Connect with us

Hi, what are you looking for?

သတင်း

ငလျင်အကြောင်းရိုက်ကူးရုံတင်ပြသမယ့်ဇာတ်ကားကိုမန္တလေးမြို့ခံတွေ ဝေဖန်

ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်များစွာပျက်စီးဆုံးရှုံးခဲ့တဲ့အပြင် ကိုယ်စိတ်နှလုံးကြေကွဲခံစားခဲ့ရတဲ့မန္တလေးငလျင်ကြီးအကြောင်း ရိုက်ကူးထားတဲ့ဇာတ်ကားကိုမန္တလေးမြို့ခံတွေကကန့်ကွက်ဝေဖန်နေကြပါတယ်။

ဖေဖော်ဝါရီ – ၂၃ ၊၂၀၂၆ ၊ဆိုင်းမင်း/People’s Spring

ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်များစွာပျက်စီးဆုံးရှုံးခဲ့တဲ့အပြင် ကိုယ်စိတ်နှလုံးကြေကွဲခံစားခဲ့ရတဲ့မန္တလေးငလျင်ကြီးအကြောင်း ရိုက်ကူးထားတဲ့ဇာတ်ကားကိုမန္တလေးမြို့ခံတွေကကန့်ကွက်ဝေဖန်နေကြပါတယ်။

ငလျင်ကြီး နောက်ဆက်တွဲဖြစ်ရပ်တွေကိုထည့်သွင်းရိုက်ထားတဲ့ “ မပြိုလဲနိုင်တဲ့ နှလုံးသားများ” ဆိုတဲ့ ဇာတ်ကား ပိုစတာ ထွက်လာချိန်မှာ ဝေဖန်မှုတွေ ရှိလာတာပါ။

“ တစ်နှစ်တောင်မပြည့်သေးဘူး ၊ဒီဖြစ်ရပ်ကြီးကို မေ့နိုင်ဖို့ ကြိုးစားနေကြတုန်း၊ ရုပ်ရှင်တောင်ပြတော့မယ်၊ ငလျင်ဒဏ်ခံခဲ့သူတွေကို စာနာမှုမရှိတာ”လို့ငလျင်ကြောင့် မိသားစုဝင်နှစ်ဦးဆုံးပါးခဲ့သူကပြောပါတယ်။

Public Service Announcement

Public Service Announcement

“မပြိုလဲနိုင်သောနှလုံးသားများ”ဆိုတဲ့ ဇာတ်ကားကငလျင်ကြောင့် လူရာချီဆုံးပါးခဲ့တဲ့မန္တလေး ရှိ Sky Villa (စကိုင်းဗီလာ) ကွန်ဒိုအတွင်း ပိတ်မိ နေရာကနေ အသက်ရှင်လျက် ပြန်ထွက်လာနိုင်တဲ့ မြေးအဖွားသုံးဦးရဲ့ ဖြစ်စဉ်အပါအဝင် ဖြစ်ရပ်မှန်အချို့ကို အခြေခံရိုက်ကူးထားတယ်လို့ သိရပါတယ်။

ရုံတင်မပြသခင်လူမှုကွန်ရက်ဖေ့ဘွတ်ခ်မှာရုပ်ရှင်ကြော်ငြာထွက်လာပြီး ရက်ပိုင်းမှာပဲအဲဒီလုပ်ရပ်အပေါ် မန္တလေးမြို့ခံတွေရဲ့ ဝေဖန်သံလည်းထွက်လာတာပါ။

“အခုထိလည်းငလျင်က မငြိမ်သေးဘူး ၊လှုပ်နေတုန်း၊ လူတွေက စိတ်ဒဏ်ရာဖြစ်နေတာ၊ဘယ်လိုစိတ်တွေနဲ့အစပြန်ဖော်နေကြတာလဲ”လို့ နေအိမ်ပြိုကျပျက်စီးမှုကို ကြုံခဲ့ရတဲ့မန္တလေးမြို့ခံ အိမ်ရှင်မတစ်ဦးကပြောပါတယ်။

အဲဒီဇာတ်ကားကို ဒါရိုက်တာသော်ဇင်ရိုက်ကူးပြီး ဖြိုးငွေစိုး၊နေမင်း၊မင်းဦး၊ရတနာဗိုလ်၊ချိုပြုံးတို့ပါဝင်ပြီး မကြာခင်ရုံတင်ပြသမယ်လို့ ကြော်ငြာထားပါတယ်။

“အိမ်တွေပြို၊အသက်တွေဆုံးရှုံးခဲ့တဲ့လူတွေက အနာမကျက်သေးဘူးလေ၊ ထပ်တူးဆွတာမျိုးမလုပ်သင့်သေးဘူး၊လူတွေကမေ့နိုင်ဖို့ကြိုးစားကြတုန်းရှိသေးတယ်၊စာနာပေးဖို့လိုတယ်”လို့ မန္တလေးမြို့ခံ ကျောင်းဆရာတစ်ဦးကပြောပါတယ်။

မန္တလေးမှာ ပြီးခဲ့တဲ့နှစ်မတ်လ ၂၈ ရက်က ဖျက်အားပြင်း ငလျင်ကြီး လှုပ်ခတ်ပြီးနောက်ပိုင်း မှာလည်းနောက်ဆက်တွဲ ငလျင်​တွေ မကြာခဏဆိုသလိုလှုပ်ခတ်နေဆဲပါ။

အခုနှစ်ဆန်းပိုင်းဇန်နဝါရီ ၈ရက်ညပိုင်းကဆိုရင် မန္တလေးမြို့မှာ အင်အားအနည်းငယ်ရှိတဲ့ငလျင်လှုပ်ခတ်ရာအထပ်မြင့်နေသက်ကြီးရွယ်အို အမျိုး သားတစ်ဦးရုတ်တရက် ထိတ်လန့်ပြီးသေဆုံးခဲ့တဲ့ဖြစ်စဉ်ဖြစ်ထားပါတယ်။

ပြင်အားရစ်ချ်တာစကေး၇.၇ အဆင့်ရှိတဲ့ဖျက်အားပြင်းငလျင်ကြီးကြောင့် မြန်မာနိုင်ငံ မှာလူပေါင်း ၃,၈၀၀ ထက်မနည်းသေဆုံးပြီး ၅,၀၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကုလသမဂ္ဂက ဆိုထားပါတယ်။

ငလျင်ကြီးဒဏ်ကို မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေဖြစ်တဲ့ မန္တလေးတိုင်း ၊စစ်ကိုင်းတိုင်း၊မကွေးတိုင်းတို့က အပြင်းထန်ဆုံး ခံစားခဲ့ရပြီး လူနေအိမ်တွေ ၊အဆောက်အဦးတွေ အများအပြား ပြိုကျပျက်စီးခဲ့ပါတယ်။

ငလျင်ကြီးလှုပ်ပြီး အာဏာသိမ်းစစ်တပ်က အ​ရေး​ပေါ်ကယ်ဆယ်​ရေးလုပ်ငန်း​တွေကို အချိန်မီမလုပ်နိုင်လို့ ပိတ်မိပြီး​သေဆုံးသူများစွာရှိခဲ့ပါတယ်။ စစ်တပ်က ငလျင်ကယ်ဆယ်​ရေးအတွက် ထိထိ​ရောက်​ရောက် ဝင်​ရောက်ကူညီတာမရှိပဲ ငလျင်

သင့်​ဒေသ​တွေအပါအဝင် နိုင်ငံ့​ဒေသအများစုကို ငလျင်လှုပ်ပြီးရက်ပိုင်းအတွင်းမှာပဲ ဗုံးပတ်ကြဲလို့ ပြည်တွင်းပြည်ပက ပြင်းထန်စွာ​ဝေဖန်ခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က အာဏာသိမ်းမှု ၅နှစ်အကြာမှာ ရွေးကောက်ပွဲလုပ် သမ္မတ ရာထူးရယူခဲ့တဲ့အပေါ် ၀လက်နက်ကိုင်တပ်(UWSA)က ဝမ်းမြောက်ဂုဏ်ယူကြောင်း သဝဏ်လွှာ ပေးခဲ့ပါတယ်။

သတင်း

မန္တလေးမြို့မှာ မနေ့ မတ်လ ၉ရက် ညက မီးလောင်မှုကြောင့် နေအိမ် ၆လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းငလျင်ကြီးဒဏ်ခံစားခဲ့ရတဲ့ မန္တလေးမြို့မှာ မြို့သစ်ပိုင်းက လမ်းဘေးဆိုင်တွေကို စစ်​ကောင်စီခန့်ဝန်ကြီးချုပ်အမိန့်နဲ့ ရဲနဲ့စည်ပင်က လိုက်လံဖယ်ရှားနေလို့ ဆိုင်တွေပိတ်ထားရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့တွင်း နဲ့ မြို့ပြင် တွေမှာ ယာဉ်ထိန်းနဲ့ ရဲတွေက အိမ်စီးကား လှည့်လည်ပြီး လိုင်စင်မဲ့ ကား၊ ဆိုင်ကယ်တွေကို အခုရက်ပိုင်းအတွင်း လိုက်လံဖမ်းဆီးနေတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။