Connect with us

Hi, what are you looking for?

LuduNwayOo

News

မိုးတွင်းကာလရိက္ခာနှင့် လက်နက်ခဲယမ်းအတွက်ကူညီပံ့ပိုးပေးကြရန် ပလက်ဝ CDF တောင်းဆို

ပြည်သူများအနေဖြင့် လက်ရှိကာလ၌ ဒုက္ခမျိုးစုံဖြင့် ဖြတ်သန်းနေရသည့်တိုင် တော်လှန်ရေး အနှေးနှင့်အမြန် အောင်မြင်မှု ဆွတ်ခူးပေးမည့် ရဲဘော်များအတွက် အားဖြည့်ပါဝင်ပေးကြရန် အလေးအနက် အကူအညီတောင်းခံကြောင်း ပလက်၀ CDFက ထုတ်ပြန်သည်။

မိုးတွင်းကာလ‌အတွက် စားနပ်ရိက္ခာ‌၊ လက်နက်ခဲယမ်းများအကူ အားဖြည့် ပါဝင်ကူညီပေးကြရန် ပလက်၀မြို့နယ်ချင်းကာကွယ်ရေးတပ်(CDF)က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

ချင်းပြည်နယ်ရှိ မြေပြင်အနေအထားမှာ စစ်ရေးတင်းမာလာနိုင်၍ တိုက်ပွဲအတွင်း အနိုင်ရရှိရေးအတွက် မိမိအသက်ကို ပဓာနမထားဘဲ ပွဲဝင်ဝင်လိုသည့် ရဲဘော်များစွာအသင့်ရှိနေကြောင်း၊ သို့ရာတွင် ခေတ်မီလက်နက်များ မကိုင်နိုင်ဘဲ တူမီး၊ ခါးချိုး သေနတ်တို့ဖြင့်သာ တိုက်ပွဲဝင်နေရ၍ ထိခိုက်ဆုံးရှုံးမှုများ ရှိနေပြီး ကိုင်ဆောင်ထားသည့် လက်နက်များအပေါ် အားမလိုအား မရဖြစ်ကာ မခရီးမတွင် ဖြစ်နေရကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် လက်ရှိကာလ၌ ဒုက္ခမျိုးစုံဖြင့် ဖြတ်သန်းနေရသည့်တိုင် တော်လှန်ရေး အနှေးနှင့်အမြန် အောင်မြင်မှု ဆွတ်ခူးပေးမည့် ရဲဘော်များအတွက် အားဖြည့်ပါဝင်ပေးကြရန် အလေးအနက် အကူအညီတောင်းခံကြောင်း ပလက်၀ CDFက ထုတ်ပြန်သည်။

အားဖြည့်ကူညီလိုပါ Chinland Defense Force – Paletwa ၏ PageMessagerသို့လည်းကောင်း ၊ 00916909512108 နှင့် cdf.paletwa.2021@gmail.com သို့ ဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်။

အကယ်၍ ငွေအားဖြင့် မကူညီနိုင်သော်လည်း Clickerအဖြစ်တော့ ကူညီပေးနိုင်၍ https://m.youtube.com/channel/UC7baxVVMZq7yO7xMOxb4YUg နှင့် https://t.me/cdfpaletwa2021 တို့ကို Join ထားပေးရန်၊ YouTude Channelကို Subscriberလုပ်ပြီး တစ်ရက်ကို (၁၅)မိနစ်ခန့် နားထောင်ပေးရန် ဖော်ပြထားသည်။

You May Also Like

သတင်း

မတ်လ ၂၀ရက်မှစတင်ထွက်ခွာလာ​သောစစ်ယာဉ်တန်းကိုမတူပီ CDFက မတ်လ ၂၀ရက်နှင့် ၂၁ရက်ကလည်း မတူပီ - ပလက်၀လမ်း၌ပင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ၁၂ဦးသေဆုံးခဲ့​သည်။

သတင်း

ပြည်သူများအ​နေဖြင့် ဂဠုန်တပ်​တော် ​ရှေ့ဆက်​တော်လှန်နိုင်ရန်နှင့် လက်နက်၊ခဲယမ်းများပြန်လည် ထုတ်လုပ်၊စုဆောင်းနိုင်ရန်အတွက် တတ်နိုင်သည့်ဘက်ပေါင်းစုံမှ ကူညီ​ထောက်ပံ့ပေးကြပါရန် ​ဂဠုန်တပ်တော် (ဒီပဲယင်း)က မေတ္တာရပ်ခံထားသည်။

သတင်း

"စစ်ကောင်စီဘက်က အလောင်းတွေကို တာလပတ်နဲ့ အုပ်ပြီးကို မြစ်ထဲမျှောချသွားတာ။မနေ့ကလည်း ရွှေကျင်အစပ် ရာဘာတောမှာတိုက်ပွဲဖြစ် သွားသေဘတယ်။စကစက ရာဘာတောမီးရှို့ပြီး ပြန်ဆုတ်သွားရတယ်"ဟု ရွှေကျင်မြို့ခံတစ်ဦးက ပြောသည်။

သတင်း

မတ်လ ၁၄ရက်ကလည်း မတူပီ - ပလက်၀လမ်း ၀လံပီ နှင့် ကလားကြားတွင် စစ်ကောင်စီတပ်ကို မတူပီ CDFက မိုင်းဆွဲတိုက်ခိုက်ပြီး ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်က ၁၀ဦး သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့သည်ဟု မတူပီ CDFက အသိပေးထားသည်။