Connect with us

Hi, what are you looking for?

News

မြိုင်မြို့နယ်တွင် ​ကျေးရွာမီးရှို့ဖျက်ဆီးပြီး ပြန်ဆုတ်လာသည့် စစ်​ကောင်စီတပ်ကို မဟာမိတ်တပ်ပေါင်းစု တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ခုနှစ်ဦး​သေဟုဆို

တိုက်ပွဲတွင် ပြည်သူ့ရဲဘော်များအားလုံး ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့သော်လည်း တိုက်ခိုက်ခံခဲ့ရသည့် စစ်တပ်သည် ပိတောက်ကန် ကျေးရွာမှ ပြည်သူငါးဦးကို သတ်ဖြတ်ပြီး နေအိမ် ၁၇လုံးကို ယမန်နေ့ ညပိုင်းက မီးရှို့ခဲ့ ကြောင်းလည်း သိရသည်။

(ယမန်နေ့က စစ်ကောင်စီကို တိုက်ခိုက်ခဲ့သည့် မဟာမိတ်တပ်ပေါင်းစု ရဲ​ဘော်များအား ​တွေ့ရစဥ်)

မ​ကွေးတိုင်း၊ မြိုင်မြို့နယ် လက်ယက်မစံပြကျေးရွာအား စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးပြီး​နောက် တပ်ပြန်ဆုတ်လာသော စစ်ကောင်စီတပ်ကို မဟာမိတ်တပ်ပေါင်းစုမှ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ခုနှစ်ဦးသေဆုံးကြောင်း Earthquake People`s Defense Force က ယနေ့ ထုတ်ပြန်သည်။

ယမန်နေ့ ညနေ ၄ နာရီခန့်တွင် ကျေးရွာမီးရှို့ ပြီးပြန်ဆုတ်လာသော စစ်ကောင်စီတပ်ကို ကြည့်ကန်ကျေးရွာမြောက်ဘက် တောတိုက်အရောက်တွင် တပ်ပေါင်းစုများမှ လက်နက်ကြီးလက်၊ နက်ငယ်များဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

“တိုင်ပွဲက နာရီဝက် နီးပါးလောက်ကြာတယ်။ကျွန်တော်တို့ ဒီနေရာမှာ ရန်သူစစ်တပ်ကို ပြောလိုတာက ကျွန်တော်တို့ နဲ့ထိပ်တိုက်ရင်ဆိုင်ပစ်ဖို့ပါပဲ။ပြည်သူတွေ နေအိမ်ကို မီးရှို့တာတွေ ပြည်သူတွေကို သတ်ဖြတ်တာတွေ မလုပ်ဖို့၊မယုတ်မာဖို့လိုတယ်”ဟု မြိုင် PDF မှ ဗိုလ် Cross က People’s Springသို့ ပြောသည်။

စစ်ကောင်စီစစ်ကြောင်းနှင့် တိုက်ပွဲတွင် ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့ (မြိုင်)၊နဂါးနီတပ်ဖွဲ့၊ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ Myaing Village Revolution Front (MVRF)၊ ဂဠုန်ပြောက်ကျားတပ်ဖွဲ့ (မြိုင်)၊ ပခုက္ကူမြို့ပြပြောက်ကျား တပ်ဖွဲ့ (PUGF)၊ ကိုခိုင်လေးလက်နက်ကြီးတပ်ဖွဲ့၊ တမာမြေပြောက်ကျားတပ်ဖွဲ့၊ PKU North PDF၊ YSO North PDF နှင့် YSO Southern PDFတို့ပါဝင်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲတွင် ပြည်သူ့ရဲဘော်များအားလုံး ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့သော်လည်း တိုက်ခိုက်ခံခဲ့ရသည့် စစ်တပ်သည် ပိတောက်ကန် ကျေးရွာမှ ပြည်သူငါးဦးကို သတ်ဖြတ်ပြီး နေအိမ် ၁၇လုံးကို ယမန်နေ့ ညပိုင်းက မီးရှို့ခဲ့ ကြောင်းလည်း သိရသည်။

ထို့နောက် ထန်းတောမရွာတွင် ညအိိပ်တပ်စွဲကာ ယနေ့ နံနက်တွင် ထန်းတောမ ရွာအရှေ့ဘက်သို့ စစ်ကြောင်းစတင်ထွက်နေသည်ဟု ဒေသခံများက ​ပြောသည်။

လက်ရှိမြိုင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင် စီတပ်က အင်အား ၂၀၀ ကျော်ဖြင့် စစ်ကြောင်းနှစ်ခု ထိုးနေပြီး ကျေးရွာငါးရွာထက်မနည်း မီးရှို့ခံထားရကာ အိမ်ခြေ ရာနှင့်ချီမီးလောင်ပြာကျ​နေသည်။

ထို စစ်ကြောင်းကို မေလ ၂ ရက်ကစ၍ ၅ ရက်အထိ ပြောက်ကျားတိုက်ခိုက်မှုနှင့်အတူ မေလ ၁၂ရက်က မိုင်းအလုံး ၁၀၀ခန့်ဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃၀ ထက်မနည်း သေဆုံးကြောင်း ဒေသခံပြည်သူ့တပ်ဖွဲ့များက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ခြမ်းက ရေနံမြေကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။