Connect with us

Hi, what are you looking for?

News

လေးကေကျေးရွာထဲ လေကြောင်းတိုက်ခိုက်လို့ အရပ်သားတွေထိခိုက်ပြီး နေအိမ်တွေလည်း မီးလောင်ပျက်စီး

လေးကေကျေးရွာမှာ စခန်းချနေထိုင်တဲ့ စစ်ကောင်စီတပ်နဲ့ KNLA တပ်မဟာ ၁ ပူးပေါင်းတပ်တို့အကြား ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေချိန်မှာ စစ်ကောင်စီဘက်က အခုလို လေကြောင်းပစ်ကူအသုံးပြုပြီး တပ်မဟာ ၁ ကို ပထမဦးဆုံးအကြိမ်အဖြစ် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာပါ။

ကေအဲန်ယူ-ဘီးလင်းမြို့နယ် တပ်မဟာ ၁ နယ်မြေ လေးကေကျေးရွာထဲကို ဒီကနေ့ မနက် ၁၁ နာရီအချိန်ခန့်ကစပြီး ညနေပိုင်းအထိ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့လို့ ဒေသခံအရပ်သားတွေ ထိခိုက်မှုရှိပြီး နေအိမ်တွေလည်း မီးလောင်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မေ ၁ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်ကစတင်ပြီး ညနေပိုင်းအထိ စစ်ကောင်စီက ရဟတ်ယာဉ် တိုက်လေယာဉ်တွေနဲ့အသုံးပြုပြီး လေးကေကျေးရွာထဲကို ဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ကာ ကျေးရွာအတွင်းက နေအိမ်သုံးလုံးနဲ့ ဘုန်းကြီးကျောင်းတွေ ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတစ်ဦးထံကနေ သိရပါတယ်။

ဒီလို ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားသုံးဦး ထိခိုက်မှုရှိတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါသေးတယ်။

Public Service Announcement

လေးကေကျေးရွာမှာ စခန်းချနေထိုင်တဲ့ စစ်ကောင်စီတပ်နဲ့ KNLA တပ်မဟာ ၁ ပူးပေါင်းတပ်တို့အကြား ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေချိန်မှာ စစ်ကောင်စီဘက်က အခုလို လေကြောင်းပစ်ကူအသုံးပြုပြီး တပ်မဟာ ၁ ကို ပထမဦးဆုံးအကြိမ်အဖြစ် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

ဘီးလင်းမြို့နယ် လေးကေနဲ့ ဝင်းတာပန်ကျေးရွာမှာ တပ်စွဲနေထိုင်ထားတဲ့ စစ်ကောင်စီတပ်တွေအနေနဲ့ ပြန်လည်ဆုတ်ခွားပေးဖို့ တပ်မဟာ ၁ က အသိပေးပြီးတဲ့နောက်ပိုင်း စစ်ရေးတင်းမာမှုတွေပိုမိုဖြစ်ပွားလာခဲ့ကာ တိုက်ပွဲတွေကြောင့် ဒေသခံအရပ်သားပြည်သူ ထောင်ချီ ထွက်ပြေးတိမ်းရှောင်နေခဲ့ရတယ်လို့ သိရပါတယ်။

လတ်တလောမှာ လေးကေနဲ့ ဝင်းတာပန်ဘက်ကို စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ်တွေက စစ်ရေးအင်အားတိုးချဲ့မှုတွေ လုပ်ဆောင်နေပြီး ဒီလိုစစ်ရေးလှုပ်ရှားမှုတွေ ဆောင်ရွက်ရာမှာ အရပ်သားပြည်သူ ၁၀၀ ကျော်ကို လူသားဒိုင်းကာနဲ့ ပေါ်တာအဖြစ် အဓမ္မဖမ်းဆီးပြီး​ ခေါ်ယူအသုံးပြုနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ ကရင်နီပြည်တပ်မတော်(KA)တပ်ရင်း-၅ တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းက စခန်းကုန်းတွေ မကျရေး စစ်‌တပ်က လေကြောင်းက နေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်တပ်က စစ်​တွေရှိလက်နက်ကြီးအထိုင်စခန်းအနည်းဆုံး ၇နေရာ၊ သံချပ်ကာတင့်ကား၂စီးနဲ့စစ်သင်္ဘောအချို့ပေါ်ကပုဏ္ဏားကျွန်း-စစ်တွေ-ရသေ့တောင်မြို့နယ်တို့ရှိ ရပ်ရွာ​တွေကိုလက်နက်ကြီး​တွေနဲ့ပစ်ခတ်