Connect with us

Hi, what are you looking for?

သတင်း

ခိုးဆိုးလုနှိုက်နေသူများကို ပြင်းထန်စွာတုံ့ပြန်မည်ဟု ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့ သတိပေး

ဓါးပြအုပ်စုသည် အမျိုးသမီး၏ ဖုန်းနှင့် ဆွဲကြိုးကို လုယက်ယူဆောင်ပြီး အနီးနားရှိလူများကိုလည်း ဓါးဖြင့်ခြိမ်းခြောက်ကာ အမျိုးသမီးကို လာရောက်ကူညီသူတစ်ဦးကိုလည်း ဓါးဖြင့်လိုက်ခုတ်ခဲ့သည်ဟု မျက်မြင်တွေ့ရှိခဲ့သူက ပြောသည်။

(ယနေ့နံနက်ပိုင်းက အင်းစိန် ဖော့ကန်ရပ်ကွက်၌ ဖမ်းမိခဲ့သော လုယက်သူတစ်ဦးဖြစ်သည်။ဓာတ်ပုံ CJ)

ရန်ကုန်မြို့တွင် ခိုးဆိုးလုနှိုက်နေသူများကို ပြင်းထန်စွာတုံ့ ပြန်မည်ဟု ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့ (Civil Guerrilla Force -CGF)က ယနေ့ (မေ ၂၇ ရက်) သတိပေးထုတ်ပြန်သည်။

“စိတ်ထိခိုက်စရာသတင်းတွေ ကျွန်တော်တို့ နေ့စဉ်ဖတ်နေရပါတယ် ။ခိုးဆိုးလုနှိုက်တဲ့ ကိစ္စတွေပါပဲ ။အသက်အန္တရာယ်ကိုပါ အလွယ်တကူရန်ရှာနေကြတာတွေဟာ တစ်ကယ်ဆိုးရွားလွန်းပါတယ်”ဟု CGF က ပြောသည်။

ဆက်လက်၍ “ကျွန်တော်တို့ ဘာလုပ်နိုင်မလဲလို့ စဉ်းစားပါတယ် ။ဝန်နဲ့အားနဲ့မမျှနေတာကိုလဲ ရိုးသားစွာ ဝန်ခံပါတယ် ။ လက်လှမ်းမှီသလောက်တော့ ပြင်းပြင်းထန်ထန်တုံ့ပြန်ပါမယ် “ဟု အသိပေးသည်။

(ယနေ့နံနက်ပိုင်းက အင်းစိန် ဖော့ကန်ရပ်ကွက်၌ ဖမ်းမိခဲ့သော လုယက်သူတစ်ဦးဖြစ်သည်။ဓာတ်ပုံ CJ)

ထို့အတူ ပြည်သူများအနေဖြင့် ကိုယ့်ပတ်ဝန်းကျင်ရှိ ခိုးဆိုးလုနှိုက်ပြဿနာများကို ညီညွတ်စွာဝိုင်းဝန်းစောင့်ရှောက် ကာကွယ်ပေးရန်လည်း CGFက တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

ရန်ကုန်မြို့တွင် ခိုးဆိုးလုနှိုက်မှုများအပါအဝင် နေခင်းကြောင်တောင်ပင် ဓားပြ၍ ခြိမ်းခြောက်လုယက်မှုများစွာ ဖြစ်ပေါ်လာနေသည်။

ယနေ့နံနက်ပိုင်းကပင် အင်းစိန်မြို့နယ် ဖော့ကန်၌ ဖယ်ရီကားစောင့်နေသော အမျိုးသမီးတစ်ဦးကို ဓားဖြင့်ထောက်ကာ အမျိုးသားသုံးဦးက လမ်းမပေါ် ဓားပြတိုက်မှုတစ်ခုဖြစ်ပွားခဲ့ ဒေသခံများက ဆိုသည်။

ဓါးပြအုပ်စုသည် အမျိုးသမီး၏ ဖုန်းနှင့် ဆွဲကြိုးကို လုယက်ယူဆောင်ပြီး အနီးနားရှိလူများကိုလည်း ဓါးဖြင့်ခြိမ်းခြောက်ကာ အမျိုးသမီးကို လာရောက်ကူညီသူတစ်ဦးကိုလည်း ဓါးဖြင့်လိုက်ခုတ်ခဲ့သည်ဟု မျက်မြင်တွေ့ရှိခဲ့သူက ပြောသည်။

“ဖြစ်တာက ၇ နာရီဝန်းကျင်လောက်။ပစ္စည်းရနေတာတောင် ဘယ်လောက်အတင့်ရဲနေကြသလဲဆိုရင် ဘေးနားက လူတွေကို ပါ ဓားရှည်ကိုင်ပြီး မသွားဘဲ ခြိမ်းခြောက်နေ သေးတာ။အဲဒီအချိန် ရပ်ကွက်ထဲက ဦးလေးကြီးတွေထွက်လာပြီး ဝိုင်းဖမ်းတာ တစ်ကောင်မိသွားတယ်”ဟု ၎င်းက People’s Springသို့ ရှင်းပြသည်။

လက်ရှိ ရန်ကုန်မြို့ ကမာရွတ်၊မရမ်းကုန်း၊ တောင်ဥက္ကလာပ၊မြောက်ဥက္ကလာပ၊ မြောက်ဒဂုံ နှင့် အရှေ့ဒဂုံမြို့နယ်များ၌ လုယက်သူများ ပိုမိုပေါ်လာကြောင်းလည်း ဒေသခံသတင်းရင်းမြစ်များက ‌ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လက်ဘနွန်ကို အစ္စရေးက ဆက်ပြီး တိုက်ခိုက်နေမယ်ဆိုရင် နောင်တရသွားလောက်အောင် လက်တုံ့ပြန်ရလိမ့်မယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။

သတင်း

ကျင့်ဝတ်မဲ့စွာ မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေသည့် တရုတ်နိုင်ငံ၏ လုပ်ရပ်အပေါ် NUG အပါအဝင် တော်လှန်ရေးအင်အားစုများက လက်မခံကြောင်း ထုတ်ဖော် အသိပေးထားသည်။

သတင်း

နဝရက်ရွှေဆိုင်ဓါးပြမှုတွင် ကျပ်သိန်းပေါင်းတစ်သောင်းခွဲခန့် ဓါးပြတိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း မုံရွာပလဖ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

သတင်း

သတိပေးချက်အား မလိုက်နာပါက ၎င်းတို့ကို စစ်သား၊ ရဲများနှင့် တန်းတူမှတ်ယူ၍ ထိရောက်ပြင်းထန်စွာ အပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။