုံ တိုးတက် ဖွံ့ဖြိုးမှုများ အဓွန့်ရှည်တည်တံ့ခိုင်မာစေရန် “ဝ”အမျိုးသားခေါင်းဆောင်များနှင့်“ဝ”ပြည်သူများ ဆထက်ထမ်းပိုးကြိုးပမ်းဆောင်ရွက်နိုင်ပါစေကြောင်းနှင့်အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ကို အုတ်မြစ်ချထူထောင်ရာတွင် အမြော်အမြင်ကြီးမားစွာဖြင့် ဦးဆောင်ပါဝင်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်သည်ဟု သဝဏ်လွှာ၌ ဖော်ပြထားသည်။

၀ပြည်သွေးစည်းညီညွတ်ရေးပါတီ/၀ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်(UWSP/UWSA) သည် ဗမာပြည်ကွန်မြူနစ်ပါတီက ခွဲထွက်လာသည့် လက်နက်ကိုင်တပ်ဖြစ်ပြီး ၁၉၈၉ ဧပြီ ၁၇ရက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။

Public Service Announcement

Public Service Announcement

မြန်မာ-တရုတ်နယ်စပ်အခြေစိုက် UWSAသည် စစ်အစိုးရနှင့် ငြိမ်းချမ်းရေးရယူခဲ့သည့် နှစ် ၃၀ကျော်အတွင်း စစ်တပ်နှင့် တိုက်ပွဲဖြစ့်ပွားမှု မရှိသလောက်နည်းပါးခဲ့သည်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင်လည်း အာဏာသိမ်းမှု အပေါ် နုတ်ဆိတ်နေသည့် လက်နက်ကိုင်အဖွဲ့တစ်ခု ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု အောင်မြင်ဖို့ အကောင်းမြင် မျှော်လင့်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။