Connect with us

Hi, what are you looking for?

သတင်း

ပြည်တွင်းဆန်ဈေးကြီးမြင့်နေချိန် ပြည်ပဆန်ပိုတင်ပို့ရန် စစ်ကောင်စီစီစဉ်

စစ်ကောင်စီသည် ၂၀၂၄ ဧပြီ ၁ရက်မှ နိုဝင်ဘာ ၃၀ ရက်အထိ ပြည်ပကို ဆန်တန်ချိန် ၁ ဒသမ ၇ သန်းတင်ပို့ခဲပြီး နိုင်ငံခြားငွေ ဒေါ်လာ သန်း ၈၀၀ ကျော်ရရှိထားသည်။

(ပြည်ပသို့ ဆန်တင်ပို့ရန် သ​ဘော်​ပေါ်သို့တင်​​နေစဥ်။ဓါတ်ပုံ-စစ်​ကောင်စီ)
(ပြည်ပသို့ ဆန်တင်ပို့ရန် သ​ဘော်​ပေါ်သို့တင်​​နေစဥ်။ဓါတ်ပုံ-စစ်​ကောင်စီ)

တာရာ/People’s Spring

စစ်စရိတ်​ထောင်း​နေပြီး နိုင်ငံခြား​ငွေအမြဲလိုအပ်နေသည့် စစ်ကောင်စီက ပြည်ပသို့ ဆန်ပိုတင်ပို့ပြီးနိုင်ငံခြား​ငွေပိုရှာနိုင်​ရေး နွေစပါးတိုး၍ စိုက်ပျိူးရန် နှင့် ပို့ကုန်ထုတ်လုပ်သည့် ဇုန်များသတ်မှတ်မည်ဟု စစ်ကောင်စီ လက်အောက်ခံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။

ပြည်ပဆန်ပို့မှုမှ တလလျှင်ဒေါ်လာ သန်း ၁၀၀ ကျော်ရရှိနေသည့် စစ်ကောင်စီက ပြည်ပသို့ဆန် ပိုမိုတင်ပို့​ရောင်းချရန် အရှိန်မြင့်တင်ရန်ယခုကဲ့သို့ စီစဉ်နေခြင်းဖြစ်သည်ဟု ဆန်လုပ်ငန်းရှင်များကပြောသည်။

“ပြီးခဲ့တဲ့ ရက်ပိုင်းက ဆန်စပါးကဏ္ဍ ဖွံဖြိုးတိုးတက်ရေးဆိုပြီး ဌာနဆိုင်ရာ(စစ်ကောင်စီလက်အောက်ခံဌာနများ)နဲ့ ဆန်စပါးအသင်းချုပ်တို့ အစည်းအဝေးလုပ်တဲ့အထဲမှာ အခုလို နွေစပါးနဲ့ export zoneတွေ သတ်မှတ်ပြီး ပြည်ပကို ဆန်တင်ပို့မယ်လို့ ပြောကြတာပါ”ဟု ဆန်လုပ်ငန်းရှင်တဦးက​ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက ဆန်စပါးတင်ပို့မှုကို ကာလတိုအတွင်း ပိုမိုတင်ပင်နိုင်ရန်၊ နွေစပါးတိုးချဲ့ စိုက်ပျိုးရန်၊ ပို့ကုန်ဇုန်များသတ်မှတ်ရန် နှင့် စပ်မျိုးစပါးများစိုက်ပျိုးရန် စီစဉ်နေကြောင်း ဆန်စပါးလုပ်ငန်းရှင်အချို့က​ပြောသည်။

နိုင်ငံခြားငွေလိုအပ်ချက်မြင့်မားနေသည့် စစ်ကောင်စီက ၂၀၂၄ နိုဝင်ဘာလအတွင်း ပြည်ပသို့ ဆန်တန်ချိန် ၃ သိန်းကျော်စံချိန်တင် တင်ပို့ခဲ့ပြီး နိုင်ငံခြားငွေ ‌ဒေါ်လာ သန်း ၁၅၀‌ကျော်ရရှိခဲ့သည်ဟု ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် ၂၀၂၄ ဧပြီ ၁ရက်မှ နိုဝင်ဘာ ၃၀ ရက်အထိ ပြည်ပကို ဆန်တန်ချိန် ၁ ဒသမ ၇ သန်းတင်ပို့ခဲပြီး နိုင်ငံခြားငွေ ဒေါ်လာ သန်း ၈၀၀ ကျော်ရရှိထားသည်။

ပြည်တွင်း၌ ဆန်ဈေးများမြင့်တက်နေချိန်တွင် စစ်ကောင်စီက ပြည်ပသို့ ဆန်တင်ပို့မှုကိုမူ အရှိန်မြင့်တင်နေခြင်းဖြစ်သည်။ စစ်ကောင်စီက ဆန်ဈေးကို ၎င်းတို့သတ်မှတ်ထားသည့် ဈေးနှုန်းအတိုင်းရောင်းချရန် ဖိအားပေးထားပြီး မရောင်းချပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေဖြင့်အရေးယူမည်ဟု လုပ်ငန်းရှင်များကိုခြိမ်းခြောက်ထားသလို လုပ်ငန်းရှင်အချို့ကိုလည်းဖမ်းဆီး​ထောင်ချခဲ့သည်။

ပြင်ပဈေးကွက်တွင် ဆန်ကြမ်းတအိတ်ကို ကျပ် ၉၀,၀၀၀ပေါက်ဈေးရှိနေချိန်တွင် စစ်ကောင်စီက ကျပ် ၇၃၀၀၀ သာ သတ်မှတ်ထားသည်။ ရွှေဘိုပေါ်ဆန်းတအိတ်ကို ပြင်ပဈေးကွက်တွင် ကျပ် ၁၇၀,၀၀၀‌ပေါက်ဈေးရှိနေချိန်တွင် စစ်ကောင်စီက ကျပ်၁၄၅,၀၀၀ သတ်မှတ်ထားသည်။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ​လျော့နည်းသွားခြင်း ၊ကုန်သွယ်မှု​လျော့ကျပြီး နယ်စပ်ကုန်သွယ်​ရေးစခန်းအားလုံးနီးပါးကို ​တော်လှန်​ရေးတပ်များကသိမ်းပိုက်ထားခြင်း ၊ အ​မေရီကန်နှင့် နိုင်ငံတကာမှ အ​ရေးယူဒဏ်ခတ်ပိတ်ဆို့ခြင်း စ​သည့်အ​ကြောင်းများ​ကြောင့်စစ်​ကောင်စီတပ်အတွက် နိုင်ငံခြား​ငွေ ရရှိမှုနည်းလာသည်။ထိုအပြင် နိုင်ငံတစ်ဝန်း တိုက်ပွဲများ​ကြောင့် လက်နက်ခဲယမ်းများ ၊ ​လေယာဥ်ဆီ စသည်တို့ ဝယ်ယူရန် နိုင်ငံခြား​ငွေကို ရနိုင်သမျှတိုးရရန်အားထုတ်​နေခြင်းဖြစ်သည်။ ထိုအ​ခြေအ​နေတွင် ဆန်စပါးအသင်းချုပ်မှာလည်း စစ်​ကောင်စီနှင့် ပူး​ပေါင်း၍ တက်ကြွစွာ လုပ်ကိုင်​ပေး​နေခြင်းဖြစ်​ကြောင်းလုပ်ငန်းရှင်များက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။