Connect with us

Hi, what are you looking for?

News

ဘာသာရေးအဆောက်အအုံတွေနဲ့ဘာသာရေးပွဲတော်တွေကို ထိခိုက်အောင် မလုပ်ဘူးလို့ မန္တလေးမြို့ပြပျောက်ကြားအဖွဲ့တွေ လူထုသိအောင်ထုတ်ပြန်

တော်လှန်ရေးရဲဘော်တွေဟာ ဘာသာရေးနဲ့သက်ဆိုင်တဲ့ နေရာတွေကိုထိခိုက်အောင် လုပ်ဆောင်မှာမဟုတ်ကြောင်း သတင်းထုတ်ပြန်ချက်မှာအလေးထားဖော်ပြထားတာတွေ့ရပါတယ်။

ဆွမ်းဆန်လောင်းလှူပွဲအတွက် ကျုံးပတ်လည်မှာ စစ်ကောင်စီပြင်ဆင်ထားပုံ

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာ ဘာသာရေးအဆောက်အအုံတွေ ၊ ဘာသာရေးဆိုင်ရာပွဲတော်တွေကို ထိခိုက်အောင် လုပ်ဆောင်မှာမဟုတ်ကြောင်း မန္တလေးမြို့ပြပျောက်ကြား မဟာမိတ်တပ်ပေါင်းစု က ဒီနေ့ မေလ ၁၂ ရက်မှာ အများပြည်သူသိရှိအောင်သတင်းထုတ်ပြန်လိုက်ပါတယ်။

လာမယ့်ကဆုန်လပြည့်နေ့ မန္တလေး ကျုံးပတ်လည် မှာ သံဃာအပါး တစ်သောင်း ဆွမ်းလောင်းပွဲကို စစ်ကောင်စီက ပြုလုပ်ဖို့ရှိနေပါတယ်။

အဲဒီ ဆွမ်းလောင်းပွဲနဲ့ပတ်သက်ပြီး စစ်ကောာင်စီလော်ဘီတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ပုံရိပ်ကို ထိခိုက်စေမယ့်မဟုတ်မမှန်သတင်းတွေဖြန့်နေတဲ့အပေါ် မန္တလေးမြို့ပြပျောက်ကြား မဟာမိတ်တပ်ပေါင်းစု က သတင်းထုတ်ပြန်ပြီးပြန်လည်တုံ့ပြန်လိုက်တာပါ။

ဆွမ်းဆန်လောင်းလှူပွဲအတွက် ကျုံးပတ်လည်မှာ စစ်ကောင်စီပြင်ဆင်ထားပုံ

တော်လှန်ရေးရဲဘော်တွေဟာ ဘာသာရေးနဲ့သက်ဆိုင်တဲ့ နေရာတွေကိုထိခိုက်အောင် လုပ်ဆောင်မှာမဟုတ်ကြောင်း သတင်းထုတ်ပြန်ချက်မှာအလေးထားဖော်ပြထားတာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိမှာတော့ စစ်အုပ်စုဟာ ကျုံးဘေးပတ်လည်မှာ အသွားအလာပိတ်လိုက်ပြီး ဆွမ်းဆန်လောင်းပွဲအတွက်ပြင်ဆင်နေကြပါတယ်။

မန္တလေး သံဃသမဂ္ဂက စစ်ကောင်စီရဲ့ဆွမ်းဆန်လောင်းပွဲကို သပိတ်မှောက်သင့်တယ်လို့ အသိပေးထားပါတယ်။

ဆွမ်းဆန်လောင်းလှူပွဲအတွက် ကျုံးပတ်လည်မှာ စစ်ကောင်စီပြင်ဆင်ထားပုံ

နိုင်ငံရေအကြပ်တည်းထဲ ကျရောက်နေတဲ့ စစ်ကောင်စီဟာ ထွက်ပေါက်ရှာတဲ့အနေနဲ့ ဘာသာရေးအခမ်းအနားတွေလုပ်ပြီး သာသနာပြုနေသယောင် ဘာသာရေးနဲ့ ဘာသာရေးခေါင်းဆောင်တွေကိုအသုံးချနေတာလို့မန္တလေး သံဃသမဂ္ဂကဆိုထားပါတယ်။

ဒါအပြင် တိုင်းပြည်မှာ လူထုကြီး ဒုက္ခရောက်နေချိန် စစ်ကောင်စီကိုအသိအမှတ်ပြုရာရောက်စေမယ့် အရာမှန်သမျှကိုရှောင်ရှားသင့်တယ်လို့လည်း မန္တလေး သံဃသမဂ္ဂ က သဘောထားထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ မနေ့ မတ်လ ၉ရက် ညက မီးလောင်မှုကြောင့် နေအိမ် ၆လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

သတင်း

ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်များစွာပျက်စီးဆုံးရှုံးခဲ့တဲ့အပြင် ကိုယ်စိတ်နှလုံးကြေကွဲခံစားခဲ့ရတဲ့မန္တလေးငလျင်ကြီးအကြောင်း ရိုက်ကူးထားတဲ့ဇာတ်ကားကိုမန္တလေးမြို့ခံတွေကကန့်ကွက်ဝေဖန်နေကြပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာတော်လှန်ရေးတပ်ဖွဲ့​တွေနဲ့လူထုတစ်သားတည်းရှိနေတဲ့အကြောင်းပြသဖို့အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF တပ်ရင်း (၄)က ဒီဇင်ဘာ ၃ ရက်​နေ့မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းငလျင်ကြီးဒဏ်ခံစားခဲ့ရတဲ့ မန္တလေးမြို့မှာ မြို့သစ်ပိုင်းက လမ်းဘေးဆိုင်တွေကို စစ်​ကောင်စီခန့်ဝန်ကြီးချုပ်အမိန့်နဲ့ ရဲနဲ့စည်ပင်က လိုက်လံဖယ်ရှားနေလို့ ဆိုင်တွေပိတ်ထားရတယ်လို့ မြို့ခံတွေက ပြောပါတယ်။