Connect with us

Hi, what are you looking for?

News

မြဝတီမှာ ရေဘေးသင့်သူ တစ်ထောင်လောက်ရှိနေ

မိုးဇလရဲ့ဒီနေ့ထုတ်ပြန်ထားချက်အရ သောင်ရင်းမြစ်ရေဟာ မြ၀တီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက်ကို ၅ ပေခွဲခန့် ကျော်လွန်ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း မြစ်ရေဟာ ၂ ပေခန့် ဆက်လက်တက်လာနိုင်တယ်လို့ မြ၀တီမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေအနေနဲ့ အထူးသတိပြုနေထိုင်ကြဖို့ အကြံပြုထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် သောင်းရင်မြစ်ရေကြီးမှုကြောင့် မြ၀တီမြို့မှာ ရေဘေးသင့်သူဦးရေ ၁၀၀၀ ခန့်ရှိပြီး ဘေးလွတ်ရာကို ရွှေ့ပြောင်းနေရတယ်လို့ ကူညီကယ်ဆယ်ပေးနေတဲ့ အဖွဲ့အစည်းတွေထံကနေ သိရပါတယ်။

မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေကျဆင်းလာတာကြောင့် မနေ့မေလ ၂၁ ရက်ကစပြီး သောင်ရင်းမြစ်ရေတက်လာကာ မြ၀တီမြို့ရဲ့အနိမ့်ပိုင်းရပ်ကွက်ဖြစ်ကြတဲ့ အမှတ် ၁၊ အမှတ် ၂၊ အမှတ် ၄ နဲ့ အမှတ် ၅ ရပ်ကွက်တွေမှာ ရေကြီးမှုဖြစ်ပွားခဲ့တာပါ။

အဲ့ဒီရပ်ကွက်လေးရပ်ကွက်က အိမ်ထောင်စု(၃၀၉)စု လူဦးရေ (၁၀၆၈)ဦးဟာ အမှတ် ၁ အမှတ် ၂ အမှတ် ၄ အမှတ် ၅ က ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ ဓမ္မာရုံ ဆွမ်းလောင်းရုံတွေမှာ ပြောင်းရွှေ့နေကြရတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဒါ့အပြင် မြစ်ရေကြီးပြီး တောင်ကျရေအရှိန်ကြောင့် ကမ်းပါးပြိုကျမှုဖြစ်ပွားနေတဲ့အတွက် မြ၀တီမြို့ရဲ့တောင်ဘက် ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းနားမှာ နေထိုင်ကြတဲ့ စစ်ဘေးရှောင်တွေဟာ ရွှေ့ပြောင်းနေထိုင်ရတာတွေရှိနေပြီး လတ်တလောမှာအခက်အခဲကြုံနေလို့ အကူအညီတွေ လိုအပ်နေတယ်လို့လည်း ကြားသိရပါတယ်။

Public Service Announcement

Public Service Announcement

မိုးဇလရဲ့ဒီနေ့ထုတ်ပြန်ထားချက်အရ သောင်ရင်းမြစ်ရေဟာ မြ၀တီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက်ကို ၅ ပေခွဲခန့် ကျော်လွန်ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း မြစ်ရေဟာ ၂ ပေခန့် ဆက်လက်တက်လာနိုင်တယ်လို့ မြ၀တီမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေအနေနဲ့ အထူးသတိပြုနေထိုင်ကြဖို့ အကြံပြုထားပါတယ်။

ဒါ့အပြင် ဒီကနေ့ မေ ၂၂ ကနေ ၂၆ ရက်နေ့အတွင်း ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနဲ့ အရှေ့အလယ်ပိုင်းတွေမှာ မုတ်သုန်လေအားအလွန်ကောင်းနေတာကြောင့် ကရင်ပြည်နယ်အပါအဝင် တိုင်းနဲ့ပြည်နယ် ၇ ခုမှာ မိုးကြီးတာတွေ လေပြင်းတိုက်ခတ်တာတွေဖြစ်ပေါ်နိုင်ပြီး မိုးရေချိန်ဟာလည်း ၃ လက်မနဲ့အထက် ရွာသွန်းနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါသေးတယ်။

အဲ့ဒီရက်ကာလအတွင်း မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်မှုနဲ့အတူ ရုတ်တရက်ရေကြီးတာ မြေပြိုတာတွေဖြစ်ပေါ်နိုင်တာကြောင့် ကုန်းမြင့်ဒေသအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြစ်ချောင်းငယ်အနီးမှာ နေထိုင်သူတွေအနေနဲ့ ရေကြီးရေလျှံမှုကို ကြိုတင်သတိပြုနိုင်ဖို့ မိုးဇလက မေ ၂၃ ရက်က အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့မှာ ကရင်နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ဝင် မောင်းနှင်လာတဲ့ကားက ဝင်တိုက်လို့ ကလေးငယ် ၁ဦးအပါအဝင်ဒေသခံအချို့ ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး လမ်းဘေး ဈေးဆိုင်နဲ့ ကား၊ဆိုင်ကယ်တွေ ပျက်စီးမှုဖြစ်ပွားခဲ့ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်အနီးက ရေပူရာဘာခြံအနီးမှာ ကားဗုံးပေါက်ကွဲမှုဖြစ်ပြီး ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (KNA)အဖွဲ့က တပ်သားအချို့ ထိခိုက်သေဆုံးမှုရှိတယ်လို့ ကနဦး သတင်းရရှိပါတယ်။