Connect with us

Hi, what are you looking for?

News

လက်နက်ခဲယမ်းထောက်ပံ့ဖို့ အနောက်နိုင်ငံတွေကို NUG တောင်းဆို

PDF တွေအတွက် အဓိက အားနည်းချက်ဟာ စစ်လက်နက်ခဲယမ်းမီးကျောက် ဖြစ်တယ်လို့ ဝန်ကြီးကဝန်ခံထားပါတယ်။စစ်လက်နက်ခဲယမ်း ဝယ်ယူဖို့ ၊ထုတ်လုပ်ဖို့ အတွက် လိုအပ်တဲ့ဘဏ္ဍာရန်ပုံငွေ ရှာဖွေတာ ၊ လက်နက်သယ်ယူ ဖြန့်ဝေ တပ်ဆင်ရာ မှာ စိန်ခေါ်မှုအခက်အခဲအများကြီးကြုံရတယ်လို့ ဝန်ကြီးကပြောဖူးပါတယ်။

ရုရှားရဲ့ကျုးကျော်စစ်ကို ခုခံတွန်းလှန်နေတဲ့ ယူကရိန်းကို လက်နက်ထောက်ပံ့သလို အာဏာသိမ်း စစ်အာဏာရှင်ကို တော်လှန်နေတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကို လည်း လက်နက်ခဲယမ်းပံ့ပိုးဖို့ အနောက်နိုင်ငံတွေထံ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ထောက်ခံမှုဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာခွန်အားဖြစ်စေပေမယ့် လက်နက်နဲ့ ဘဏ္ဍာရေးဆိုင်ရာထောက်ပံ့မှုတွေသာရလာရင် ပိုမို ကျေးဇူးတင်မိမှာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က ရိုက်တာသတင်းဌာနကို ပြောထားပါတယ်။

“ဒီလိုထောက်ပံ့မှုတွေနဲ့ဆို လူထု ထိခိုက် နစ်နာဆုံးရှုံးမှုနည်းပါးပြီး တော်လှန်ရေးကို လည်းခပ်မြန်မြန်အဆုံးသတ်နိုင်လိမ့်မယ် ” လို့ ဝန်ကြီး ဦးရည်မွန်ကပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ကို စတင်တည်ထောင်ချိန်ကတည်းက ပြည်ပနိုင်ငံတွေထံကနေ လက်နက်အကူအညီပေးအပ်တာမျိုးမရှိသေးဘူးလို့ ပြီးခဲ့တဲ့မတ်လအတွင်းက ဝန်ကြီးဦးရည်မွန်က ပြောဖူးပါတယ်။

Public Service Announcement

Public Service Announcement

ပြည်တွင်း ပြည်ပ က ပြည်သူတွေရဲ့ထောက်ပံ့လှူဒါန်းမှု ရန်ပုံငွေနဲ့သာ အရင်တည်ပြီး တည်ထောင်နေရတာဖြစ်တယ်လို့ ဆိုပါတယ်။

PDF တွေအတွက် အဓိက အားနည်းချက်ဟာ စစ်လက်နက်ခဲယမ်းမီးကျောက် ဖြစ်တယ်လို့ ဝန်ကြီးကဝန်ခံထားပါတယ်။စစ်လက်နက်ခဲယမ်း ဝယ်ယူဖို့ ၊ထုတ်လုပ်ဖို့ အတွက် လိုအပ်တဲ့ဘဏ္ဍာရန်ပုံငွေ ရှာဖွေတာ ၊ လက်နက်သယ်ယူ ဖြန့်ဝေ တပ်ဆင်ရာ မှာ စိန်ခေါ်မှုအခက်အခဲအများကြီးကြုံရတယ်လို့ ဝန်ကြီးကပြောဖူးပါတယ်။

လက်ရှိအချိန်ထိတော့ မဟာမိတ်တွေရဲ့အကူအညီနဲ့ စစ်လက်နက်ခဲယမ်းမီးကျောက်ပမာဏ တစ်ခုကို လက်လှမ်းမီထားပြီလို့ ဝန်ကြီး ဦးရည်မွန်ကပြောထားပါတယ်။

ဒါပေမယ့် PDF ရဲဘော်အားလုံးကို လူတိုင်းစေ့ တပ်ဆင်ပေးနိုင်ဖို့ဆိုတာကတော့အလှမ်းဝေးသေးတယ်လို့ ဝန်ကြီးက ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်အရှေ့ခြမ်းနဲ့ ဧရာဝတီမြစ်ရိုးတလျောက်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ထံက ဂျန်ဘာကားအပါအ၀င် စစ်ကား ၅စီး၊ဒရုန်းတွေနဲ့လက်နက်တွေ သိမ်းဆည်းရရှိတယ်လို့ရွှေဘိုခရိုင် အမှတ် (၂)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

Facebook