Connect with us

Hi, what are you looking for?

LuduNwayOo

News

လေးကေကျေးရွာထဲ လေကြောင်းတိုက်ခိုက်လို့ အရပ်သားတွေထိခိုက်ပြီး နေအိမ်တွေလည်း မီးလောင်ပျက်စီး

လေးကေကျေးရွာမှာ စခန်းချနေထိုင်တဲ့ စစ်ကောင်စီတပ်နဲ့ KNLA တပ်မဟာ ၁ ပူးပေါင်းတပ်တို့အကြား ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေချိန်မှာ စစ်ကောင်စီဘက်က အခုလို လေကြောင်းပစ်ကူအသုံးပြုပြီး တပ်မဟာ ၁ ကို ပထမဦးဆုံးအကြိမ်အဖြစ် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာပါ။

ကေအဲန်ယူ-ဘီးလင်းမြို့နယ် တပ်မဟာ ၁ နယ်မြေ လေးကေကျေးရွာထဲကို ဒီကနေ့ မနက် ၁၁ နာရီအချိန်ခန့်ကစပြီး ညနေပိုင်းအထိ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့လို့ ဒေသခံအရပ်သားတွေ ထိခိုက်မှုရှိပြီး နေအိမ်တွေလည်း မီးလောင်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မေ ၁ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်ကစတင်ပြီး ညနေပိုင်းအထိ စစ်ကောင်စီက ရဟတ်ယာဉ် တိုက်လေယာဉ်တွေနဲ့အသုံးပြုပြီး လေးကေကျေးရွာထဲကို ဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ကာ ကျေးရွာအတွင်းက နေအိမ်သုံးလုံးနဲ့ ဘုန်းကြီးကျောင်းတွေ ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတစ်ဦးထံကနေ သိရပါတယ်။

ဒီလို ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားသုံးဦး ထိခိုက်မှုရှိတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါသေးတယ်။

Public Service Announcement

လေးကေကျေးရွာမှာ စခန်းချနေထိုင်တဲ့ စစ်ကောင်စီတပ်နဲ့ KNLA တပ်မဟာ ၁ ပူးပေါင်းတပ်တို့အကြား ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေချိန်မှာ စစ်ကောင်စီဘက်က အခုလို လေကြောင်းပစ်ကူအသုံးပြုပြီး တပ်မဟာ ၁ ကို ပထမဦးဆုံးအကြိမ်အဖြစ် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

ဘီးလင်းမြို့နယ် လေးကေနဲ့ ဝင်းတာပန်ကျေးရွာမှာ တပ်စွဲနေထိုင်ထားတဲ့ စစ်ကောင်စီတပ်တွေအနေနဲ့ ပြန်လည်ဆုတ်ခွားပေးဖို့ တပ်မဟာ ၁ က အသိပေးပြီးတဲ့နောက်ပိုင်း စစ်ရေးတင်းမာမှုတွေပိုမိုဖြစ်ပွားလာခဲ့ကာ တိုက်ပွဲတွေကြောင့် ဒေသခံအရပ်သားပြည်သူ ထောင်ချီ ထွက်ပြေးတိမ်းရှောင်နေခဲ့ရတယ်လို့ သိရပါတယ်။

လတ်တလောမှာ လေးကေနဲ့ ဝင်းတာပန်ဘက်ကို စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ်တွေက စစ်ရေးအင်အားတိုးချဲ့မှုတွေ လုပ်ဆောင်နေပြီး ဒီလိုစစ်ရေးလှုပ်ရှားမှုတွေ ဆောင်ရွက်ရာမှာ အရပ်သားပြည်သူ ၁၀၀ ကျော်ကို လူသားဒိုင်းကာနဲ့ ပေါ်တာအဖြစ် အဓမ္မဖမ်းဆီးပြီး​ ခေါ်ယူအသုံးပြုနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။