Connect with us

Hi, what are you looking for?

LuduNwayOo

News

စက်သုံးဆီကို ​ဈေးတင်၍လိုသ​လောက်ပြန်​ရောင်း​ပြီး​နောက်ဆိုင်အချို့တွင်ဆီကုန်

စက်သုံးဆီဝယ်ယူခဲ့သူတစ်ဦးကလည်ယ မနက် ၅နာရီကတည်းကလ ဆီဆိုင်များတွင် ဝယ်ယူရန်စောင့်ဆိုင်း​ခဲ့ကြပြီး ​နေ့ခင်းပိုင်းတွင်တန်းစီသူနည်းသွား​သော်လည်းအချို့ဆိုင်များမှာဆီကုန်နေ၍အ​ရောင်းရပ်သွားသည်လည်း ကြုံတွေ့ရသည်ဟု ဝယ်ယူသူများကပြောသည်။

(​မြောက်ဒဂုံက ဗိုလ်မှူးဗထူးလမ်းတွင်ဆီဝယ်ရန်​စောင့်ဆိုင်း​နေ​သောကားတန်းကို ဧပြီ ၂၀ ​နေ့ခင်းပိုင်းက​တွေ့ရစဥ် ဓါတ်ပုံ-CJ)

အာဏာသိမ်းစစ်ကောင်စီက စက်သုံးဆီများကိုလိုသလောက်ရောင်းချပေးမည်ဟု ကြေညာပြီး ယ​နေ့(စက်တင်ဘာ ၂၀ရက်) ​ရောင်းချရာတွင် ​နေခင်းပိုင်း၌ စက်သုံးဆီဆိုင်အချို့တွင် ဆီကုန်၍ပိတ်သွားခြင်း ၊ ဆီအမျိုးအစားအချို့ ကုန်ပြီးဝယ်မရ​တော့ခြင်း များကြုံ​တွေ့​နေ​ကြောင်း ကိုယ်တိုင်ဝယ်ယူခဲ့သူအချို့က​​ပြောသည်။

ယနေ့ နေ့လယ်ပိုင်းမှ စတင်ပြီး စက်သုံးဆီဆိုင်အများစုတွင် အောက်တိန်း ၉၂ ပြတ်လပ်သွားပြီး အောက်တိန်း ၉၅ ကိုသာရောင်းချတော့ကြောင်းနှင့် အချို့ဆိုင်များတွင် ဆီကုန်၍ဝယ် မရတော့ကြောင်း စက်သုံးဆီသွားဖြည့်ခဲ့သူတစ်ဦးကပြောသည်။

“၉၂ မရတော့ဘူး။ ၉၅ ဘဲရတော့မယ်ဆိုပြီး ရောင်းတယ်။ တချို့ဆိုင်တွေလဲ ဆီမရှိတော့ဘူးလိုပြောတယ်”ဟု ၎င်းက​ပြောသည်။

ထိုအပြင် ဆီ​ဈေးတက်သွားပြီး ဆီဝယ်မရမည်စိုး၍ ကားများမနက်အ​စောပိုင်းကတည်းကတန်းစီ၍ စောင့်ဆိုင်းနေကြရကြောင်း ရန်ကုန်မြို့တွင် ကိုယ်တိုင်ဝယ်ယူခဲ့သူတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

စက်သုံးဆီဝယ်ယူခဲ့သူတစ်ဦးကလည်ယ မနက် ၅နာရီကတည်းကလ ဆီဆိုင်များတွင် ဝယ်ယူရန်စောင့်ဆိုင်း​ခဲ့ကြပြီး ​နေ့ခင်းပိုင်းတွင်တန်းစီသူနည်းသွား​သော်လည်းအချို့ဆိုင်များမှာဆီကုန်နေ၍အ​ရောင်းရပ်သွားသည်လည်း ကြုံတွေ့ရသည်ဟု ဝယ်ယူသူများကပြောသည်။

” ဈေးကတော့ ပုံမှန်ထက်ပိုတက်သွားတယ်”ဟု မြောက်ဒဂုံမြို့နယ်တွင် စက်သုံးဆီဝယ်ယူခဲ့သူတစ်ဦးက​ပြောသည်။

စစ်ကောင်စီက စက်သုံးဆီ​ဈေးကို​လျှော့​ရောင်းရန်ဖိအားပေးခြိမ်းခြောက်ထား​သောကြောင့်သင်္ကြန်မတိုင်ခင် ဧပြီ ၈ရက် အောက်တိန်း ၉၂ တစ်လီတာကို ၁၇၃၀ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာကို ၁၇၉၅ ကျပ်နှင့် ဒီဇယ်တစ်လီတာကို ၁၉၅၀ကျပ် ရှိခဲ့သည်။ ယနေ့တွင် အောက်တိန်း ၉၂ တစ်လီတာကို ၁၉၄၀ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာကို ၁၉၈၅ကျပ်နှင့် ဒီဇယ်တစ်လီတာကို ၂၁၅၉ကျပ်အထိ ဈေးမြင့်တက်လာသည်။

နိုင်ငံတွင်း စက်သုံးဆီပြတ်လပ်တော့မည်ဟု သတင်းများထွက်ပေါ်လာပြီးနောက် စက်သုံးဆီဆိုင်များတွင် ဧပြီ ၁၉ ရက်က တစ်ဦးကို ကျပ် ၂၀၀၀၀ ဖိုးအထိသာ အကန့်အသတ်ဖြင့် ရောင်းချခဲ့သည်။ ထိုကြောင့် ဆီဆိုင်များတွင်ဆီဝယ်ယူရန်အလုအယက်တန်းစီဝယ်ယူသူများ ရန်ကုန်၊ မန္တလေးအပါအဝင် နိုင်ငံတစ်ဝန်းတွင် ဖြစ်ပေါ်ခဲ့သည်။

ထိုကြောင့်ဧပြီ ၁၉ ရက်တွင် နေ့လယ်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီက ဆီလုပ်ငန်းရှင်များကို ခေါ်ယူကာ ပုံမှန်အတိုင်းရောင်းဝယ်ရန်ခြိမ်းခြောက် ဖိအားပေးခဲ့သည်။ ထိုအပြင်ယမန်​နေ့ညပိုင်းတွင်စစ်ကာင်စီက သီလဝါရှိဆီ​​လှောင်ကန်နှင့် ဆီသ​ဘော်အချို့​ရောက်​နေ၍ဆီအလုံအ​လောက်ရှိပြီး ပြတ်လပ်မည်ကိုမစိုးရိမ်ကြရန် သတင်းထုတ်ပြန်သည်။သို့သော်ပြည်သူအများစုကစစ်​ကောင်စီထုတ်ပြန်ချက်ကိုမယုံကြည့်ဘဲအ​ခြေအ​နေ​စောင့်ကြည့်ကာ ဆီကိုကားများတွင်ဆီတိုင်ကီအပြည့်ဝယ်ယူ​​နေကြခြင်းဖြစ်သည်။

လက်ရှိတွင်အကြမ်းဖက်စစ်ကောင်စီက၎င်းတို့လက်အောက်ခံဌာနများအတွင်း စက်သုံးဆီသုံးစွဲမှုလျော့ချကန့်သတ်လိုက်ပြီး ဌာနအလိုက် ခွဲတမ်းဖြင့်သာသုံးဆွဲခွင့်ရတော့သည်ဟု ဝန်ထမ်းများထံမှသိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက လက်နက်ကြီးများ ဒရုန်းများဖြင့် အဆမတန်ပစ်ခတ်ခြင်းကြောင့် ပြည်သူများ၏ အိုးအိမ်များလည်း ပျက်စီးနေရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

ဆီဆိုင်မြို့ကို PNLAက သိမ်းပိုက်ထိန်းချုပ်ထားသည့် အခြေအနေတွင် စစ်ကောင်စီက မြို့ကို ပြန်ဝင်ရောက်နေရာယူရန် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

သတင်း

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)မှ ထုတ်ပြန်သည့် တရားဝင်သတင်းကိုသာ စောင့်ကြည့်အတည်ယူကြရန် အထူးတိုက်တွန်းထားသည်။

သတင်း

"စစ်ဘေးရှောင်စာရင်းထဲမှာ ကယား(ကရင်နီ) ပြည်နယ်မှ တိမ်းရှောင်လာတဲ့ ဒေသခံ ပြည်သူများ၊ ထပ်ဆင့် တိမ်းရှောင်တဲ့ ဒေသခံ ပြည်သူများ ပါဝင်ပါတယ်” ဟု ကိုခွန်ဝါးကပြောသည်။