Connect with us

Hi, what are you looking for?

News

ဝါးဘိုးတောရဲကင်းစခန်းဂိတ်တိုက်ခိုက်မှု ရဲ ၆ ဦးသေဆုံးပြီး လက်နက်တွေပါ သိမ်းဆည်းမိ

ဝါးဘိုးတောရဲကင်းဂိတ်ဟာ သွားလာနေသူတွေအပေါ် စစ်ဆေးတာတွေ ခဏခဏလုပ်ဆောင်နေပြီး သွားလာတဲ့သူတွေအပေါ် စစ်ဆေးမေးမြန်းထူတဲ့အတွက် လုပ်ဆောင်တာဖြစ်မှာပေါ့လို့ တပ်မဟာ ၁ တာဝန်ရှိသူတစ်ဦးက ကေအိုင်စီသတင်းဌာနမှာ ဖြေကြားထားတာပါ။

ဘားအံမြို့နယ်အတွင်းက ဝါးဘိုးတောရဲကင်းစခန်းဂိတ် ပစ်ခတ်တိုက်ခိုက်မှုမှာ စစ်ကောင်စီရဲတပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံးသွားခဲ့ပြီး လက်နက်တွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ မနက် ၈ နာရီဝန်းကျင်အချိန်က ဘားအံ-သထုံကားလမ်းနဲ့ ဘားအံ-ဖာပွန်ကားလမ်း ဝါးဘိုးတောလမ်းဆုံမှာရှိတဲ့ စစ်ကောင်စီရဲကင်းဂိတ်ကို KNLA ပူးပေါင်းအဖွဲ့က လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရဲခြောက်ဦး သေဆုံးသွားခဲ့တာပါ။

ဒါ့အပြင် ရဲတပ်ဖွဲ့ဝင်တွေကိုင်ဆောင်တဲ့ လက်နက်နဲ့ ကျည်ဆံတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ KNLA တပ်မဟာ ၁ ထံကနေ သိရပါတယ်။

Public Service Announcement

ဝါးဘိုးတောရဲကင်းဂိတ်ဟာ သွားလာနေသူတွေအပေါ် စစ်ဆေးတာတွေ ခဏခဏလုပ်ဆောင်နေပြီး သွားလာတဲ့သူတွေအပေါ် စစ်ဆေးမေးမြန်းထူတဲ့အတွက် လုပ်ဆောင်တာဖြစ်မှာပေါ့လို့ တပ်မဟာ ၁ တာဝန်ရှိသူတစ်ဦးက ကေအိုင်စီသတင်းဌာနမှာ ဖြေကြားထားတာပါ။

Public Service Announcement

Public Service Announcement

ဒီလို ရဲကင်းဂိတ်စခန်းကို လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ဂိတ်အနီးမှာ ဗုံးနှစ်လုံးထပ်မံပေါက်ကွဲခဲ့သေးတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဝါးဘိုတောရဲကင်းဂိတ်စခန်းဟာ ကေအဲန်ယူ-ဒူးသထူခရိုင် ဘားအံမြို့နယ် တပ်မဟာ ၁ နယ်မြေအတွင်းမှာတည်ရှိတဲ့ ဂိတ်စခန်းတစ်ခုလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နိုင်ငံမှာ အစွမ်းထက်တဲ့ လက်နက်စနစ် တစ်ခု ပိုင်ဆိုင်လာပြီလို့ မြောက်ကိုရီးယား အဓိပတိကြီး ကင်မ်ဂျုံအွန်းက ကြွေးကြော်ခဲ့ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးကာလအတွင်းဘက်ပြောင်းခိုလှုံလာတဲ့ အာဏာသိမ်းစစ်တပ် စစ်သား‌တွေ က လက်နက်အလက် ၂၀ ၀န်းကျင်ယူလာခဲ့တယ်လို့ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း-၂ ၊အမှတ်(၁၀၀၆)တပ်ရင်း ရဲ့တာ၀န်ရှိသူကပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ် မဇောကျေးရွာအုပ်စု တုံးဗျောရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ကို ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက်နက် ၄လက် သိမ်းရခဲ့တယ်လို့ KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook