Connect with us

Hi, what are you looking for?

LuduNwayOo

News

သရုပ်​ဆောင်ဟိန်းထက်​နေအိမ် ​သေနတ်ဖြင့်ပစ်ခံရ၍ အဘိုးဖြစ်သူ ​သေဆုံး

ဟိန်းထက်သည် အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ပြည်သူနှင့်အတူပါဝင်ခဲ့ပြီးနောက် လက်နက်ကိုင်တော်လှန်ရေးအတွက် လွတ်မြောက်နယ်မြေသို့ရောက်ရှိနေခြင်းဖြစ်သည်။

လွတ်မြောက်နယ်မြေသို့ရောက်ရှိနေသည့် သရုပ်ဆောင် ဟိန်းထက်၏ နေအိမ်ကို လူတစ်စုက သေနတ်နှင့်ပစ်ခတ်ခဲ့သောကြောင့် အဘိုးဖြစ်သူ ကွယ်လွန်သွားကြောင်း ဟိန်းထက်က လူမှုကွန်ရက်မှတစ်ဆင့်အသိပေးထားသည်။

“ကျနော့်အိမ်ကို လူတစ်စု သေနတ်နဲ့လာပစ်သွားတယ်။ အဖိုးသေနတ်မှန်ပြီးဆုံးသွားပြီ”ဟု ဟိန်းထက်၏ ပေ့ခ်ျ၌ လွန်ခဲ့သည့် နာရီဝက်ခန့်က ပို့စ်တင်ထားသည်။

Public Service Announcement

Public Service Announcement

ဟိန်းထက်သည် အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ပြည်သူနှင့်အတူပါဝင်ခဲ့ပြီးနောက် လက်နက်ကိုင်တော်လှန်ရေးအတွက် လွတ်မြောက်နယ်မြေသို့ရောက်ရှိနေခြင်းဖြစ်သည်။

ဟိန်းထက်ကို ၎င်း၏မိသားစုက ဧပြီ ၇ ရက်တွင် သားအဖြစ်မှ အမွေပြတ်စွန့်လွှတ်ကြောင်း ကြေညာခဲ့သည်။