Connect with us

Hi, what are you looking for?

News

ထွေအုပ် CDMဝန်ထမ်းများ အုပ်ချုပ်မှုကော်မတီကို ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာနအဖြစ် NUG ပြောင်းလဲဖွဲ့စည်း

ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်ထားနိုင်သည့် မြို့နယ်ပေါင်း ၃၆ မြို့နယ်ရှိပြီဖြစ်ကြောင်း ထုတ်ပြန်အပြီးတွင် ယင်းသို့ ပြောင်းလဲဖွဲ့စည်းကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

(CDM လှုပ်ရှားမှုတွင် ထွေအုပ်ဝန်ထမ်းများ ပါဝင်ကာ ဆန္ဒပြနေသည်ကို ဖျာပုံမြို့တွင် ​ဖေ​ဖော်ဝါရီ၁၇ရက်က တွေ့ရစဉ်။ ဓာတ်ပုံ- CJ)

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန CDM ဝန်ထမ်းများ အုပ်ချုပ်မှု ကော်မတီကို ပြည်သူ့အုပ်ချုပ်ရေး ဦးစီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထဲရေးနှင့် လူဝင်မှုကြီး ကြပ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။

ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်ထားနိုင်သည့် မြို့နယ်ပေါင်း ၃၆ မြို့နယ်ရှိပြီဖြစ်ကြောင်း ထုတ်ပြန်အပြီးတွင် ယင်းသို့ ပြောင်းလဲဖွဲ့စည်းကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

NUG စိုးမိုးနယ်မြေများနှင့် ထိန်းချုပ်နယ်မြေများ၌ စစ်ကောင်စီ၏ လစ်လပ်သွားသော အုပ်ချုပ်ရေးယန္တရားတွင် အစားထိုးဝင်ရောက်၍ အုပ်ချုပ်ရေး၊ လုံခြုံ ရေးနှင့်တရားဥပဒေစိုးမိုးရေး၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ အကောင်အထည်ဖော် ဆောင် ရွက်နိုင်ရန်နှင့် ပြည်နယ်ကောင်စီများ၏ ဒေသန္တရအုပ်ချုပ်ရေး လုပ်ငန်းစဉ်များတွင် ကူညီပံ့ပိုးပေးနိုင်ရန် ယင်းသို့ ဖွဲ့စည်းပေး ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်နိုင်သည့် မြို့နယ် ၃၆ မြို့နယ်တွင် စစ်ကိုင်းတိုင်းမှ ၂၉ ၊ မကွေးတိင်းမှ ၇ မြို့နယ်တို့ဖြစ်ကြောင်း NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၏ ၂၀၂၁ တစ်နှစ်တာကာလလုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ၌ ဖော်ပြ သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တာဝန်များ ထမ်းဆောင်ရင်း ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသော တော်လှန်ရေးရဲဘော်များအတွက် ပြန်လည်ထူထောင်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးဖြစ်လို့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်တွေ ဆက်သွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

Facebook