Connect with us

Hi, what are you looking for?

LuduNwayOo

News

ထားဝယ်-ထီးခီးလမ်းပေါ်ရှိ ပကာရီရဲစခန်းကို PDFများစီးနင်းတိုက်ခိုက်ဖျက်သိမ်း

“ရဲစခန်းက ပြာကျသွားပြီ။ စစ်ကောင်စီတပ်က စစ်ကူလွှတ်လိုက်တယ်၊ အဲ့တာတွေကို ထပ်​ဆော်ဖို့ အရပ်သားကားတွေ မလာဖို့တားထားကြတာ”ဟု ဒေသခံတစ်ဦးကပြောသည်။

ထားဝယ်-ထီးခီးလမ်းပေါ်ရှိ ပကာရီရဲစခန်းကို PDFပူးပေါင်းတပ်က ယ​နေ့(ဧပြီ ၂၄) နေလယ်ပိုင်းက ဝင်ရောက် စီးနင်းတိုက်ခိုက်မီးရှို့ ဖျက်သိမ်းလိုက်ပြီးဖြစ်ကြောင်း တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က ယနေ့ ထုတ်ပြန်လိုက်သည်။

ထိုကြောင့် ထားဝယ်-ထီးခီးလမ်းပိုင်း အရပ်သားကားများ အသုံးပြုမှု ခတ္တ ရပ်ဆိုင်းထားပေးရန် မြေပြင် PDF ရဲဘော်များက မေတ္တာရပ်ခံလိုက်သည်ဟု တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့၏ထုတ်ပြန်ချက်တွင်ပါဝင်သည်။

“ရဲစခန်းက ပြာကျသွားပြီ။ စစ်ကောင်စီတပ်က စစ်ကူလွှတ်လိုက်တယ်၊ အဲ့တာတွေကို ထပ်​ဆော်ဖို့ အရပ်သားကားတွေ မလာဖို့တားထားကြတာ”ဟု ဒေသခံတစ်ဦးကပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သားများက အထက်ပါ စခန်းအနီးသို့ အလုံးအရင်းဖြင့် လာရောက်နေကြသည်ဟုလည်းသိ့ရသည်။

Public Service Announcement

Public Service Announcement

ထိုလမ်းပိုင်းတွင် တိုက်ပွဲများ အချိန်မ​ရွေးဖြစ်ပေါ်လာနိုင်ပါသဖြင့် အရပ်သားများ မထိခိုက်စေရန်အတွက် အရပ်သားကား သွားလာခြင်းမပြုရန် မြေပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ဖွဲ့များက မေတ္တာရပ်ခံထားရခြင်းဖြစ်သည်ဟုလည်းဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။