Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်စခန်း ၃ ခုကို KNDO တပ်ဖွဲ့က စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်

KNDO တပ်ရင်း(၄)နယ်မြေအတွင်းမှာ ဆယ်စုနှစ်ချီအခြေချထားတဲ့ စစ်ကောင်စီတပ်စခန်းတွေနဲ့ပတ်သက်ပြီး ထွက်ခွာပေးဖို့ နယ်မြေခံ KNU တပ်က စာထုတ်ပြန်ထားပေမယ့် စစ်ကောင်စီက လိုက်နာမှုမရှိတဲ့အပြင် တပ်အင်အားကိုပါ ထပ်မံတိုးချဲ့ထားတယ်လို့ သိရပါသေးတယ်။

ကေအဲန်ယူ တောင်ငူခရိုင် တပ်မဟာ ၂ နယ်မြေအတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းသုံးခုကို ကရင်အမျိုးသားကာကွယ်ရေးတပ်ရင်း(KNDO)တပ်ဖွဲ့ဝင်တွေက စနိုက်ပါနဲ့သွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးဒဏ်ရာရရှိမှုတွေ ရှိခဲ့တယ်လို့ တောအူးကရင်သတင်းစဉ်က ဖော်ပြထားပါတယ်။

တပ်မဟာ ၂ နယ်မြေ ထန်းတပင်မြို့နယ် KNDO တပ်ရင်း(၄) နယ်မြေအတွင်းမှာ အခြေချထားတဲ့ စစ်ကောင်စီရဲ့ သေအေ့ထားစခန်း၊ ကိုဒေးစခန်းနဲ့ ဘောဂလိမြို့တပ်စခန်းတွေကို မေလ ၄ ရက်ကနေ ၁၈ ရက်နေ့အထိ KNDO တပ်သားတွေက စနိုက်ပါနဲ့ ခြောက်ကြိမ်သွားရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီဘက်က ခြောက်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ တောအူးကရင်သတင်းစဉ်မှာ ပါရှိတာပါ။

သေအေ့ထာစခန်းမှာ စစ်ကောင်စီတပ်သား လေးဦးသေဆုံးပြီး ကိုဒေးစခန်းနဲ့ ဘောဂလိမြို့တပ်စခန်းမှာ စစ်ကောင်စီတပ်သားတစ်ဦးစီ သေဆုံးသွားခဲ့ကာ နှစ်ဦးဒဏ်ရာရရှိသွားခဲ့တာဖြစ်ပါတယ်။

KNDO တပ်ရင်း(၄)နယ်မြေအတွင်းမှာ ဆယ်စုနှစ်ချီအခြေချထားတဲ့ စစ်ကောင်စီတပ်စခန်းတွေနဲ့ပတ်သက်ပြီး ထွက်ခွာပေးဖို့ နယ်မြေခံ KNU တပ်က စာထုတ်ပြန်ထားပေမယ့် စစ်ကောင်စီက လိုက်နာမှုမရှိတဲ့အပြင် တပ်အင်အားကိုပါ ထပ်မံတိုးချဲ့ထားတယ်လို့ သိရပါသေးတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် KNLA တပ်ရင်း ၅ တပ်ရင်း ၆ နယ်မြေထဲမှာလည်း စစ်ကောင်စီတပ်က အင်အားထပ်မံတိုးချဲ့လာနေပြီး PDF တွေရှိတယ်လို့ ယူဆရတဲ့ကျေးရွာတွေမှာ ဝင်ရောက်ရှာဖွေစစ်ဆေးတာ၊ စစ်ကြောင်းထိုးလာတာတွေ ပြုလုပ်နေတယ်လို့ တောအူးကရင်သတင်းစဉ်ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ် မဇောကျေးရွာအုပ်စု တုံးဗျောရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ကို ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက်နက် ၄လက် သိမ်းရခဲ့တယ်လို့ KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။