Connect with us

Hi, what are you looking for?

LuduNwayOo

News

“ဝ” ပြည်နယ် ငြိမ်းချမ်းရေးတည်ဆောက်မှု (၃၃)နှစ်ပြည့်နေ့သို့ NUG ကာကွယ်ရေးဝန်ကြီးဌာန သဝဏ်လွှာပို့

၀ပြည်သွေးစည်းညီညွတ်ရေးပါတီ/၀ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်(UWSP/UWSA) သည် ဗမာပြည်ကွန်မြူနစ်ပါတီက ခွဲထွက်လာသည့် လက်နက်ကိုင်တပ်ဖြစ်ပြီး ၁၉၈၉ ဧပြီ ၁၇ရက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။

(ဝပြည်နယ် ငြိမ်းချမ်းရေးနှစ် (၃၀)ပြည့်ပွဲ၌ တွေ့ရသည့် UWSA တပ်ဖွဲ့ဝင်များ)

▪️ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရာ၌ပါဝင်လာရန် လိုလားကြောင်းဖော်ပြ

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ကျရောက်သည့် “ဝ”ပြည်နယ် ငြိမ်းချမ်းရေးတည်ဆောက်မှု (၃၃)နှစ်ပြည့်သို့ သဝဏ်လွှာပေးပို့ခဲ့သည်။

“ဝ” ပြည်နယ်၏ရရှိပြီးသော ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်မှုနှင့်လူမှုစီးပွားကဏ္ဍပေါင်းစုံ တိုးတက် ဖွံ့ဖြိုးမှုများ အဓွန့်ရှည်တည်တံ့ခိုင်မာစေရန် “ဝ”အမျိုးသားခေါင်းဆောင်များနှင့်“ဝ”ပြည်သူများ ဆထက်ထမ်းပိုးကြိုးပမ်းဆောင်ရွက်နိုင်ပါစေကြောင်းနှင့်အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ကို အုတ်မြစ်ချထူထောင်ရာတွင် အမြော်အမြင်ကြီးမားစွာဖြင့် ဦးဆောင်ပါဝင်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်သည်ဟု သဝဏ်လွှာ၌ ဖော်ပြထားသည်။

၀ပြည်သွေးစည်းညီညွတ်ရေးပါတီ/၀ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်(UWSP/UWSA) သည် ဗမာပြည်ကွန်မြူနစ်ပါတီက ခွဲထွက်လာသည့် လက်နက်ကိုင်တပ်ဖြစ်ပြီး ၁၉၈၉ ဧပြီ ၁၇ရက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။

Public Service Announcement

Public Service Announcement

မြန်မာ-တရုတ်နယ်စပ်အခြေစိုက် UWSAသည် စစ်အစိုးရနှင့် ငြိမ်းချမ်းရေးရယူခဲ့သည့် နှစ် ၃၀ကျော်အတွင်း စစ်တပ်နှင့် တိုက်ပွဲဖြစ့်ပွားမှု မရှိသလောက်နည်းပါးခဲ့သည်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင်လည်း အာဏာသိမ်းမှု အပေါ် နုတ်ဆိတ်နေသည့် လက်နက်ကိုင်အဖွဲ့တစ်ခု ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

၁၉၈၉ ခုနှစ် ဧပြီ ၁၇ရက်‌တွင် စတင် တည်ထောင်ခဲ့သော ဝပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSP/UWSA) သည် ယနေ့တွင် (၃၅)နှစ်ပြည့်မြောက်ပြီဖြစ်သည်။