Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရဟတ်ယာဉ်အမှု မှာ အရေးပါတဲ့ သက်သေစာရွက်စာတမ်းကို တရားလို မတင်ပြနိုင်

NLD အစိုးရ လက်ထက် သဘာဝဘေးမှာ ကူညီကယ်ဆယ်ရေးဆောင်ရွက်ဖို့ ရဟတ်ယာဉ်တစ်စီး ကို ကုမ္ပဏီထံက ဌားရမ်းရာမှာ စာချုပ်ပါပျံသန်းချိန်ထက် လျော့နည်းပျံသန်းခဲ့ပြီး ဌားရမ်းခပိုမိုပေးချေတယ်ဆိုကာ စစ်ကောင်စီက အမှုလုပ်ပြီး တရားစွဲထားတာပါ။

Daw Aung San Su Kyi

ရဟတ်ယာဉ်ဌားရမ်းမှုနဲ့ပတ်သက်ပြီး သမ္မတ ဦးဝင်းမြင့် ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် အဂတိ နဲ့စွဲဆိုထားတဲ့အမှုမှာ တရားလိုဘက်က အမှုအတွက်သက်သေစာရွက်စာတမ်း ကိုတရရားရုံးထံ မတင်ပြနိုင်ခဲ့ဘူးလို့ သိရပါတယ်။

NLD အစိုးရ လက်ထက် သဘာဝဘေးမှာ ကူညီကယ်ဆယ်ရေးဆောင်ရွက်ဖို့ ရဟတ်ယာဉ်တစ်စီး ကို ကုမ္ပဏီထံက ဌားရမ်းရာမှာ စာချုပ်ပါပျံသန်းချိန်ထက် လျော့နည်းပျံသန်းခဲ့ပြီး ဌားရမ်းခပိုမိုပေးချေတယ်ဆိုကာ စစ်ကောင်စီက အမှုလုပ်ပြီး တရားစွဲထားတာပါ။

တရားလိုဟာ စစ်ကောင်စီ ပြင်ဆင်ဖွဲ့စည်းထားတဲ့အဂတိကော်မရှင်ကဖြစ်ပါတယ်။

ဒီနေ့ မေလ ၃၀ ရက် ရုံးချိန်းမှာ တရားလိုဘက်က အမှုအတွက်သက်သေ ဖြစ်တဲ့ရဟတ်ယာဉ်ဌားရမ်းမှုနဲ့ပတ်သက်ပြီး အစိုးရ နဲ့ ကုမ္ပဏီကြား ချုပ်ဆိုထားတဲ့ စာချုပ် ကို နိုတြီပြန်ဆိုပြီး တင်ပြဖို့ ချိန်းဆိုထားတာပါ။

Public Service Announcement

Public Service Announcement

ဒါပေမယ့် ဒီနေ့ တရားခွင်မှာ အဲဒီသက်သေ စာရွက်စာတမ်းကို တင်ပြနိုင်တာမရှိတဲ့အတွက် လာမယ့် ဇွန်လ ၆ ရက်နေ့ ရုံးချိန်းကို တရားရုံးကချိန်းဆိုလိုက်တယ်လို့သိရပါတယ်။

ဒီနေ့တရားခွင်မှာ သမ္မတဦးဝင်းမြင့်ရော ၊ ဒေါ်အောင်ဆန်းစုကြည်ပါ ကျန်းမာရေးကောင်းကြတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်အာဏာသိမ်းပြီး​နောက်​တော်လှန်​ရေးအဖွဲ့များပစ်ချခဲ့သည့် စစ်​ကောင်စီ ရဟတ်ယာဥ်နှင့် ​လေယာဥ် ၇ စီးရှိပြီဖြစ်သည်။

သတင်း

ရက္ခိုင်ဒေသအတွင်း၌ ပေါက်တောမြို့ ပြီးလျှင် ရမ်းဗြဲမြို့သည် စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရမှု၊ အပျက်အစီးအများဆုံးမြို့ဖြစ်ကြောင်း ထုတ်ပြန်ကာ စစ်ကောင်စီ၏ အယုတ်မာဆုံးသော ဖက်ဆစ်လုပ်ရပ်များဖြစ်သည်ဟု ဖော်ပြထားသည်။

နိုင်ငံတကာ

ဖေဖော်ဝါရီ ၇ ရက်နေ့ ညပိုင်းက ဆန်ဒီယေဂို မြို့နားမှာရှိတဲ့ လူသူ အရောက်အပေါက် နည်းပါးရာ နေရာတစ်ခုကို CH-53E Super Stallion ရဟတ်ယာဉ် ပျက်ကျပြီး လိုက်ပါသွားသူ မရိန်းတပ်ဖွဲ့ဝင်အားလုံး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

သတင်း

ယမန်နေ့( ဇန်နဝါရီလ၂၉) ရက် မွန်းလွဲ ၂နာရီဝန်းကျင်တွင် စစ်ကောင်စီရဟတ်ယာဉ်ကို KNU ဒူးပလာယာခရိုင် ၊ တပ်မဟာ(၆)နယ်မြေ မြ၀တီမြို့အနီး၌ ပစ်ချခဲ့ခြင်းဖြစ်​​ကြောင်းအသိပေးသည်။