Connect with us

Hi, what are you looking for?

News

ချင်းတွင်းမြစ်အတွင်း မော်တော်ယာဥ်များတိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်တ​ပ်က မြစ်ဘေးရှိ ကျေးရွာသုံးရွာမီးရှို့ရာ နေအိမ်ပေါင်း ၂၀၀​ကျော်ပျက်စီး

မင်းကင်းမြို့နယ်၊ မြစ်ရိုးအောက်ဒေသတွင် အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများမီးရှို့ဖျက်ဆီးမှုကြောင့် ဘင်၊ အနောက်တော၊ သံပေါက်၊ လောင်းပြည့်၊ ဇင်ကလဲ၊ နှင်းကြီး၊ လက်ချိတ်၊ ဖက်ခက် ၊ တောင်လက်ဒေသမှ ပွင့်လျက်၊ အနောက်ကူလဲ စုစုပေါင်း ၁၀ရွာအထိရှိလာပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

(မင်းကင်းနယ်၊ ချင်းတွင်းမြစ်ဘေးရှိ မီးရှို့ခံရသော ကျေးရွာ သုံးရွာအား ​တွေ့ရစဥ်၊ ဓာတ်ပုံ -အောင်သူလွင်)

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် ချင်းတွင်းမြစ်အတွင်း အကြမ်းဖက်စစ်တပ်မော်တော်များ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်တ​ပ်က မြစ်ဘေးကျေးရွာသုံးရွာကို တက်မီးရှို့ရာ နေအိမ်ပေါင်း ၂၀၀ကျော် မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (မေလ ၂၁ ရက်)က မင်းကင်းတပ်ရင်း (၃) ၏တိုက်ခိုက်မှုကြောင့် ထိခိုက်မှုများရှိပြီးမော်တော်တစ်စီးပါ၀မ်းပေါက်သွားခဲ့သည်။

နှင်းကြီးဆိပ်ကမ်းတွင် ဆိုက်ကပ်ထားကြသော မော်တော်အုပ်စုသည် ကမ်းပေါ်တက်လာခဲ့ကြပြီး နှင်းကြီးကျေးရွာ၊လက်ချိတ်ကျေးရွာနှင့် ဖက်ခက်ရွာတို့အား မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြော သည်။

သုံးရွာစုစုပေါင်း အိမ်ခြေ ၂၀၀ခန့်မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ရွာသူ၊ရွာသားများဘေးလွတ်ရာ တိမ်းရှောင်နေကြရပြီး ယနေ့အထိ ရွာပြန်မကပ်နိုင်သေးရဲသေး၍ ဆုံးရှုံးမှုအသေးစိတ်မသိရသေးကြောင်း ဒေသခံများက ပြောသည်။

မင်းကင်းမြို့နယ်၊ မြစ်ရိုးအောက်ဒေသတွင် အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများမီးရှို့ဖျက်ဆီးမှုကြောင့် ဘင်၊ အနောက်တော၊ သံပေါက်၊ လောင်းပြည့်၊ ဇင်ကလဲ၊ နှင်းကြီး၊ လက်ချိတ်၊ ဖက်ခက် ၊ တောင်လက်ဒေသမှ ပွင့်လျက်၊ အနောက်ကူလဲ စုစုပေါင်း ၁၀ရွာအထိရှိလာပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

စစ်ကိုင်းတိုင်းသည် အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုအများဆုံးခံရ​သော​တိုင်းတစ်ခုဖြစ်ပြီး ၂၀၂၁ ​ဖေ​ဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ဧပြီကုန်အထိ Data For Myanmar ပြုစုထား​သောစာရင်းအရ နိုင်ငံတစ်ဝန်း​နေအိမ်​ပေါင်း ၁၁,၄၀၀ ​ကျော်မီးရှို့ဖျက်ဆီးခံခဲ့ရ ရာတွင် စစ်ကိုင်းတိုင်းမှာ ၇,၅၀၀ ​ကျော်ရှိခဲ့သည်။

သို့​​သော်အကြမ်းဖက်စစ်တပ်က စစ်ကိုင်းတိုင်းတွင်​မေလတွင် ပိုမိုဆိုးရွာစွာ အကြမ်းဖက်မီးရှို့ဖျက်ဆီး​နေ၍​ မေလအတွင်း မီးရှို့ဖျက်ဆီးခံရ​သောစာရင်းမှာ​ နေအိမ်​​ထောင်​ပေါင်းများစွာ တိုးလာမည်ဖြစ်သည်။​

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိိမ်တွေအပြင် စေတီပုထိုးတွေကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က နေအိမ်မီးရှို့ခံရတဲ့ ပြည်သူတွေအတွက် အိမ်ပြန်ဆောက်ဖို့ဝါးနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။