Connect with us

Hi, what are you looking for?

News

CDM ဝန်ထမ်းများဖြင့် ဖွဲ့စည်းထားသော ကော်မတီများကို ဦးစီးဌာနများအဖြစ် NUG ပြောင်း လဲဖွဲ့စည်း

ဦးစီးဌာနများ ပြောင်းလဲဖွဲ့စည်းခြင်းကို ဧပြီ ၂၄ ရက်တွင် အသီးသီးထုတ်ပြန်ခဲ့ပြီး ထိုသို့ဖွဲ့စည်းရခြင်းမှာ စိုးမိုးနယ်မြေများ၌ စစ်ကောင်စီ၏ ဌာနလုပ်ငန်းများတွင် အစားထိုးတာဝန်ထမ်းဆောင်နိုင်စေရန် ရည်ရွယ်ဖွဲ့စည်းခြင်းဖြစ် ကြောင်း ဖော်ပြသည်။

(စစ်ကိုင်းတိုင်းအတွင်း၌ သင်တန်းမှ ဆင်းလာသော PDF များကို ဒေသခံပြည်သူများက သပြေပန်းများ အစားအစာများဖြင့် ကြိုဆိုနေကြစဥ်)

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာ CDMဝန်ထမ်းများဖြင့် ဖွဲ့စည်းထားသော အုပ်ချုပ်မှုကော်မတီများကို ဦးစီးဌာနများအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်သည်။

အဆိုပါဦးစီးဌာနများမှာ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် လူဝင်မှုကြီး ကြပ်ရေးဦးစီးဌာနတို့ဖြစ်ပြီး ကနဦးတွင် သက်ဆိုင်ရာ CDM ဝန်ထမ်းများပါဝင်သော အုပ်ချုပ်ရေးကော်မတီများကို ဦးစီးဌာနများအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ဦးစီးဌာနများ ပြောင်းလဲဖွဲ့စည်းခြင်းကို ဧပြီ ၂၄ ရက်တွင် အသီးသီးထုတ်ပြန်ခဲ့ပြီး ထိုသို့ဖွဲ့စည်းရခြင်းမှာ စိုးမိုးနယ်မြေများ၌ စစ်ကောင်စီ၏ ဌာနလုပ်ငန်းများတွင် အစားထိုးတာဝန်ထမ်းဆောင်နိုင်စေရန် ရည်ရွယ်ဖွဲ့စည်းခြင်းဖြစ် ကြောင်း ဖော်ပြသည်။

CDM ဝန်ထမ်းများဖြင့် ကော်မတီများဖွဲ့စည်းခဲ့ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန CDM ဝန်ထမ်းများအုပ်ချုပ်မှုကော်မတီကို ၂၀၂၁ အောက်တိုဘာ ၁၄ရက်တွင် လည်းကောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ CDM မီးသတ်ဝန်ထမ်းများ ကိုယ်စားပြုကော်မတီကို ၂၀၂၁ အောက်တိုဘာ ၁၃ တွင် လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန CDM ဝန်ထမ်းများ ကိုယ်စားပြုကော်မတီကို ၂၀၂၁ အောက်တိုဘာ ၃၀တွင်လည်းကောင်း အသီးသီးဖွဲ့စည်းခဲ့သည်။

Public Service Announcement

Public Service Announcement

NUG ၏ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ ဦးစီးဌာနများတိုးချဲ့ဖွဲ့စည်းလျက်ရှိရာ အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာနကို ယနေ့(ဧပြီ ၂၆)တွင် ထပ်မံဖွဲ့စည်းလိုက်သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

Facebook