Connect with us

Hi, what are you looking for?

News

ထားဝယ်-ထီးခီးလမ်းပေါ်ရှိ ပကာရီရဲစခန်းကို PDFများစီးနင်းတိုက်ခိုက်ဖျက်သိမ်း

“ရဲစခန်းက ပြာကျသွားပြီ။ စစ်ကောင်စီတပ်က စစ်ကူလွှတ်လိုက်တယ်၊ အဲ့တာတွေကို ထပ်​ဆော်ဖို့ အရပ်သားကားတွေ မလာဖို့တားထားကြတာ”ဟု ဒေသခံတစ်ဦးကပြောသည်။

ထားဝယ်-ထီးခီးလမ်းပေါ်ရှိ ပကာရီရဲစခန်းကို PDFပူးပေါင်းတပ်က ယ​နေ့(ဧပြီ ၂၄) နေလယ်ပိုင်းက ဝင်ရောက် စီးနင်းတိုက်ခိုက်မီးရှို့ ဖျက်သိမ်းလိုက်ပြီးဖြစ်ကြောင်း တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က ယနေ့ ထုတ်ပြန်လိုက်သည်။

ထိုကြောင့် ထားဝယ်-ထီးခီးလမ်းပိုင်း အရပ်သားကားများ အသုံးပြုမှု ခတ္တ ရပ်ဆိုင်းထားပေးရန် မြေပြင် PDF ရဲဘော်များက မေတ္တာရပ်ခံလိုက်သည်ဟု တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့၏ထုတ်ပြန်ချက်တွင်ပါဝင်သည်။

“ရဲစခန်းက ပြာကျသွားပြီ။ စစ်ကောင်စီတပ်က စစ်ကူလွှတ်လိုက်တယ်၊ အဲ့တာတွေကို ထပ်​ဆော်ဖို့ အရပ်သားကားတွေ မလာဖို့တားထားကြတာ”ဟု ဒေသခံတစ်ဦးကပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သားများက အထက်ပါ စခန်းအနီးသို့ အလုံးအရင်းဖြင့် လာရောက်နေကြသည်ဟုလည်းသိ့ရသည်။

Public Service Announcement

Public Service Announcement

ထိုလမ်းပိုင်းတွင် တိုက်ပွဲများ အချိန်မ​ရွေးဖြစ်ပေါ်လာနိုင်ပါသဖြင့် အရပ်သားများ မထိခိုက်စေရန်အတွက် အရပ်သားကား သွားလာခြင်းမပြုရန် မြေပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ဖွဲ့များက မေတ္တာရပ်ခံထားရခြင်းဖြစ်သည်ဟုလည်းဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာအနီး တိုက်ပွဲမှာ စစ်တပ်က ၁၂ဦးသေဆုံးပြီး လက်နက် ၈လက် သိမ်းရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ မုဒိမ်းမှု စွပ်စွဲချက် တစ်ခုနဲ့ ဆက်စပ်ပြီး ရဲစခန်းတစ်ခုက ရဲဝန်ထမ်းနဲ့ တခြားအမှုထမ်း ၇၈ ဦးစလုံးကို လုပ်ငန်းတာဝန်ကနေ ဆိုင်းငံ့ထားလိုက်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲစခန်းတစ်ခု ပစ်ခတ်ခံရတဲ့နောက် လုံခြုံရေး တိုးမြှင့်ထားသလို အနီးမှာရှိတဲ့ ကျောင်းတစ်ကျောင်းကိုလည်း ပိတ်ထားရပါတယ်။

သတင်း

ဒုတိယ ကမ္ဘာစစ်မှာ နာမည်ဆိုးနဲ့ အထူးကျော်ကြားခဲ့တဲ့ နာဇီ ခေါင်းဆောင်ကြီး အဒေါ့ဖ်ဟစ်တလာ မွေးဖွားခဲ့တဲ့ နေရာဟာ အခုတော့ ရဲစခန်းတစ်ခု ဖြစ်လာခဲ့ပါပြီ။