Connect with us

Hi, what are you looking for?

News

ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီက ဒေသအတွက် NUGနှင့်ပူး​ပေါင်းပြီး အထူးငွေတိုက်စာချုပ်များရောင်း ချမည်

NUGသည် ကချင် KPICT (Kachin Political Interim Coordination Team)နှင့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ-PNFC တို့နှင့် ပူးပေါင်း၍ ငွေတိုက်စာချုပ်များရောင်းချနေခြင်း ဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့်ပူးပေါင်း၍ ချင်းပြည်နယ်ဒေသများအတွက် နွေဦးတော်လှန်ရေး အထူးငွေတိုက်စာချုပ်များ ရောင်းချမည်ဖြစ်ကြောင်း ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီက ယနေ့ ထုတ်ပြန်လိုက်သည်။

ထိုသို့ရောင်းချရန် ပြင်ဆင်နေပြီး Chin Relief Funding Program (CRFP)ကို အထူးငွေတိုက် စာချုပ်ရောင်းချရာတွင် အလုပ်အဖွဲ့ (Work Team) အဖြစ် ဆောင်ရွက်နိုင်ရန်တာဝန်ပေးအပ်ထားသည်ဟု အတိုင်ပင်ခံကောင်စီက ဆိုသည်။

NUGသည် ကချင် KPICT (Kachin Political Interim Coordination Team)နှင့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ-PNFC တို့နှင့် ပူးပေါင်း၍ ငွေတိုက်စာချုပ်များရောင်းချနေခြင်း ဖြစ်သည်။

ယခုအခါ ချင်းပြည်နယ်တော်လှန်ရေးအင်အားစုများအတွက်လိုအပ်သည့် ဘဏ္ဍာငွေများရရှိရေး ငွေတိုက်စာချုပ်များရောင်းချရန် ICNCCတို့ဖြင့် ပူးပေါင်းဆောင်ရွက်ရန်စီစဉ်နေခြင်းဖြစ်သည်။ ထို့အတူ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) နှင့်လည်း ပူးပေါင်း၍ ရောင်းရန်ရှိသည်ဟု NUG စီမံကိန်း၊ ဘဏ္ဏာ​ရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။

Public Service Announcement

Public Service Announcement

NUGက နွေဦးတော်လှန်ရေးရန်ပုံငွေအဖြစ် ငွေတိုက်စာချုပ်များကို အတိုးမဲ့ငွေတိုက်စာချုပ်အဖြစ်ရောင်းချနေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ခိုင်မြဲကြာရှည်စေရေး ပူးပေါင်းကူညီသူတွေ ချက်ချင်းရပ်တန့်ကြဖို့ KIO ဥက္ကဋ္ဌသတိပေး

သတင်း

စိုက်ပျိုးမြေအမြောက်အများရေနစ်မြုပ်ခဲ့ပြီးပြည်သူသိန်းချီအကူအညီလိုအပ်နေတဲ့ စစ်ကိုင်းတိုင်းရေဘေးကယ်ဆယ်ရေးအတွက် အမျိုးသားညီညွတ်​ရေးအစိုးရ-NUG နဲ့ စစ်ကိုင်းတိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ "အရေးပေါ် တုံ့ပြန် ဆောင်ရွက်ရေး ပူးပေါင်းကော်မတီ (Joint Emergency Response Committee- JERC)" ကို ဖွဲ့စည်းလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းရေး၊တရားမျှတမှုရရှိရေးနဲ့စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးတို့အတွက် မဟာမိတ်များနဲ့အတူဆက်လက်ကြိုးပမ်းမယ်ဟု​​ကြေညာ