Connect with us

Hi, what are you looking for?

News

ပညာ​ပေးစာ​စောင်တွင် ပြည်ထောင် ၁၄ ခု တင်ပြချက်နှင့်ပတ်သက်၍ NUG ဖက်ဒရယ် ပြည်ထောင်စုရေးရာဝန်ကြီး ဌာနပြန်ရှင်း

ဖက်ဒရယ်ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ်/ဖက်ဒရယ်ယူနစ် အရေအတွက်နှင့် ပတ်သက်၍ အသွင်ကူးပြောင်းရေးကာလတွင် မဆုံးဖြတ်သေးဘဲ အမြဲတမ်းကျင့်သုံးမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို တိုင်းပြုပြည်ပြုညီလာခံတွင် ရေးဆွဲပြဋ္ဌာန်းသည့် အခါမှသာ ဆုံးဖြတ်သင့်ကြောင်း အဆိုပါစာစောင်တွင် မှတ်ချက်ဖြင့် ရှင်းလင်းစွာ ဖော်ပြထားကြောင်း ထပ်မံရှင်းလင်းသည်။

●ဖက်ဒရယ်ပညာပေးစာစောင်သည် NUG ၏ ပေါ်လစီ စာတမ်းမဟုတ်သကဲ့သို့ ဖက်ဒရယ်ယူနစ် အရေအတွက်ကို လာမည့်တိုင်းပြုပြည်ပြုညီလာခံတွင်ပြည်သူကဆုံးဖြတ်ရမည်

လက်ရှိတိုင်းဒေသကြီးနှင့်ပြည်နယ် ၁၄ ခုကို ပြည်ထောင် ၁၄ ခုအဖြစ် ဖက်ဒရယ်ပညာရေးစာ စောင်တွင်ဖော်ပြခြင်းနှင့်ပတ်သက်၍ ယင်းမှာ ဆုံးဖြတ်ချက်မဟုတ်ဘဲ ပြည်သူလူထုက တိုင်းပြု ပြည်ပြုညီလာခံတွင် ဆွေးနွေးဆုံးဖြတ်ရမည့် ကိစ္စသာဖြစ်ကြောင်း NUG ဖက်ဒရယ် ပြည်ထောင်စု ရေးရာဝန်ကြီးဌာနက ယနေ့ထုတ်ပြန်ရှင်းလင်းသည်။

ဖက်ဒရယ် ပြည်ထောင်စု ရေးရာဝန်ကြီးဌာနက မေ ၁၀ ရက်တွင် ထုတ်ပြန်သော ဖက်ဒရယ်စာစောင် အမှတ် ၆ တွင် လက်ရှိတိုင်းဒေသကြီး၊ ပြည်နယ် ၁၄ ခုကို တိုင်းဒေသကြီး၊ ပြည်နယ် ဟု မသုံးစွဲတော့ဘဲ ပြည်ထောင်စုဟူသော အခေါ်အဝေါ်နှင့် ဆက်စပ်မှုရှိစေရန် ​‘ပြည်ထောင်များ’ ဟု ခေါ်ဝေါ်ခြင်းက သင့်တော်မည်လားဟု တင်ပြခြင်းဖြစ်ကြောင်း ရှင်းလင်းသည်။

ဖက်ဒရယ်ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ်/ဖက်ဒရယ်ယူနစ် အရေအတွက်နှင့် ပတ်သက်၍ အသွင်ကူးပြောင်းရေးကာလတွင် မဆုံးဖြတ်သေးဘဲ အမြဲတမ်းကျင့်သုံးမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို တိုင်းပြုပြည်ပြုညီလာခံတွင် ရေးဆွဲပြဋ္ဌာန်းသည့် အခါမှသာ ဆုံးဖြတ်သင့်ကြောင်း အဆိုပါစာစောင်တွင် မှတ်ချက်ဖြင့် ရှင်းလင်းစွာ ဖော်ပြထားကြောင်း ထပ်မံရှင်းလင်းသည်။

Public Service Announcement

Public Service Announcement

“နှစ်ပေါင်း ၇၀ ကြာပြီဖြစ်တဲ့ ပြည်တွင်းစစ်နဲ့ရင်ဆိုင်နေရတယ်။ လူ့အသက်ပေါင်းများစွာ သေကြေနေရတယ်။ လူထုဆန္ဒ ပြပွဲမှာ ထောင်ပေါင်းများစွာ အဖမ်းခံနေရတယ်။ အဲဒီလို အရမ်းဆင်းဆင်းရဲရဲဖြစ်နေတဲ့ကာလမှာ ဒါမျိုးကတော့ ကြိုပြီးတော့ ပြသနာမဖြစ်ဖို့ ကြိုတင်ကာကွယ်ဖို့ ကြိုးစားရင်းနဲ့ နားလည်မှုလွဲမှားနေတာတော့ ရှိတတ်ပါတယ်။ အဲဒီအတွက်ကျွန်တော်တို့အနေနဲ့ ရှင်းလင်းချက်ထုတ်တာဖြစ်ပါတယ်။ ဆိုလိုတာတော့ ကျွန်တော်တို့အနေနဲ့ဒီအချိန်မှာ စိတ်ရှည်သည်းခံပြီးတော့ နားလည်မှု ၊ တူညီမှုအတွက် ကြိုးစားရမယ့်ကာလ ၊ ယုံကြည်မှု တည်ဆောက်ရမယ့် ကာလဖြစ်နေတယ်ဆိုတာကို ကျွန်တော်တို့ တင်ပြ ခြင်းပဲဖြစ်ပါတယ်” ဟု NUG ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီး ဒေါက်တာဆလိုင်း လျန်မှုန်းဆာခေါင်းက People’s Spring သို့ပြောသည်။

ထို့အပြင် ယင်းဖက်ဒရယ်စာစောင်သည် ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဝန်ကြီးဌာနမှ ထုတ်ဝေခြင်းဖြစ်ပြီး အမျိုးသားညီညွတ်ရေး အစိုးရ၏ ပေါ်လစီစာတမ်းမဟုတ်ကြောင်းနှင့် ဖက်ဒရယ်ပညာပေး စာစောင်သာလျှင် ဖြစ်ကြောင်း စာစောင်၏ ရှေ့စာမျက်နှာတွင် ရှင်းလင်းစွာ ဖော်ပြထား ပြီးဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်/ဖက်ဒရယ် ယူနစ်များ၏ အမည်နာမ နှင့် ပတ်သက်၍ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေများတွင် ပြဋ္ဌာန်းခဲ့သည့်အတိုင်း ‘ပြည်နယ်နှင့်တိုင်း’ သို့မဟုတ် ‘တိုင်းဒေသကြီးနှင့် ပြည်နယ်’ ဟူ၍ ခွဲခြားခြင်းကို ဆက်လက် မကျင့်သုံးတော့ဘဲ အမည်နာမတူများဖြင့်သာ ခေါ်ဆိုသင့်ကြောင်း ဖော်ပြလို ရင်းဖြစ်သည်ဟု NUG ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနက ရှင်းလင်းထားသည်။

အထက်ပါဝန်ကြီးဌာန၏ စာစောင် အမှတ် ၆ တွင်ဖော်ပြသော တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုကို ပြည်ထောင်များဟု အမည်ပြောင်းလဲ တင်ပြချက်နှင့် ၁၉၄၇ အခြေခံဥပဒေတွင် ပါရှိသော ခွဲထွက်ခွင့်ကို အစွန်းရောက်မူဝါဒဟု တင်ပြချက်တို့အပေါ် ဝေဖန်မှုများမြင့်တက်ခဲ့သည်။

၁၉၄၇ အခြေခံဥပဒေတွင် ခွဲထွက်ခွင့်ဟူသော ကြီးမားသော နိုင်ငံရေးအပေးအယူပေးခဲ့သော်လည်း တဖက်တွင် ပြည်နယ်များကို မည်သည့်နိုင်ငံရေးအနှစ်သာရကိုမျှ လက်တွေ့မပေးခဲ့သည်ကို ထောက်ပြလိုခြင်းဖြစ်ကြောင်း ဒေါက်တာဆလိုင်း လျန်မှုန်းဆာခေါင်းက ရှင်းလင်းသည်။

“အဲဒီ ဟာက ခွဲထွက်ခွင့်တို့ ဘာတို့ထက် ပိုပြီးတာ့ အရေးကြီးတာက အဲဒီပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်၊ အခုကျွန်တော်တို့ ခေါ်တဲ့ ဖက်ဒရယ်ယူနစ်တွေက နိုင်ငံရေးအာဏာအပြည့်အ၀ရရှိသင့်တယ်။ တန်းတူအခွင့်အရေးရှိသင့်တယ်။ ဒီမိုကရေစီအခွင့်အရေး အပြည့်အ၀ရှိသင့်တယ်။ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသင့်တယ်။ ဒါတွေက ပိုအရေးကြီးတယ်။ အဲဒါကျတော့ ၄၇ အခြေခံဥပဒေမှာ မပါဘူး။ ဆိုတော့ အစွန်းနှစ်ဘက်မှာ အကြီးကြီးတွေရှိပြီး အလယ်မှာ ဘာနိုင်ငံရေးအနှစ်သာရ မှ မရှိဘူးဆိုတာကို ကျွန်တော်တို့ ဖော်ပြခြင်းပဲဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တာဝန်များ ထမ်းဆောင်ရင်း ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသော တော်လှန်ရေးရဲဘော်များအတွက် ပြန်လည်ထူထောင်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးဖြစ်လို့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်တွေ ဆက်သွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

Facebook