Connect with us

Hi, what are you looking for?

News

နိုင်ငံရေးအကြပ်အတည်းအဖြေရှာရန် ပါဝင်သင့်သူအားလုံးပါသည့်ဆွေးနွေးပွဲလိုအပ်ဟု KNU၊ KNPPနှင့် CNFတို့ပူးတွဲထုတ်ပြန်

ယခု ပူးတွဲထုတ်ပြန်ချက်တွင် ပြည်ထောင်စု၏ ပြဿနာကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုဖြင့် အဖြေရှာရေးသည် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ အစဉ်တစိုက် တောင်းဆိုခဲ့သည့် တောင်းဆိုချက်ပင်ဖြစ်ကြောင်းသည်ဟု ဆိုသည်။

▪️စစ်ကောင်စီက ထိုးစစ်ဆင်မှုအမြန်ဆုံးရပ်တန့်ပြီး စစ်ဘေးသင့်ပြည်သူများအား လွတ်လပ်စွာ ကူညီနိုင်ရေး ဖိတ်ခေါ်ခွင့်ပြုရန် ဖော်ပြထား

တိုင်းပြည်မှ လက်ရှိရင်ဆိုင်ကြုံတွေ့နေရသည့် နိုင်ငံရေးအကြပ်အတည်းများကို တွေ့ဆုံဆွေးနွေး အဖြေရှာမည်ဆိုပါက ပါဝင်သင့်သော Stakeholder များအားလုံး ပါဝင်ရန် လိုအပ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီအမျိုးသားများတိုး တက်ရေးပါတီ( KNPP)နှင့် ချင်းအမျိုးသားတပ်ဦး(CNF) တို့က ပူးတွဲထုတ်ပြန်သည်။

ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းတို့မှ ကြားဝင်စေ့စပ်ပေးသည့်မျှတသော တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းအမှန် ဖြစ်ပေါ်လာမည်ဖြစ်ပြီး အဆိုပါ တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းမှ တဆင့် မိမိတို့မျှော်မှန်းသော ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံကို တည်ဆောက်သွားနိုင်မည်ဖြစ်ကြောင်း၊

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ဧပြီ ၂၂ရက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များဖြင့် ငြိမ်းချမ်းရေးဆွေးနွေးလိုကြောင်း ဖိတ်ခေါ်ချက်အပေါ် အဆိုပါ လက်နက်ကိုင်သုံးဖွဲ့က ပူးတွဲထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ယင်းသုံးဖွဲ့သည်တစ်ဖွဲ့ချင်းစီ၏ သဘောထားများကို ထုတ်ပြန်ရာတွင်လည်း စစ်ကောင်စီ၏ ဆွေးနွေးပွဲ မတက်ရောက်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ယခု ပူးတွဲထုတ်ပြန်ချက်တွင် ပြည်ထောင်စု၏ ပြဿနာကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုဖြင့် အဖြေရှာရေးသည် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ အစဉ်တစိုက် တောင်းဆိုခဲ့သည့် တောင်းဆိုချက်ပင်ဖြစ်ကြောင်းသည်ဟု ဆိုသည်။

ထို့ကြောင့် စစ်ကောင်စီ၏ လက်ရှိ ထိုးစစ်ဆင်နေမှုများအား အမြန်ဆုံးရပ်တန့်ပြီး ပါဝင်သင့် ပါဝင်ထိုက်သော Stakeholder များအားလုံး ပါဝင်လျက် အဓိပ္ပါယ် ပြည့်၀သော တွေ့ဆုံဆွေးနွေးမှုကို ဖော်ဆောင်ရန်အပြင် နိုင်ငံတကာ လူမှုအဖွဲ့အစည်းများမှ စစ်ဘေးသင့် ပြည်သူလူထုများအားလွတ်လပ်စွာ ကူညီထောက်ပံ့မှုအား ဆောလျင်စွာ ဖိတ်ခေါ်ခွင့်ပြုသွားရန် ထုတ်ပြန်အပ်သည်ဟု ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးကျင်းပပြီး အထွေထွေအတွင်းရေးမှူးနဲ့ အတွင်းရေးမှူး ၂နေရာအတွက် အစားထိုးခန့်အပ်ခဲ့တယ်လို့ KNPPက ထုတ်ပြန်ပါတယ်။