Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ခိုးဆိုးလုနှိုက်နေသူများကို ပြင်းထန်စွာတုံ့ပြန်မည်ဟု ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့ သတိပေး

ဓါးပြအုပ်စုသည် အမျိုးသမီး၏ ဖုန်းနှင့် ဆွဲကြိုးကို လုယက်ယူဆောင်ပြီး အနီးနားရှိလူများကိုလည်း ဓါးဖြင့်ခြိမ်းခြောက်ကာ အမျိုးသမီးကို လာရောက်ကူညီသူတစ်ဦးကိုလည်း ဓါးဖြင့်လိုက်ခုတ်ခဲ့သည်ဟု မျက်မြင်တွေ့ရှိခဲ့သူက ပြောသည်။

(ယနေ့နံနက်ပိုင်းက အင်းစိန် ဖော့ကန်ရပ်ကွက်၌ ဖမ်းမိခဲ့သော လုယက်သူတစ်ဦးဖြစ်သည်။ဓာတ်ပုံ CJ)

ရန်ကုန်မြို့တွင် ခိုးဆိုးလုနှိုက်နေသူများကို ပြင်းထန်စွာတုံ့ ပြန်မည်ဟု ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့ (Civil Guerrilla Force -CGF)က ယနေ့ (မေ ၂၇ ရက်) သတိပေးထုတ်ပြန်သည်။

“စိတ်ထိခိုက်စရာသတင်းတွေ ကျွန်တော်တို့ နေ့စဉ်ဖတ်နေရပါတယ် ။ခိုးဆိုးလုနှိုက်တဲ့ ကိစ္စတွေပါပဲ ။အသက်အန္တရာယ်ကိုပါ အလွယ်တကူရန်ရှာနေကြတာတွေဟာ တစ်ကယ်ဆိုးရွားလွန်းပါတယ်”ဟု CGF က ပြောသည်။

ဆက်လက်၍ “ကျွန်တော်တို့ ဘာလုပ်နိုင်မလဲလို့ စဉ်းစားပါတယ် ။ဝန်နဲ့အားနဲ့မမျှနေတာကိုလဲ ရိုးသားစွာ ဝန်ခံပါတယ် ။ လက်လှမ်းမှီသလောက်တော့ ပြင်းပြင်းထန်ထန်တုံ့ပြန်ပါမယ် “ဟု အသိပေးသည်။

(ယနေ့နံနက်ပိုင်းက အင်းစိန် ဖော့ကန်ရပ်ကွက်၌ ဖမ်းမိခဲ့သော လုယက်သူတစ်ဦးဖြစ်သည်။ဓာတ်ပုံ CJ)

ထို့အတူ ပြည်သူများအနေဖြင့် ကိုယ့်ပတ်ဝန်းကျင်ရှိ ခိုးဆိုးလုနှိုက်ပြဿနာများကို ညီညွတ်စွာဝိုင်းဝန်းစောင့်ရှောက် ကာကွယ်ပေးရန်လည်း CGFက တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

ရန်ကုန်မြို့တွင် ခိုးဆိုးလုနှိုက်မှုများအပါအဝင် နေခင်းကြောင်တောင်ပင် ဓားပြ၍ ခြိမ်းခြောက်လုယက်မှုများစွာ ဖြစ်ပေါ်လာနေသည်။

ယနေ့နံနက်ပိုင်းကပင် အင်းစိန်မြို့နယ် ဖော့ကန်၌ ဖယ်ရီကားစောင့်နေသော အမျိုးသမီးတစ်ဦးကို ဓားဖြင့်ထောက်ကာ အမျိုးသားသုံးဦးက လမ်းမပေါ် ဓားပြတိုက်မှုတစ်ခုဖြစ်ပွားခဲ့ ဒေသခံများက ဆိုသည်။

ဓါးပြအုပ်စုသည် အမျိုးသမီး၏ ဖုန်းနှင့် ဆွဲကြိုးကို လုယက်ယူဆောင်ပြီး အနီးနားရှိလူများကိုလည်း ဓါးဖြင့်ခြိမ်းခြောက်ကာ အမျိုးသမီးကို လာရောက်ကူညီသူတစ်ဦးကိုလည်း ဓါးဖြင့်လိုက်ခုတ်ခဲ့သည်ဟု မျက်မြင်တွေ့ရှိခဲ့သူက ပြောသည်။

“ဖြစ်တာက ၇ နာရီဝန်းကျင်လောက်။ပစ္စည်းရနေတာတောင် ဘယ်လောက်အတင့်ရဲနေကြသလဲဆိုရင် ဘေးနားက လူတွေကို ပါ ဓားရှည်ကိုင်ပြီး မသွားဘဲ ခြိမ်းခြောက်နေ သေးတာ။အဲဒီအချိန် ရပ်ကွက်ထဲက ဦးလေးကြီးတွေထွက်လာပြီး ဝိုင်းဖမ်းတာ တစ်ကောင်မိသွားတယ်”ဟု ၎င်းက People’s Springသို့ ရှင်းပြသည်။

လက်ရှိ ရန်ကုန်မြို့ ကမာရွတ်၊မရမ်းကုန်း၊ တောင်ဥက္ကလာပ၊မြောက်ဥက္ကလာပ၊ မြောက်ဒဂုံ နှင့် အရှေ့ဒဂုံမြို့နယ်များ၌ လုယက်သူများ ပိုမိုပေါ်လာကြောင်းလည်း ဒေသခံသတင်းရင်းမြစ်များက ‌ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထောင်ထားသော စွန့်လွှတ်မိုင်းအား နင်းမိသောကြောင့် ပလက်ဝမြို့နယ်၊ ဖွေလိုက်ဝ (၂) ကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ရသည်ဟုလည်း အသိပေးထားသည်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ အလုပ်လက်မဲ့ ဦးရေ အချိုးအစားဟာ လက်ရှိမှာ ၁ ရာခိုင်နှုန်းအောက်သာ ရှိနေပြီး ထိုင်းအနေနဲ့ မြန်မာ အပါအဝင် အိမ်နီးချင်း နိုင်ငံတွေဆီက လုပ်သားရင်းမြစ်တွေကို ပိုမို လိုအပ်နေတယ်လို့လည်းဆရက်သာက ဆိုပါတယ်။

သတင်း

ရက္ခိုင်နှင့် ချင်းပြည်နယ် ပလက်၀မြို့နယ် တိုက်ပွဲများမှ ထွက်ပြေးလာသည့် စစ်သားများ အနက် ဗိုလ်ကြီးအဆင့် အပါအဝင် စစ်ကောင်စီတပ်သား ၁၅ဦးကို ဇန်နဝါရီ ၃၀ရက်တွင် CDF ဒိုင်ရ်ဒေသ၌ ဖမ်းမိခဲ့သည်ဟု အသိပေးထားသည်။

သတင်း

စစ်ပွဲ၌ စစ်ရေးပီပီပြင်ပြင် ပြုမူတုန့်ပြန်ရသည်ကို လက်ခံနိုင်သော်လည်း စစ်ရေးကျင့်ဝတ်နှင့် မလျော်ညီသည်များကိုအမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ခွင့်ပြု၍ မရကြောင်း အလေးအနက်ထား ပြောကြားခဲ့သည်။