Connect with us

Hi, what are you looking for?

LuduNwayOo

News

ပဲခူးတိုင်းအုပ်ချုပ်မှုနယ်မြေတိုးချဲ့ရန် ပြည်ပရောက်မြန်မာများက နာရီပိုင်းအတွင်းကျပ်သိန်း ၆,၀၀၀နီးပါး ထည့်ဝင်ကူညီ

Myanmar American Forum ကလည်း “Operation Bago အတွက် အလှုခံရာမှာ အစည်းအဝေးကျင်းပတဲ့ ၂ နာရီကျော်အတွင်း အမေရိကန်ဒေါ်လာ ၃ သိန်းကျော် ၊ မြန်မာကျပ်ငွေသိန်းခြောက်ထောင်နီးပါးရရှိပါတယ်။ တစ်ကမ္ဘာလုံးကမြန်မာပြည်ဖွားတွေ ဒီလောက်ညီနေရင် မကြာခင် မြန်မာပြည်ဟာစစ်ခွေးကင်းမဲ့ဇုန် ဖြစ်တော့မှာပါ”ဟု ထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)သည် ပဲခူးတိုင်းအား အုပ်ချုပ်မှုနယ်မြေတိုးချဲ့ရန် ပြင်ဆင်နေပြီး ယင်းအတွက် နိုင်ငံတကာ​ရောက် မြန်မာမိသားစုများက အလှူငွေကျပ်သိန်း ၆,၀၀၀ နီးပါး(အမေရိကန်ဒေါ်လာ ၃၀၀,၀၀၀) ယမန်နေ့တွင် ထည့်ဝင်ကူညီသည်။

Myanmar American Forum က တာဝန်ယူပြုလုပ်သည့် Global Myanmar Forumကို ယမန်​နေ့တွင် ကျင်းပခဲ့ရာ Operation Bago အတွက် နာရီပိုင်းအ တွင်း ကျပ်သိန်း ၆,၀၀၀ နီးပါးရရှိခဲ့ခြင်း ဖြစ်သည်။

“ပဲခူးတိုင်းနဲ့ပတ်သက်လို့ ကျွန်တော်တို့ သေချာပြင်ဆင်နေပြီ။ ဒီနေ့အထိ ပဲခူးနဲ့ပတ်သက်လို့ လှူတာတွေတွေ့ရတာ အရမ်းဝမ်းသာတယ်။ ဂုဏ်လည်းဂုဏ်ယူတယ်။ ကျွန်တော်တို့ တော်လှန်ရေး အတွက် အားတက်တယ်” ဟု အထက်ပါဖိုရမ်တွင် NUG ပြည်ထဲရေးနှင့် လူဝင်မှု ကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကိုလတ်က ပြောသည်။

အဆိုပါ ထည့်ဝင်လှူဒါန်းမှုတွင် ထိုင်း​ရောက်မြန်မာလုပ်သားများထည့်ဝင်လှူဒါန်းမှုဖြင့် AAC မဟာမိတ်၏ ကိုရဲမင်းဦး​ဆောင်​သောအဖွဲ့က ကျပ်သိန်းတစ်​ထောင် လှူဒါန်းခဲ့သည်။

Public Service Announcement

Public Service Announcement

Myanmar American Forum ကလည်း “Operation Bago အတွက် အလှုခံရာမှာ အစည်းအဝေးကျင်းပတဲ့ ၂ နာရီကျော်အတွင်း အမေရိကန်ဒေါ်လာ ၃ သိန်းကျော် ၊ မြန်မာကျပ်ငွေသိန်းခြောက်ထောင်နီးပါးရရှိပါတယ်။ တစ်ကမ္ဘာလုံးကမြန်မာပြည်ဖွားတွေ ဒီလောက်ညီနေရင် မကြာခင် မြန်မာပြည်ဟာစစ်ခွေးကင်းမဲ့ဇုန် ဖြစ်တော့မှာပါ”ဟု ထုတ်ပြန်သည်။

အမေရိကန်ပြည်ထောင်စုမှ Operations Bago အတွက် ထည့်ဝင်လိုသူများသည် operationpago@gmail.com HUMANITARIAN AND DEVELOPMENT FOUNDATION
(Zelle Account)သို့ တိုက်ရိုက်လှုဒါန်းနိုင်ကြောင်း Myanmar American Forum က ထုတ်ပြန်သည်။

NUG သည် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့၌ အုပ်ချုပ်မှုနယ်မြေများ စတင်တည်ဆောက်ခဲ့ပြီး လက်ရှိတွင် ယင်းတိုင်းနှစ်ခုရှိ မြို့နယ်ပေါင်း ၃၆ ၌ မြို့ပေါ်များမှလွဲ၍ ကျေးရွာစုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းခန့်ကို ကောင်းမွန်စွာထိန်းချုပ်ထားနိုင်ကြောင်း ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က ပြောသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။

သတင်း

မြန်မာနိုင်ငံမှာ အစုအဖွဲ့ပေါင်းစုံရဲ့ သဘောထား အမြင်တွေကို ကိုယ်စားပြု ထင်ဟပ်စေမယ့် ဒီမိုကရက်တစ် အုပ်ချုပ်မှု လမ်းစဉ်မျိုး ပေါ်ထွန်းလာနိုင်အောင် NUGက ကြိုးစားနေတဲ့အပေါ် အတိုင်ပင်ခံပုဂ္ဂိုလ်ရှိုလတ်က အသိအမှတ်ပြု ကြိုဆိုခဲ့ပါတယ်။

သတင်း

ပေါက်ကွဲမှုကြောင့် နေပြည်တော် အေလာလေဆိပ်အနီး၊ လယ်ဝေးနှင့် ပျဥ်းမနားမြို့စွန်တို့တွင် ဖုန်းလိုင်းအချို့ ယာယီပြတ်တောက်မှုဖြစ်ခဲ့ကြောင်း ဒေသခံပြည်သူတို့က ပြောသည်။