Connect with us

Hi, what are you looking for?

LuduNwayOo

News

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် မြို့ခံအချို့ကို မအူပင်သွေးသောက်အဖွဲ့ ခြိမ်းခြောက်နေ

” အိအိပြုံး နင်အေးဆေးနေ “ဟု အစချီထားသော စာရေးသားကာ ယမန်နေ့(မေ လ၈ရက်)က စာဖြန့်ဝေသွားခြင်းဖြစ်သည်။ ဒေါ်အိအိပြုံး၏မိသားစုဝင်များအား အသက်အန္တရာယ်ပြုမည်ဟု ရေးသားထားသည်။

ယင်းအဖွဲ့သည် ရူးနှမ်းနေသောအဖွဲ့ဟု မြို့ခံများပြော

စစ်အာဏာရှင်တော်လှန်ရေးလုပ်ဆောင်နေသည့် မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် မြို့ခံအချို့ကို အသက်အန္တရာယ်ပြုမည်ဟု မအူပင်သွေးသောက်ဆိုသည့်အဖွဲ့က သတိပေးစာ ထုတ်ထားပြီး ရယ်စရာလုပ်ရပ်သာဖြစ်သည်ဟု ခြိမ်းခြောက်ခံရသူများက တုန့်ပြန်သည်။

မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်အိအိပြုံးနှင့် ယခုလွတ်မြောက်နယ်မြေတစ်နေရာတွင် ရောက်ရှိနေသည့် မြို့ခံအချို့ကို မအူပင်သွေးသောက်ဆိုသည့်အဖွဲ့က စာရွက်အဖြူပေါ်တွင် သဘ်ောဆေးအနီဖြင့် စာရေးကာ ခြိမ်းခြောက်ထားခြင်းဖြစ်သည်။

” အိအိပြုံး နင်အေးဆေးနေ “ဟု အစချီထားသော စာရေးသားကာ ယမန်နေ့(မေ လ၈ရက်)က စာဖြန့်ဝေသွားခြင်းဖြစ်သည်။ ဒေါ်အိအိပြုံး၏မိသားစုဝင်များအား အသက်အန္တရာယ်ပြုမည်ဟု ရေးသားထားသည်။

Public Service Announcement

Public Service Announcement

ယင်းကဲ့သို့ ခြိမ်းခြောက်ခြင်းသည် ဂရုစိုက်စရာ တစ်ချက်မျှမရှိဟု ဒေါ်အိအိပြုံးက တုန့်ပြန်ထားသည်။

“ကိုယ်တွေဆီ စာပို့ရင် လက်ရေးလှလှ ရေးပါ။မဟုတ်ရင် လုံးဝ မဖတ်တာ”ဟု ဟာသနှောကာ ပြန်လည် တုန့်ပြန်ထားသည်။

မအူပင်သေးသောက်ဆိုသည့် အဖွဲ့သည် အဆင့်အတန်းမရှိသည့်အဖွဲ့ဟုလည်း ပြောဆိုထားသည်။ ဒေါ်အိအိပြုံးအပြင် မြို့ခံအချို့ကိုလည်း မအူပင်သေးသောက်ဆိုသည့်အဖွဲ့က လိုက်လံခြိမ်းခြောက်ထားသည်။

မအူပင်သွေးသောက်အဖွဲ့သည် မဘသနှင့် ကြံ့ခိုင်ရေးပါတီတွင် ​နေရာပျောက်နေသူများကို စစ်ကောင်စီက ဦးဆောင်ဖွဲ့စည်းထားခြင်းဖြစ်ပြီး အဖွဲ့ဝင်များအားလုံးသည် ပညာမဲ့သူများ၊ သာကူးများဖြစ်သည်ဟု မြို့ခံများက ပြောသည်။ ပြည်သူနှင့် PDFကို ကြောက်လန့်ကာ တန်ပြန်ဖွဲ့စည်းထားခြင်းဖြစ်ပြီး မအူပင်မြို့အသိုင်းအဝိုင်းတွင် အရူးအနှမ်းအဖွဲ့ဟုသာ လူသိများသည်ဟု ဆိုသည်။

“ပါတဲ့လူတွေ၊ ဘယ်နေ့က ဘယ်မှာအစည်းအဝေးလုပ်တာကအစ ကျွန်တော်တို့သိတယ်။ သူတို့(မအူပင် သွေးသောက်အဖွဲ့)လည်း ကြောက်ကြောက်နဲ့ လုပ်နေတာ”ဟု မအူပင်မြို့ခံတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ညွှန်ကြားချက်ကိုမလိုက်နာလို့ နိုင်ငံခြားငွေ လက်ထဲတွေ့ရင် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေနဲ့အရေးယူမယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်ပါတယ်။

နိုင်ငံတကာ

လောလောဆယ် အဲဒီရေပြင်မှာ အမေရိကန်ရဲ့ A-10 တိုက်လေယာဉ်တွေ ပုံမှန် ကင်းလှည့် ပျံသန်းနေပြီး F-16တွေကတော့ မတူညီတဲ့ စစ်ဆင်ရေး ရှုထောင့်ကနေ A-10တွေကို ပါဝင်ကူညီ ပံ့ပိုးနိုင်လိမ့်မယ်လို့ ပင်တဂွန် အရာရှိတွေက ဆိုပါတယ်။

သတင်း

ယနေ့ (ဇူလိုင်လ ၂ ရက်) နေ့လယ် ၁၂ နာရီက လင်းပိုးကျေးရွာကို အင်အား ၆၀ခန့်ပါ စစ်ကောင်စီတပ်က ခြေလျင်စစ်ကြောင်းထိုး ဝင်ရောက်ခဲ့သည်။

သတင်း

Pact Myanmarအဖြစ်၁၉၉၇ခုနှစ်တွင် UNDP၏ကျေးလက်ဒေသဖွံ့ဖြိုးရေးအစီအစဉ်စတင်ဖြင့်ဝင်ရောက်လာခြင်းဖြစ်သည်။ ၂၀၁၂ခုနှစ်တွင် အသေးစားချေးငွေလုပ်ငန်းအဖြစ်ပြောင်းလည်း၍ ကျေးလက်ဒေသကို အတိုးနည်းချေးငွေများ ထုတ်ချေးပေးနေခြင်းဖြစ်သည်။