Connect with us

Hi, what are you looking for?

News

NUG ကာကွယ်ရေးဝန်ကြီးဌာနက ရက္ခိုင်အမျိုးသားနေ့သို့ သဝဏ်လွှာပို့

ရခိုင်အမျိုးသားတို့၏ နိုင်ငံရေး၊စီးပွားရေး၊လူမှုရေး၊စာပေ၊ အနုပညာ၊ယဥ်ကျေးမှုများ အခြေတင့်လျက် မြင့်မားတိုးတက်ပါစေဟု သဝဏ်လွှာ၌ပါရှိသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက (၇) ကြိမ်မြောက် ရခိုင်အမျိုးသား​နေ့သို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့သည်။

ယနေ့ ( မေလ ၁၅)ကဆုန်လပြည့်ကျော် (၁) ရက်နေ့တွင် ကျရောက်သော ရခိုင်အမျိုးသားနေ့တွင် ရခိုင်ပြည်သူအားလုံး ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာပါစေဟုသဝဏ်လွှာ၌ဖော်ပြထားပြီး

ရခိုင်အမျိုးသားတို့၏ နိုင်ငံရေး၊စီးပွားရေး၊လူမှုရေး၊စာပေ၊ အနုပညာ၊ယဥ်ကျေးမှုများ အခြေတင့်လျက် မြင့်မားတိုးတက်ပါစေဟု သဝဏ်လွှာ၌ပါရှိသည်။

ရက္ခိုင်အမျိုးသားနေ့သည်မဟာသက္ကရာဇ် (၁၂၃) ခုနှစ်ဓညဝတီပြည့်ရှင် စန္ဒသူရိယမင်းကြီးလက်ထက် မဟာမုနိရုပ်ပွားတော် မြတ်ကြီးကို သွန်းလုပ်တည်ဆောက်ပြီးစီးခဲ့သောနေ့ရက်ကို အမှတ်အသားပြုထားခြင်း ဖြစ်သည့် အတွက် ရက္ခိုင့်ဂုဏ်ဆောင် ထူးကဲမွန်မြတ်သည့်နေ့ဟု ဆိုနိုင်ကြောင်းလည်း သဝဏ်လွှာတွင်​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

“ရခိုင်အမျိုးသားတို့၏ နိုင်ငံရေး၊စီးပွားရေး၊လူမှုရေး၊စာပေ၊ အနုပညာ၊ယဥ်ကျေးမှုများအခြေတင့်လျက်မြင့်မားတိုးတက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ဤဂုဏ်ပြုသဝဏ်လွှာကို ပေးပို့ အပ်ပါသည်” ဟု NUG က​ရေးသားထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

Facebook