Connect with us

Hi, what are you looking for?

News

ရဟတ်ယာဉ်အမှုမှာ တရားလို ကို ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ရှေ့နေစစ်ဆေး

လာမယ့်ရုံးချိန်းကို မေလ ၁၆ ရက်ကို ချိန်းဆိုထားပြီး ဒီနေ့ ရုံးချိန်းမှာ သမ္မတ ဦးဝင်းမြင့် နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ကျန်းမာရေးကောင်းကြတယ်လို့သိရပါတယ်။

ဓာတ်ပုံ − AFP

ရဟတ်ယာဉ်ဌားရမ်းမှုနဲ့ ပတ်သက်ပြီး သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့အပေါ် အဂတိပုဒ်မနဲ့တရားစွဲတဲ့ တရားလိုကို စွပ်စွဲခံရသူဘက်က ရှေ့နေတွေက ဒီနေ့တရားခွင်မှာ စစ်ဆေးခဲ့တယ်လို့သိရပါတယ်။

တရားလိုဟာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီပြန်လည်ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ အဂတိကော်မရှင်က ဖြစ်ပါတယ်။တရားလိုကို ဒီနေ့ ညနေ ၃ နာရီအထိ စစ်ဆေးကြားနာခဲ့ပေမယ့် ရှေ့နေတွေကို မီဒီယာဖြေဆိုခွင့်ပိတ်ပင်ထားတဲ့အတွက် စစ်ဆေးကြားနာမှုအသေးစိတ်ကိုမသိရပါဘူး။

လာမယ့်ရုံးချိန်းကို မေလ ၁၆ ရက်ကို ချိန်းဆိုထားပြီး ဒီနေ့ ရုံးချိန်းမှာ သမ္မတ ဦးဝင်းမြင့် နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ကျန်းမာရေးကောင်းကြတယ်လို့သိရပါတယ်။

NLD အစိုးရလက်ထက် သဘာဝဘေးအန္တရာယ်အရေးတွေမှာ အသုံးပြုဖို့ ရဟတ်ယာဉ်တစ်စီး ဌားရမ်းခဲ့တာရှိပါတယ်။

Public Service Announcement

Public Service Announcement

ဒီလို ရဟတ်ယာဉ် ဌားရမ်းရာမှာ နိုင်ငံဘဏ္ဍာငွေထိခိုက်နစ်နာတာတွေရှိတယ်ဆိုပြီး သမ္မတဦးဝင်းမြင့် ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ကို အဂတိပုဒ်မနဲ့ စစ်ကောင်စီက တရားစွဲတာပါ။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

နိုင်ငံတကာ

ဒိန်းမတ် ရဟတ်ယာဉ်ကို ရုရှားစစ်သင်္ဘောက မီးကျည်နဲ့ လှမ်းပစ်ခဲ့တဲ့ လုပ်ရပ်အပေါ် ဥရောပ သမဂ္ဂ (EU)က အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။