Connect with us

Hi, what are you looking for?

News

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် မြို့ခံအချို့ကို မအူပင်သွေးသောက်အဖွဲ့ ခြိမ်းခြောက်နေ

” အိအိပြုံး နင်အေးဆေးနေ “ဟု အစချီထားသော စာရေးသားကာ ယမန်နေ့(မေ လ၈ရက်)က စာဖြန့်ဝေသွားခြင်းဖြစ်သည်။ ဒေါ်အိအိပြုံး၏မိသားစုဝင်များအား အသက်အန္တရာယ်ပြုမည်ဟု ရေးသားထားသည်။

ယင်းအဖွဲ့သည် ရူးနှမ်းနေသောအဖွဲ့ဟု မြို့ခံများပြော

စစ်အာဏာရှင်တော်လှန်ရေးလုပ်ဆောင်နေသည့် မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် မြို့ခံအချို့ကို အသက်အန္တရာယ်ပြုမည်ဟု မအူပင်သွေးသောက်ဆိုသည့်အဖွဲ့က သတိပေးစာ ထုတ်ထားပြီး ရယ်စရာလုပ်ရပ်သာဖြစ်သည်ဟု ခြိမ်းခြောက်ခံရသူများက တုန့်ပြန်သည်။

မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်အိအိပြုံးနှင့် ယခုလွတ်မြောက်နယ်မြေတစ်နေရာတွင် ရောက်ရှိနေသည့် မြို့ခံအချို့ကို မအူပင်သွေးသောက်ဆိုသည့်အဖွဲ့က စာရွက်အဖြူပေါ်တွင် သဘ်ောဆေးအနီဖြင့် စာရေးကာ ခြိမ်းခြောက်ထားခြင်းဖြစ်သည်။

” အိအိပြုံး နင်အေးဆေးနေ “ဟု အစချီထားသော စာရေးသားကာ ယမန်နေ့(မေ လ၈ရက်)က စာဖြန့်ဝေသွားခြင်းဖြစ်သည်။ ဒေါ်အိအိပြုံး၏မိသားစုဝင်များအား အသက်အန္တရာယ်ပြုမည်ဟု ရေးသားထားသည်။

Public Service Announcement

Public Service Announcement

ယင်းကဲ့သို့ ခြိမ်းခြောက်ခြင်းသည် ဂရုစိုက်စရာ တစ်ချက်မျှမရှိဟု ဒေါ်အိအိပြုံးက တုန့်ပြန်ထားသည်။

“ကိုယ်တွေဆီ စာပို့ရင် လက်ရေးလှလှ ရေးပါ။မဟုတ်ရင် လုံးဝ မဖတ်တာ”ဟု ဟာသနှောကာ ပြန်လည် တုန့်ပြန်ထားသည်။

မအူပင်သေးသောက်ဆိုသည့် အဖွဲ့သည် အဆင့်အတန်းမရှိသည့်အဖွဲ့ဟုလည်း ပြောဆိုထားသည်။ ဒေါ်အိအိပြုံးအပြင် မြို့ခံအချို့ကိုလည်း မအူပင်သေးသောက်ဆိုသည့်အဖွဲ့က လိုက်လံခြိမ်းခြောက်ထားသည်။

မအူပင်သွေးသောက်အဖွဲ့သည် မဘသနှင့် ကြံ့ခိုင်ရေးပါတီတွင် ​နေရာပျောက်နေသူများကို စစ်ကောင်စီက ဦးဆောင်ဖွဲ့စည်းထားခြင်းဖြစ်ပြီး အဖွဲ့ဝင်များအားလုံးသည် ပညာမဲ့သူများ၊ သာကူးများဖြစ်သည်ဟု မြို့ခံများက ပြောသည်။ ပြည်သူနှင့် PDFကို ကြောက်လန့်ကာ တန်ပြန်ဖွဲ့စည်းထားခြင်းဖြစ်ပြီး မအူပင်မြို့အသိုင်းအဝိုင်းတွင် အရူးအနှမ်းအဖွဲ့ဟုသာ လူသိများသည်ဟု ဆိုသည်။

“ပါတဲ့လူတွေ၊ ဘယ်နေ့က ဘယ်မှာအစည်းအဝေးလုပ်တာကအစ ကျွန်တော်တို့သိတယ်။ သူတို့(မအူပင် သွေးသောက်အဖွဲ့)လည်း ကြောက်ကြောက်နဲ့ လုပ်နေတာ”ဟု မအူပင်မြို့ခံတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ရှိ စက်သုံးဆီဆိုင်တွေမှာ တန်းစီနေတဲ့ဆိုင်ကယ်တွေကို စစ်အုပ်စုဝင်တွေက ဝင်ရောက်စစ်ဆေးပြီး ဆီဘူးတွေပါရင်သိမ်းကာ ဆီတရားမဝင်သိုလှောင်မှုနဲ့ ဖမ်းဆီးမယ်လို့ ခြိမ်းခြောက်နေကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေဟာ လူငယ်တွေကို မှောင်ရိပ်ခိုတယ်ဆိုပြီး ဖမ်းဆီးကာ ခြိမ်းခြောက်ငွေတောင်းမှုတွေလုပ်နေတယ်လို့ မြို့ခံ​တွေက​ပြောတယ်။

သတင်း

နိုင်ငံတကာ ရုပ်ရှင်တွေကို မြန်မာစာတန်းထိုးပြီး တင်ဆက်နေတဲ့ Channel Myanmar နဲ့ AWS+ application နှစ်ခုကို အရေးယူမယ်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ခြိမ်းခြောက်လိုက်ပါတယ်။

သတင်း

ပဲခူးတိုင်း ၊ သာယာဝတီထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေကို နှစ်ကြီးသမား ရာဇဝတ်အကျဉ်းသား ပြူးကြီးဆိုသူက ရိုက်နှင် ညှင်းပန်းတာတွေ ပြုလုပ်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM ) က သြဂုတ် ၅ ရက်မှာ ထုတ်ပြန်အသိပေးပါတယ်။