Connect with us

Hi, what are you looking for?

News

တမူးတိုက်ပွဲ PDF များအထိအခိုက်မရှိဟုတာဝန်ရှိသူ​ပြော

တမူး (PDF)တပ်ရင်း ၄ ၏ ထုတ်ပြန်ချက်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ကြောင်းဖြင့် တိုက်ခိုက်ခဲ့ပြီး စခန်းသိမ်းရန် အထိ ရည်ရွယ်သည်ဟုဆိုထားသည်။

(တမူး PDF တပ်ရင်း ၄ တပ်ဖွဲ့ဝင်များ)

တမူးမြို့တွင် ယမန့်နေ့ (မေ ၂၄ရက်) ကစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးလာသဖြင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖြစ်​သော PDF တမူးနှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ ပြည်သူ့ကာကွယ်​ရေးတပ်များအထိအခိုက်မရှိခဲ့​ကြောင်း PDF(တမူး) တပ်ရင်း ၁ မှာ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ဒီကောင်တွေ (စစ်ကောင်စီတပ်) လမ်းကြောင်းတွေဘာတွေရှိပြီဆိုမှ ဒီလို စစ်ကြောင်းထိုးတာရှိတယ်။ တော်ရုံတန်ရုံဆိုရင် မလှုပ်ရှားရဲဘူး။ မနေ့ကလည်း အရာရှိအပြောင်းအလဲရှိတယ်ထင်တယ်။ အဲ့တာကြောင့်မို့ စစ်ကြောင်းနဲ့ အဲ့ဘက်မှ ထိုင်တဲ့ တပ်ရင်း ၂ ၊၃ ၊ ၄ရှိတဲ့နေရာ။ ၂ ၊၃၊ ၄ က လမ်းကြောင်းထွက်တာများတာကို အာ့တာကို ရှင်းရင်း သူတို့ လမ်းကြောင်းတွေကို ချောချောမွတ်မွတ်ဖြစ်အောင်လုပ်လိုက်တာပါ”ဟု PDF(တမူး) တပ်ရင်း ၁ မှာ တာဝန်ရှိသူတစ်ဦးကသုံးသပ်ပြောသည်။

တိုက်ပွဲတွင် PDFဘက်မှ အထိအခိုက်အကျအဆုံးမရှိကြောင်းကိုလည်း ၎င်းကဆက်​ပြောသည်။ စစ်​ကောင်စီတပ်မှ ထိခိုက်​သေဆုံးမှု ရှိ၊မရှိကိုမူ အတည်မပြုနိုင်ကြောင်းလည်း ၎င်းက​ပြောသည်။

တမူး (PDF)တပ်ရင်း ၄ ၏ ထုတ်ပြန်ချက်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ကြောင်းဖြင့် တိုက်ခိုက်ခဲ့ပြီး စခန်းသိမ်းရန် အထိ ရည်ရွယ်သည်ဟုဆိုထားသည်။

Public Service Announcement

Public Service Announcement

ထိုအတွက် ပြည်သူများအနေဖြင့် ငွေကြေးဖြင့်လည်းကောင်း၊ဆုဆောင်းမေတ္တာ ပို့ပေးခြင်းဖြင့် လည်းကောင်း အကူအညီများပေးရန် မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။