Connect with us

Hi, what are you looking for?

LuduNwayOo

News

NUG ကာကွယ်ရေးဝန်ကြီးဌာနက ရက္ခိုင်အမျိုးသားနေ့သို့ သဝဏ်လွှာပို့

ရခိုင်အမျိုးသားတို့၏ နိုင်ငံရေး၊စီးပွားရေး၊လူမှုရေး၊စာပေ၊ အနုပညာ၊ယဥ်ကျေးမှုများ အခြေတင့်လျက် မြင့်မားတိုးတက်ပါစေဟု သဝဏ်လွှာ၌ပါရှိသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက (၇) ကြိမ်မြောက် ရခိုင်အမျိုးသား​နေ့သို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့သည်။

ယနေ့ ( မေလ ၁၅)ကဆုန်လပြည့်ကျော် (၁) ရက်နေ့တွင် ကျရောက်သော ရခိုင်အမျိုးသားနေ့တွင် ရခိုင်ပြည်သူအားလုံး ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာပါစေဟုသဝဏ်လွှာ၌ဖော်ပြထားပြီး

ရခိုင်အမျိုးသားတို့၏ နိုင်ငံရေး၊စီးပွားရေး၊လူမှုရေး၊စာပေ၊ အနုပညာ၊ယဥ်ကျေးမှုများ အခြေတင့်လျက် မြင့်မားတိုးတက်ပါစေဟု သဝဏ်လွှာ၌ပါရှိသည်။

ရက္ခိုင်အမျိုးသားနေ့သည်မဟာသက္ကရာဇ် (၁၂၃) ခုနှစ်ဓညဝတီပြည့်ရှင် စန္ဒသူရိယမင်းကြီးလက်ထက် မဟာမုနိရုပ်ပွားတော် မြတ်ကြီးကို သွန်းလုပ်တည်ဆောက်ပြီးစီးခဲ့သောနေ့ရက်ကို အမှတ်အသားပြုထားခြင်း ဖြစ်သည့် အတွက် ရက္ခိုင့်ဂုဏ်ဆောင် ထူးကဲမွန်မြတ်သည့်နေ့ဟု ဆိုနိုင်ကြောင်းလည်း သဝဏ်လွှာတွင်​ဖော်ပြထားသည်။

“ရခိုင်အမျိုးသားတို့၏ နိုင်ငံရေး၊စီးပွားရေး၊လူမှုရေး၊စာပေ၊ အနုပညာ၊ယဥ်ကျေးမှုများအခြေတင့်လျက်မြင့်မားတိုးတက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ဤဂုဏ်ပြုသဝဏ်လွှာကို ပေးပို့ အပ်ပါသည်” ဟု NUG က​ရေးသားထားသည်။

Public Service Announcement

Public Service Announcement