Connect with us

Hi, what are you looking for?

သတင်း

စစ်ရှိန်မြှင့်တင်မည်ဟုအသိပေးထားသည့် NUGယာယီသမ္မတ ရှေ့တန်းစခန်းတစ်နေရာသို့ သွားရောက်

လက်ရှိတွင် စစ်အာဏာရှင် တိုက်ဖျက်ရေး ပြည်သူ့ခုခံတော်လှန်စစ်ဆင်နွဲလက်ရှိရာ ရှေ့ကာလများ၌ စစ်ရေးအရှိန် မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယာယီသမ္မတက ဧရာ၀တီ သတင်းဌာန နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

NUGယာယီသမ္မတ ရှေ့တန်းစခန်းတစ်နေရာသို့ သွားရောက်
NUGယာယီသမ္မတ ရှေ့တန်းစခန်းတစ်နေရာသို့ သွားရောက်

▪️PDFသည် နွေဦး‌ပြည်သူ့တော်လှန်ရေး၏ အသက်ပမာအရေးကြီး၍ လူထုမျှော်လင့်ချက်ပန်းတိုင်ရောက်သည်အထိ ဦးဆောင်ပါဝင်ရန် မှာကြားခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလသည် ရှေ့တန်းစခန်းတစ်နေရာရှိ ပြည်သူ့ကာကွယ် ရေးတပ်မတော်(PDF) စစ်သည်ရဲ‌ဘော်များကို သွာေးရာက် တွေ့ဆုံခဲ့ကြော်း ယာယီသမ္မတ၏ Facebook စာမျက်နှာတွင် ဓာတ်ပုံများနှင့်အတူ ထုတ်ပြန်ခဲ့သည်။

ရှေ့တန်းစခန်း တည်နေရာကို ဖော်ပြထားခြင်းမရှိသော်လည်း မေလ ၂၄ရက်တွင်ရှေ့တန်းစခန်းရှိ PDF စစ်သည်ရဲဘော်များနှင့်တွေ့ဆုံခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

NUGယာယီသမ္မတ ရှေ့တန်းစခန်းတစ်နေရာသို့ သွားရောက်
NUGယာယီသမ္မတ ရှေ့တန်းစခန်းတစ်နေရာသို့ သွားရောက်

ထိုသို့ တွေ့ဆုံစဉ် ယာယီသမ္မတက PDF ရဲဘော်များ သည် တိုင်းပြည်၏ သူရဲကောင်း၊ တိုင်းပြည်၏ မျှော်လင့် ချက်ဖြစ်၍ အထူးလေးစား ဂုဏ်ယူကြောင်း ပြောကြားခဲ့သည်။

Public Service Announcement

Public Service Announcement

ပြည်သူ့တော်လှန်ရေးအတွက် မိမိတို့ အသက်ခန္ဓာကိုပါ စတေးထည့်ဝင်နေကြသည့် PDF စစ်သည်တော်များအပါအဝင် ခုခံတွန်းလှန်စစ်တွင် ပါဝင်နေကြသူအားလုံးကို သမိုင်းက ကောင်းစွာ မော်ကွန်းကဗ္ဗည်းတင်ပြီးဖြစ်သလို ဤအရင်းအနှီးများသည် လုံးဝ အဟောသိကံ ဖြစ်မည်မဟုတ်ဟုလည်း ယာယီသမ္မတက ပြောကြားခဲ့သည်။

NUGယာယီသမ္မတ ရှေ့တန်းစခန်းတစ်နေရာသို့ သွားရောက်
NUGယာယီသမ္မတ ရှေ့တန်းစခန်းတစ်နေရာသို့ သွားရောက်

ဤသို့သော ရင်းနှီးပါဝင်ခြင်းများကြောင့် ထိုက်တန်သည့် အကျိုးရလဒ်ကောင်းများကိုလည်း မုချရရှိမည်မှာ သေချာကြောင်း၊ မိမိတို့ PDF တပ်မတော်သည် အနာဂတ်ဖက်ဒရယ်တပ်မတော်တည်ဆောက်ရာတွင်လည်း အဓိကအရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်မည်ဖြစ်၍ ယခုကတည်းကပင် ဖက်ဒရယ်စနစ်နှင့် ဒီမိုကရေစီသဘောတရားတို့ကို လက်ကိုင်ပြု ကျင့်ကြံဖို့ လိုအပ်ကြောင်း လည်း PDF ရဲဘော်များနှင့် တွေ့ဆုံစဉ် ယာယီသမ္မတက ပြောကြားခဲ့သည်။

PDF သည် ပြည်သူ့အတွက် အားကိုးယုံကြည်ရာသာ ဖြစ်ရမည်ဖြစ်ပြီး ပြည်သူ့ဆန္ဒကို မဆန့်ကျင်ဖို့ အထူးလိုအပ်ကြောင်း၊ ပြည်သူနှင့် PDF သည် ရေနှင့်ငါးကဲ့သို့ပင် ကျင့်ကြံရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

Professional စံပြတပ်မတော်တရပ်အဖြစ်ရပ်တည်နိုင်ရေးအတွက် ပြည်သူနှင့်တသားတည်းရှိမှု၊ စည်းကမ်း‌လကောင်းမွန်မှု၊ အမိန့်နာခံမှု၊ စွမ်းရည်ပြည့်ဝမှုတို့သည် အရေးကြီးကြောင်း၊ ယခုအခါ တနိုင်ငံလုံးတွင် PDF တပ်မတော်၏ တပ်ရင်းတပ်ဖွဲ့ပေါင်းများစွာ စနစ်တကျ စုဖွဲ့လာနိုင်ပြီဖြစ်၍ လူထုက များစွာအားတက်လျက်ရှိကြောင်း ယာယီသမ္မတက ပြောသည်။

NUGယာယီသမ္မတ ရှေ့တန်းစခန်းတစ်နေရာသို့ သွားရောက်
NUGယာယီသမ္မတ ရှေ့တန်းစခန်းတစ်နေရာသို့ သွားရောက်

PDF သည် နွေဦး‌ပြည်သူ့တော်လှန်ရေး၏ အသက်ပမာ အရေးကြီး၍ လူထုမျှော်လင့်ချက်ပန်းတိုင်ရောက်သည်အထိ ဉာဏ်ပညာ ဇွဲ သတ္တိ လုံ့လ ဝိရိယအပြည့်ဖြင့် ဦးဆောင်ပါဝင်သွားကြရန် လိုအပ်ကြောင်း ယာယီသမ္မတက မှာကြားခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

PDF စစ်သည်ရဲဘော်များကလည်း ဆွေးနွေးခြင်း မေးခွန်းမေးခြင်းများ ပြုလုပ်ခဲ့ရာ ယာယီသမ္မတသည် ရင်းနှီးပွင့်လင်းစွာ ပြန်လည်ဆွေးနွေး၊ ဖြေကြားခဲ့သည်ဟု ဆိုသည်။

ယာယီသမ္မတနှင့် အဖွဲ့သည် စစ်စခန်းတွင်း အခြေအနေများ၊ PDF စစ်သည်တော်များ၏ လိုအပ်ချက်နှင့် စားဝတ်နေရေး အခြေအနေများ၊ PDF စစ်သည်တော်များ၏ စစ်ရေးလေ့ကျင့်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း ထုတ်ပြန်သည်။

စစ်သည်တော်များ၏ အလေးပြုနှုတ်ဆက်မှုကို ခံယူပြီးနောက် စခန်းမှ ပြန်လည် ထွက်ခွာခဲ့ကြောင်း အသိပေးထားသည်။

မကြာသေးမီက ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် ရှေ့တန်း တပ်စခန်း တစ်နေရာသို့ သွားရောက်သည့် ဓာတ်ပုံများ ထုတ်ပြန်ခဲ့ပြီး ယခု ယာယီသမ္မတ ရှေ့တန်း စခန်းတစ်နေရာ ရောက်ရှိမှုကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် စစ်အာဏာရှင် တိုက်ဖျက်ရေး ပြည်သူ့ခုခံတော်လှန်စစ်ဆင်နွဲလက်ရှိရာ ရှေ့ကာလများ၌ စစ်ရေးအရှိန် မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယာယီသမ္မတက ဧရာ၀တီ သတင်းဌာန နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။