Connect with us

Hi, what are you looking for?

News

NUCC စုဖွဲမှုတွင် အချေအတင်ရှိစေကာမူ ဘုံရန်သူကို ကွဲပြားစွာရှုမြင်ပြီး ရည်မှန်းချက်အပျောက်မခံဘဲရှေ့ဆက်သွားရန် အရေးကြီးဟု KNUပြော

ယခုရက်ပိုင်းအတွင်း NUCC၌ NLDပါတီ ကိုယ်စားပြု ပါဝင်ရေး၊ မပါဝင်ရေး ကိစ္စနှင့်ပတ်သက်ပြီး အခြေအတင် ပြောဆိုမှုများ ရှိနေရာ ယင်းကိစ္စက ညီညွတ်ရေးအတွက် စိတ်ပူစရာ အခြေအနေ ဖြစ်ပါသလားဟု မေးမြန်းသည့်အပေါ် ပဒိုစောတောနီးက ယခုကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

(NUCC ​၏ ပထမအကြိမ် ပြည်သူ့ညီလာခံကျင်းပခဲ့စဥ်)

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) စုဖွဲ့မှုအတွင်း အခြေအနေ မည်မျှရှိစေကာမှာ ဘုံရန်သူကို ကွဲပြားစွာရှုမြင်ပြီး ရည်မှန်းချက် အပျောက်မခံဘဲ ရှေ့ဆက်သွားကြရန် အရေးကြီးကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားသည်။

ယခုရက်ပိုင်းအတွင်း NUCC၌ NLDပါတီ ကိုယ်စားပြု ပါဝင်ရေး၊ မပါဝင်ရေး ကိစ္စနှင့်ပတ်သက်ပြီး အခြေအတင် ပြောဆိုမှုများ ရှိနေရာ ယင်းကိစ္စက ညီညွတ်ရေးအတွက် စိတ်ပူစရာ အခြေအနေ ဖြစ်ပါသလားဟု မေးမြန်းသည့်အပေါ် ပဒိုစောတောနီးက ယခုကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

“NUCC မှာကမတူကွဲပြားတဲ့နောက်ခံတွေကနေအသီး သီးပါဝင်လာကြတယ်ဆိုတော့အငြင်းအခုံ၊အချေအတင်ဖြစ်နေကြရတာကိုကအင်မတန်ကောင်းမွန်သင့်လျော်တဲ့အခွင့်အလမ်းတစ်ရပ်အနေနဲ့ပဲမြင်မိပါတယ်ခင်ဗျ။အဲဒီအခွင့်အလမ်းကိုအသုံးချပြီးမိမိတို့ရဲ့ဘုံရည်မှန်းချက်နဲ့ဘုံရန်သူကို ကွဲပြားစွာရှုမြင်ကာ ရှေ့တလှမ်းချင်းတိုးရင်းနဲ့အရှိန်ရလာတာနဲ့အမျှတွန်းတွန်း တိုက်တိုက်နဲ့ဆက်သွား ကြရင်ကိုယ်ရောက်ချင်တဲ့ခရီးကိုရောက်သွားမှာပါလို့ပဲ အကောင်းဘက်ရှုမြင်သုံးသပ်ရင်းနဲ့သတင်းစကားပါးပါရစေ။ဆိုလိုတာက အချေအတင်တွေဘယ်လိုပဲရှိရှိ ကိုယ့်ရည်မှန်းချက်အပျောက်မခံဘဲရှေ့ဆက်သွားကြဖို့ပဲအရေးကြီးပါတယ်ဗျာ”ဟု ပဒိုစောတောနီးက ပြောကြားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း NUG အနေဖြင့် ဝန်ကြီးဌာနများအလိုက်၊ ကော်မရှင်၊ ကော်မတီများအလိုက် တော်လှန်ရေးအောင် မြင်နိုင်ရေး တွန်းအားပေး လုပ်ဆောင်ရမည့် ကိစ္စ မှန်သမျှ ကြိုးစားစီမံ ဆောင်ရွက်နေကြောင်း၊ ယင်းကဲ့သို့ပင် NUCC အနေဖြင့်လည်း သက်ဆိုင်ရာ ကဏ္ဍအလိုက် ပူးတွဲကော်မတီများ ဖွဲ့စည်းကာ စီမံဆောင်ရွက်နေကြောင်း၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH) အနေဖြင့်လည်း နိုင်ငံတကာ အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးပြီး တော်လှန်ရေးကို အထောက်အပံ့ဖြစ်စေနိုင်ရေး ကြိုးစားစီမံနေကြောင်း ယမန်နေ့က ပြုလုပ်သည့် အစိုးရ အဖွဲ့အစည်းအဝေး၌ ပြောကြားသည်။

Public Service Announcement

Public Service Announcement

“တော်လှန် ရေးကာလအတွင်း အသုံးပြုရမယ့် ဥပဒေတွေ၊ မူဝါဒတွေကို NUCC ၊ NUG တို့နဲ့ ပူးပေါင်းပြီး စီမံနေတာတွေ အားလုံးသိရှိပြီးသားဖြစ်မှာပါ။” ဟု ဝန်ကြီး ချုပ်က ပြောသည်။

ပြည်သူများအနေဖြင့် တော်လှန်ရေလမ်းစဉ်၌ တော်လှန်ရေးဦးဆောင်အဖွဲ့များနှင့်အတူ အပြည့်အ၀ ရပ်တည်ပံ့ပိုးကူညီနေသည်ကိုလည်း အားလုံးသိပြီးဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

“နိုင်ငံရေးအရ အင်မတန်အကဲဆတ်ပြီး အနာဂါတ်ဖက်ဒရယ်ပြည်ထော င်စုတည်ထောင်ရေးအတွက် အလွန်နီးစပ်နေ တဲ့ကာလမှာ ပြည်သူများ အကြား၊ ခေါင်း ဆောင်များအကြား သတိကြီးစွာ စည်းလုံးညီညွတ်သွားကြဖို့လိုပါတယ်။ ဒါကြောင့် ပြည်သူ့ဆန္ဒနဲ့ မသွေဖယ်ဘဲ၊ စစ်အာဏာရှင်တို့နဲ့မပူးပေါင်းဘဲ တော်လှန်ရေးကို နိုင်ရာကဏ္ဍဘက်က ပါဝင်ဆောင်ရွက်နေကြတဲ့ ပါတီအသီးသီး၊ အစုအဖွဲ့အသီးသီးတို့ရဲ့ နိုင်ငံရေး၊ တော်လှန်ရေး ရပ်တ ည် ချက်များကို တစ်ခါတရံ ရှုမြင်သုံးသပ်ပုံများ မတူညီကြဘူး ဆိုရင်တောင်အပြန်အလှန် လေးစားကြရမှာဖြစ်ပါတယ်။”ဟု ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောသည်။

NUCCတွင် NLD မပါဝင်တော့ကြောင်း ရေးသားဖော်ပြမှုများရှိရာ ယင်းသို့ ဖော်ပြချက်သည် တော်လှန်ရေးကို ပုံပျက်အောင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ NLD ပါတီဝင်များအနေဖြင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) အနေဖြင့် သော်လည်းကောင်း၊ အောက်ခြေ၌ ဆောင်ရွက်နေသည့် လုပ်ငန်းရပ်များ၌ ကျရာ ကဏ္ဍမှ လည်းကောင်း ပူးပေါင်းပါဝင်ဆောင် ရွက်နေကြောင်း CRPH ဥက္ကဋ္ဌ ဖြစ်သူ NLDဗဟိုအလုပ် အမှုဆောင် ဦးအောင်ကြည်ညွန့်က ခေတ်သစ်သတင်းဌာနနှင့် အင်တာဗျူးကဏ္ဍတွင် ရှင်းလင်းပြောကြားထားသည်။

NUCCတွင် NLD ကိုယ်စားပြု မပါဝင်ဘဲ မိတ်ဖက် ဆက်ဆံရေးအဖြစ်သာ ရပ်တည်တော့မည်ဆိုပြီး သတင်းဌာန တစ်ခုက ဖော်ပြခဲ့ရာ ဦးအောင်ကြည်ညွန့်က “ NUCCမှာကျွန်​တော်တို့ အပြည့်အ၀ ပါဝင်နေပါတယ်။ NUCCမှာ ကျွန်​တော်တို့ ၂၀၂၀အနိုင်ရ ကိုယ်စားလှယ်များ အစုအဖွဲ့မှာ ၁၄ယောက် ကျနော်တို့ ပေးထားတယ်။ ကောင်စီမှာ ပါနေတယ်။ NUCCမှာ Joint Committee တွေမှာလည်း CRPH က ကိုယ်စားလှယ်တွေကို ပေးထားတယ်။ ဘယ်ကိုယ်စားလှယ်တွေက သင့်တော်တယ်ဆိုတာမျိုးနဲ့ တိုင်းနဲ့ ပြည်နယ်တွေလည်း အစုံပါအောင်ပေးရတာ”ဟု ဦးအောင်ကြည်ညွန့်က ပြောကြားခဲ့သည်။

NUCCကို ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူလူထု ထောက်ခံမှုများဖြင့် တရားဝင်မှုရရှိထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)နှင့် မြေပြင်၌ ကိုယ်ပိုင်ထိန်းချုပ်နယ်မြေများ၊ အုပ်ချုပ်မှုယန္တရားများ၊ လူထုထောက်ခံမှု အသီးသီးရရှိခြင်းအားဖြင့် တရားဝင်မှု ရှိသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ ၊ ပြည်နယ်/ဖက်ဒရယ်ယူနစ်အခြေပြုနှင့် လူမျိုးအခြေပြု အတိုင်ပင် ခံကောင်စီများနှင့် စစ်အာဏာသိမ်းမှုကို လက်မခံသော နိုင်ငံရေးပါတီများ၊ နွေဦးတော်လှန်ရေး၏ အင်အားစုများဖြစ်သည့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သော လူငယ်၊ အမျိုးသမီး အဖွဲ့အစည်းများ၊ အလုပ်သမားသမဂ္ဂများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင်ပါဝင်သူများ၊ သပိတ်ကော်မတီများ စသည့် တိုင်းရင်းသားလူမျိုးပေါင်းစုံ လူထုလူတန်းစားအလွှာအသီးသီးမှ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည်။

CRPH အနေဖြင့် လက်ရှိအမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဖွဲ့စည်းမှုကိုပင် NUCC နှင့်ညှိနှိုင်းတိုင်ပင်ပြီး အစိုးရကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အင်းအားစု ၅စုဖြင့် စုဖွဲ့ထားသည့် NUCC က ဦးဆောင်၍ ပြည်သူ့ညီလာခံ ခေါ်ယူကာအတည်ပြုခဲ့သော ဖက်ဒရယ်ဒီမိုကရေစီ ပဋိဉာဉ်စာတမ်းသည် ရှေ့ဆက်ရမည့် လမ်းကြောင်း တစ်ခုဖြစ်ကြောင်း NUGက အစိုးရ ဖွဲ့စည်းခြင်း တစ်နှစ်ပြည့်နေ့ဖြစ်သည့် ဧပြီ ၁၆ရက်တွင် သတင်းထုတ်ပြန်သည်။

ပြည်သူ့တော်လှန်ရေးကို အထိအခိုက်နည်းစွာဖြင့် အောင် မြင်ပြီးမြောက်လိုသူများ အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား တရားသေ ကိုင်စွဲထားခြင်းကို စွန့်လွှတ်ပြီး မြန်မာနိုင်ငံရေးတွင် စစ်တပ်က မည်သည့်အခါမှ ဝင်ရောက် စွက်ဖက်ခြင်းမပြုရဟူသည့် မူကို လက်ခံကာ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သူများ သည်လည်း တာဝန်ခံယူမှု တာဝန်ခံမှု အပြည့်ဖြင့် ပြည်သူ့တရားစီရင်ရေးကို လိုက်နာ ဆောင်ရွက်နိုင်မှသာလျင် ပြည်သူလူထု လိုလားသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသို့ သွားရောက်မည့် လမ်းကြောင်းအတွက် အဖြေတစ်ခု ရရှိနိုင်မည်ဖြစ်ကြောင်းလည်း NUGက ရှင်းလင်းစွာ အသိပေးထားသည်။

NUG၏ သမ္မတအဖြစ် စစ်ကောင်စီက ဖမ်းဆီးထားသည့် နိုင်ငံတာ်သမ္မတ ဦးဝင်းမြင့်ကို ဆက်လက် တင်မြှောက်ထားသကဲ့သို့ ဖမ်းဆီးခံထားရသည့် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် တင်မြောက်ထားသည်။ လက်ရှိတွင် ယာယီသမ္မတအဖြစ် ဒုတိယသမ္မတ ဒူဝါလရှီးလက ဆောင်ရွက်နေပြီး ပြည်ထောင်စုဝန်ကြီးချုပ်အဖြစ် ယခင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက တာဝန်ယူဆောင်ရွက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကမမောင်း-ဖာပွန်ကားလမ်းပိုင်းမှာစစ် ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ KNU တပ်မဟာ (၅) ဦးစီးတဲ့ပူးပေါင်းတပ်တွေကြားအခုရက်ပိုင်းတွေအတွင်းတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ကမမောင်းအခြေစိုက်ကရင့်နယ်ခြားစောင့်တပ်( BGF) အမှတ် (၁၀၁၄)တပ်ရင်းနဲ့နီးစပ်တဲ့ကရင်သတင်းရင်းမြစ်ကပြောပါတယ်။