Connect with us

Hi, what are you looking for?

LuduNwayOo

News

ရဟတ်ယာဉ်အမှု တရားလို ကိုစတင်စစ်ဆေး

တရားလိုဖြစ်သူကို အပြန်အလှန်စစ်ဆေးဖို့အတွက် တရားရုံးက လာမယ့် ရက်သတ္တပတ်ရုံးချိန်းကို ချိန်းဆိုတယ်လို့သိရပါတယ်။

ရဟတ်ယာဉ်ဌားရမ်းဝယ်ယူတဲ့ ကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အဂတိအမှု နဲ့ တရားစွဲတဲ့ တရားလိုကို ဒီနေ့မှာ စစ်ဆေးတယ်လို့သိရပါတယ်။

တရားလိုဟာစစ်ကောင်စီရဲ့အဂတိကော်မရှင်ကဖြစ်တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။

တရားလိုဖြစ်သူကို အပြန်အလှန်စစ်ဆေးဖို့အတွက် တရားရုံးက လာမယ့် ရက်သတ္တပတ်ရုံးချိန်းကို ချိန်းဆိုတယ်လို့သိရပါတယ်။

NLD အစိုးရလက်ထက် သဘာဝဘေးအန္တရာယ်အရေးတွေမှာ အသုံးပြုဖို့ ရဟတ်ယာဉ်တစ်စီး ဌားရမ်းခဲ့တာရှိသလို နိုင်ငံပိုင် ရဟတ်ယာဉ်တစ်စီး ဝယ်ယူခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒီလို ရဟတ်ယာဉ် ဌားရမ်း၊ဝယ်ယူရာမှာ နိုင်ငံဘဏ္ဍာငွေထိခိုက်နစ်နာတာတွေရှိတယ်ဆိုပြီး သမ္မတဦးဝင်းမြင့် ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ကို အဂတိပုဒ်မနဲ့ စစ်ကောင်စီက တရားစွဲတာပါ။

တရားစွဲရာမှာ ထောင်ဒဏ် ၁၅ နှစ်ထိချလို့ရတဲ့ အဂတိပုဒ်မနဲ့တရားစွဲတာလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်အာဏာသိမ်းပြီး​နောက်​တော်လှန်​ရေးအဖွဲ့များပစ်ချခဲ့သည့် စစ်​ကောင်စီ ရဟတ်ယာဥ်နှင့် ​လေယာဥ် ၇ စီးရှိပြီဖြစ်သည်။

သတင်း

ရက္ခိုင်ဒေသအတွင်း၌ ပေါက်တောမြို့ ပြီးလျှင် ရမ်းဗြဲမြို့သည် စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရမှု၊ အပျက်အစီးအများဆုံးမြို့ဖြစ်ကြောင်း ထုတ်ပြန်ကာ စစ်ကောင်စီ၏ အယုတ်မာဆုံးသော ဖက်ဆစ်လုပ်ရပ်များဖြစ်သည်ဟု ဖော်ပြထားသည်။

နိုင်ငံတကာ

ဖေဖော်ဝါရီ ၇ ရက်နေ့ ညပိုင်းက ဆန်ဒီယေဂို မြို့နားမှာရှိတဲ့ လူသူ အရောက်အပေါက် နည်းပါးရာ နေရာတစ်ခုကို CH-53E Super Stallion ရဟတ်ယာဉ် ပျက်ကျပြီး လိုက်ပါသွားသူ မရိန်းတပ်ဖွဲ့ဝင်အားလုံး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

သတင်း

ယမန်နေ့( ဇန်နဝါရီလ၂၉) ရက် မွန်းလွဲ ၂နာရီဝန်းကျင်တွင် စစ်ကောင်စီရဟတ်ယာဉ်ကို KNU ဒူးပလာယာခရိုင် ၊ တပ်မဟာ(၆)နယ်မြေ မြ၀တီမြို့အနီး၌ ပစ်ချခဲ့ခြင်းဖြစ်​​ကြောင်းအသိပေးသည်။