Connect with us

Hi, what are you looking for?

LuduNwayOo

News

ပြည်တွင်းစားအုန်းဆီလက်ကျန်နည်း​နေ၍ ကုမ္ပဏီများကို ဆီ​လှောင်ကန်မှထုတ်ယူခွင့်မပြု​တော့

ပြည်တွင်းစားအုန်းဆီကုမ္ပဏီများကပြည်ပမှ တင်သွင်းလာသည့် စားအုန်းဆီများကို ရန်ကုန်ဆိပ်ကမ်းရှိ သိုလှောင်ကန်များတွင်သိုလှောင်ပြီးမှ ပြန်ထုတ်ယူ၍ ပြည်တွင်းတွင် ပြန်လည်ဖြန့်ဖြူးကြရခြင်းဖြစ်သည်။

ပြည်တွင် စားဆီ​ဈေးများဆက်တိုက်တက်​နေသည်

●​မြေပဲနှင့်နှမ်းပြည်ပတင်ပို့ခွင့်ကိုလည်းမေ၉မှစ၍ရပ်ဆိုင်း

ပြည်တွင်းစားအုန်းဆီ လက်ကျန် နည်းပါးနေ၍ စစ်ကောင်စီခွင့်ပြုချက်ရမှာသာဆီထုတ်ယူခွင့်ပြုတော့မည်ဟုမြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း(MEODA)က စားအုန်းဆီတင်သွင်း​ရောင်းချ​သောကုမ္ပဏီများထံမေ ၁၀ ရက်ကအကြောင်းကြားသည်။

လက်ရှိပြည်တွင်းတွင် စားအုန်းဆီ လက်ကျန်မှာ မေ ၉ ရက် ဆီကန်များတွင် တန်ချိန် ၁၈,၀၀၀ သာရှိတော့ကြောင်း ထိုပမာဏအတိုင်းထားရှိရမည်ဟု စစ်ကောင်စီထိန်းချုပ်ထားသည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း
(MEODA)ထံအကြောင်းကြားခဲ့ခြင်းဖြစ်သည်။

ဆီကုန်သည်နှင့် လုပ်ငန်းရှင်များ ကဆီသွင်း​သောကုမ္ပဏီများသို့အ​ကြောင်းကြားစာ

ပြည်တွင်းစားအုန်းဆီကုမ္ပဏီများကပြည်ပမှ တင်သွင်းလာသည့် စားအုန်းဆီများကို ရန်ကုန်ဆိပ်ကမ်းရှိ သိုလှောင်ကန်များတွင်သိုလှောင်ပြီးမှ ပြန်ထုတ်ယူ၍ ပြည်တွင်းတွင် ပြန်လည်ဖြန့်ဖြူးကြရခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဝန်ကြီးဌာနက ညွှန့်ကြားချက် တစုံတရာမရှိဘဲ ဆီထုတ်ပေးခြင်းမပြုရဟုလည်း စစ်ကောင်စီက ခြိမ်းခြောက်ထားသည်။

လက်ရှိတွင်ပြည်တွင်းဆီဈေးမှ ဆက်တိုက်မြင့်တက်လာပြီး မေ ၁၅ ရက်အထိ စားသုံးဆီလက်ကားတစ်ပိသာလျှင် ၆၀၂၅ ကျပ်ဟု စစ်ကောင်စီကသတ်မှတ်ထားသည်။ သို့သော်လည်း ပြင်ပပေါက်ဈေးတွင် ဆီတစ်ပိသာလျှင် ၇၄၀၀ကျပ် အထိ ယနေ့ပေါက်ဈေးရှိနေသည်ဟု ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

စစ်​ကောင်စီ၏ စီးကူးဝန်ကြီးဌာနညွန်ကြားချက်

“ဒီနေ့တော အရင်တက်တဲ့ ဈေးနှုန်းအတိုင်းပဲ ရောင်းနေတယ်။ လက်ကျန်ပြတ်ပြီးထပ်ဝယ်မှဈေးတက်လာမယ်”ဟု ရန်ကုန်မြို့မှ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။

ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ နှင့် နှမ်းတို့ကို ပြည်ပတင်ပို့ခွင့်ကို မေ ၉ ရက်မှစတင်ပြီး ရပ်ဆိုင်းကြောင်းအကြမ်းဖက်စစ်ကောင်စီကထုတ်ပြန်ထားသည်။

“ဒီလိုဖြစ်လာမယ်ဆိုတာ ကြိုတင်သိပြီးသားပါ၊ ပြည်တွင်းမှာ ဆီလက်ကျန်အများကြီးကျန်သေးတယ်။ စိတ်မပူကြပါနဲ့ဆိုတဲ့ စကားကို ယုံတဲ့သူတွေကိုပဲ ထိုင်ရယ်ချင်တယ်”ဟု ဆီလုပ်ငန်းရှင်တစ်ဦးကပြောသည်။

ကမ္ဘာ့ထိပ်တန်းစားအုန်းဆီထုတ်လုပ်နေသည့် အင်ဒိုနီးရှားနိုင်ငံက နိုင်ငံတွင်း စားနပ်ရိက္ခာဖူလုံရန် ပြည်ပနိုင်ငံများကို တင်ပို့မှုကိုဧပြီ ၂၈ ရက်ကစတင်ပြီး ရပ်ဆိုင်းခဲ့သည်။

၂၀၁၇ ဇွန်လတွင် ထုတ်ပြန်သော အစိုးရစာရင်းများအရ မြန်မာနိုင်ငံတွင် နှစ်စဉ် စားသုံးဆီတန်ချိန်တစ်သန်းခန့်လိုအပ်ပြီး ပြည်တွင်းထုတ်လုပ်မှုသည် တန်ချိန် ​လေးသိန်းသာရှိ၍ ပြည်ပတန်ချိန် ခြောက်သိန်း တင်သွင်းရသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေရောင်းဝယ်မည့်သူများသည် စစ်ကောင်စီကထုတ်ပေးသည့် စမတ်ကတ်နှင့် ထောက်ခံစာတင်ပြရမည်ဟု စစ်ကောင်စီက ရွှေဆိုင်များကို ကန့်သတ်ထား​ကြောင်း ရွှေဆိုင်အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

သတင်း

စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် စစ်ကောင်စီက ခရီးသွားလုပ်ငန်းကို စောင့်ကြည့်တင်းကြပ်လိုက်ပြီး ပြည်တွင်းခရီးသွားလာရာတွင် ခရီးသွားခွင့်ကဒ်ဖြင့်သွားရန် ရပ်ကျေးအုပ်ချုပ်ရေးမှူးများက အသိပေးလာကြောင်း သတင်းရရှိသည်။ ” ဒီမနက် ရပ်ကွက်ရုံးက အသိပေးလာတယ်။ ခရီးသွားမယ့်သူတွေ ခရီးသွားကဒ်လုပ်ရမယ်တဲ့။ တစ်ကဒ် ၁၅၀၀ တဲ့။ မှတ်ပုံတင်နဲ့မရတော့ဘူးလို့ပြောတယ်”ဟု ဧရာဝတီတိုင်း၊ ဇလွန်မြို့မှ ‌ဒေသခံတစ်ဦးက ယနေ့(ဖေဖော်ဝါရီ ၁၄ရက်)...

သတင်း

ကုမ္ပဏီများကို အွန်လိုင်းတဆင့်မှတ်ပုံတင်ရန်နှင့် မှတ်ပုံတင်ထားသည့် ကုမ္ပဏီအမျိုးအစား၊ဒါရိုက်တာများ၊ ကုမ္ပဏီလိပ်စာများနှင့် ကုမ္ပဏီအကြောင်းအရာများ အများပြည်သူကြည့်ရှုနိုင်ရန် ဖော်ပြထားခြင်းဖြစ်သည်။

သတင်း

ဦးသိန်းဝင်းဇော်ရှယ်ယာပိုင်ဆိုင်သည့် စီးပွားရေးလုပ်ငန်းစုများကို အီးယူနှင့် အမေရိကန်အပါအဝင် အနောက်နိုင်ငံများက ဒဏ်ခတ်ပိတ်ဆို့အရေးယူထားသည်။