Connect with us

Hi, what are you looking for?

LuduNwayOo

News

ကြောက်ရွံ့မုန်းတီးမှုများပပျောက်ရန် LGBTIQ များနှင့် ဆက်လက်တိုက်ပွဲဝင်မည်ဟု NUG ထုတ်ပြန်

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်း ဆန့်ကျင်ဆန္ဒပြခဲ့ကြသော LGBTIQ အနည်းဆုံး ၁၇ ဦး သေဆုံးခဲ့ရပြီး ၂ ဦးသည် ပြင်းထန်စွာဒဏ်ရာရရှိကာ ၈၅ ဦးထက်မနည်း မတရားဖမ်းဆီးထိန်းသိမ်းခံရကြောင်း NUG က ထုတ်ပြန်သည်။

ဓာတ်ပုံ - ဂျာမနီ၊ ဗြိတိန်၊ ပြင်သစ် သံရုံးများ

▪️LGBTIQများနှင့်အတူ ရပ်တည်ထောက်ခံကြောင်း သံရုံးများပြသ

လိင်စိတ်တိမ်းညွတ်မှုများအပေါ် အခြေပြုသည့် ကြောက်ရွံ့မုန်းတီးမှုများပပျောက်စေရန် LGBTIQ များနှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ကတိပြုထုတ်ပြန် သည်။

ယနေ့ကျရောက်သော လိင်စိတ်တိမ်းညွှတ်မှုများပေါ် အခြေပြုသည့်ကြောက်ရွံ့မုန်းတီးမှုများ ဆန့်ကျင်ရေးအပြည်ပြည်ဆိုင်ရာနေ့တွင် မြန်မာနိုင်ငံ၏ အာဏာရှင်အသီးသီးက ကျူးလွန်ခဲ့ သော လူ့အခွင့်အရေးချိုးဖောက်မှုများကိုခံစားရသည့် LGBTIQ များအပေါ် စာနာနားလည်ကြောင်း အထက်ပါဝန်ကြီးဌာနက ဆိုသည်။

ထို့အပြင် လွတ်လပ်ခြင်း၊ လုံခြုံခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်းတို့အတွက် ခေတ်အဆက်ဆက်က အသက်ပေး တိုက်ပွဲဝင်ခဲ့ကြသော၊ တိုက်ပွဲဝင်နေကြသော LGBTIQ များကို ဦးညွတ် အလေးပြုကြောင်းလည်း NUGက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – ဂျာမနီ၊ ဗြိတိန်၊ ပြင်သစ် သံရုံးများ

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်း ဆန့်ကျင်ဆန္ဒပြခဲ့ကြသော LGBTIQ အနည်းဆုံး ၁၇ ဦး သေဆုံးခဲ့ရပြီး ၂ ဦးသည် ပြင်းထန်စွာဒဏ်ရာရရှိကာ ၈၅ ဦးထက်မနည်း မတရားဖမ်းဆီးထိန်းသိမ်းခံရကြောင်း NUG က ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီက ဖမ်း၀ရမ်းထုတ်ထားသည့် စာရင်းတွင်လည်း LGBTIQ ၅၀ ကျော်ပါဝင်ပြီး ၎င်းတို့သည် တိမ်းရှောင်နေရသည်ဟု ဆိုသည်။

ဓာတ်ပုံ – ဂျာမနီ၊ ဗြိတိန်၊ ပြင်သစ် သံရုံးများ

မတရားဖမ်းဆီးခံရ​သော LGBTIQ များကို စစ်ကြောရေး၌ ရိုက်နှက်နှိပ်စက်ခြင်း၊ လျှပ်စစ်ရှော့တိုက်ခြင်း၊ မျက်နှာနှင့် ခန္ဓာကိုယ်များကို မီးပူဖြင့်ကပ်ခြင်း၊ လိင်အင်္ဂါများကို ဆေးလိပ်မီးဖြင့်တို့ခြင်း၊ မဖွယ်မရာလုပ်ဆောင်ခြင်း၊ ယုတ်မာညစ်ညမ်းသောစကားများဖြင့် ပြောဆိုလှောင်ပြောင်ခြင်းတို့ကို အကြမ်းဖက်စစ်ကောင်စီက ရည်ရွယ်ချက်ရှိစွာ ပြုလုပ်ခဲ့ကြောင်းမှတ်တမ်းများရရှိထားသည်ဟု NUG က ထုတ်ပြန်သည်။

ယနေ့ကျရောက်သော လိင်စိတ်တိမ်းညွှတ်မှုများပေါ် အခြေပြုသည့်ကြောက်ရွံ့မုန်းတီးမှုများ ဆန့်ကျင်ရေးအပြည်ပြည်ဆိုင်ရာနေ့အတွက် ရန်ကုန်အခြေစိုက် နိုင်ငံတကာသံရုံးများကလည်း LGBTIQ များ၏ အခွင့်အရေးများကို လေးစားလိုက်နာရန်နှင့် မြှင့်တင်ရန် တိုက်တွန်းထုတ်ပြန် ထားသည်။

ဆက်စပ်သတင်းများ

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။