Connect with us

Hi, what are you looking for?

News

မိုးတွင်းကာလရိက္ခာနှင့် လက်နက်ခဲယမ်းအတွက်ကူညီပံ့ပိုးပေးကြရန် ပလက်ဝ CDF တောင်းဆို

ပြည်သူများအနေဖြင့် လက်ရှိကာလ၌ ဒုက္ခမျိုးစုံဖြင့် ဖြတ်သန်းနေရသည့်တိုင် တော်လှန်ရေး အနှေးနှင့်အမြန် အောင်မြင်မှု ဆွတ်ခူးပေးမည့် ရဲဘော်များအတွက် အားဖြည့်ပါဝင်ပေးကြရန် အလေးအနက် အကူအညီတောင်းခံကြောင်း ပလက်၀ CDFက ထုတ်ပြန်သည်။

မိုးတွင်းကာလ‌အတွက် စားနပ်ရိက္ခာ‌၊ လက်နက်ခဲယမ်းများအကူ အားဖြည့် ပါဝင်ကူညီပေးကြရန် ပလက်၀မြို့နယ်ချင်းကာကွယ်ရေးတပ်(CDF)က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

ချင်းပြည်နယ်ရှိ မြေပြင်အနေအထားမှာ စစ်ရေးတင်းမာလာနိုင်၍ တိုက်ပွဲအတွင်း အနိုင်ရရှိရေးအတွက် မိမိအသက်ကို ပဓာနမထားဘဲ ပွဲဝင်ဝင်လိုသည့် ရဲဘော်များစွာအသင့်ရှိနေကြောင်း၊ သို့ရာတွင် ခေတ်မီလက်နက်များ မကိုင်နိုင်ဘဲ တူမီး၊ ခါးချိုး သေနတ်တို့ဖြင့်သာ တိုက်ပွဲဝင်နေရ၍ ထိခိုက်ဆုံးရှုံးမှုများ ရှိနေပြီး ကိုင်ဆောင်ထားသည့် လက်နက်များအပေါ် အားမလိုအား မရဖြစ်ကာ မခရီးမတွင် ဖြစ်နေရကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် လက်ရှိကာလ၌ ဒုက္ခမျိုးစုံဖြင့် ဖြတ်သန်းနေရသည့်တိုင် တော်လှန်ရေး အနှေးနှင့်အမြန် အောင်မြင်မှု ဆွတ်ခူးပေးမည့် ရဲဘော်များအတွက် အားဖြည့်ပါဝင်ပေးကြရန် အလေးအနက် အကူအညီတောင်းခံကြောင်း ပလက်၀ CDFက ထုတ်ပြန်သည်။

အားဖြည့်ကူညီလိုပါ Chinland Defense Force – Paletwa ၏ PageMessagerသို့လည်းကောင်း ၊ 00916909512108 နှင့် cdf.paletwa.2021@gmail.com သို့ ဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

အကယ်၍ ငွေအားဖြင့် မကူညီနိုင်သော်လည်း Clickerအဖြစ်တော့ ကူညီပေးနိုင်၍ https://m.youtube.com/channel/UC7baxVVMZq7yO7xMOxb4YUg နှင့် https://t.me/cdfpaletwa2021 တို့ကို Join ထားပေးရန်၊ YouTude Channelကို Subscriberလုပ်ပြီး တစ်ရက်ကို (၁၅)မိနစ်ခန့် နားထောင်ပေးရန် ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်တပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိခိုက်လျော့နည်းမှုတွေ စာရင်းကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းဝန်းကျင်တိုက်ပွဲမှာအာရက္ခတပ်တော် (AA)က စစ်တပ်ဆီကလက်နက်ခဲယမ်းတွေနဲ့ အလောင်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေ ကပြောပါတယ်။

သတင်း

အာရက္ခတပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်၀မြို့နယ်အတွင်းက ကျောင်းသူ၊ကျောင်းသားတွေဟာ AA ပညာရေးဌာနက အသစ်ပြဌာန်းထားတဲ့ ရခိုင်ဘာသာသင်ရိုးသစ်ကိုပဲ သင်ရမှာမဟုတ်ဘဲ အရင်သင်ရိုးဟောင်း မြန်မာစာကိုသင်ချင်ရင်လည်း သင်နိုင်တယ်လို့ ပညာရေးဌာနက ထုတ်ပြန်ပါတယ်။