Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဆီဆိုင်အများစုဆီပြတ်လပ်၊ ဆီ​ဈေးတက်​သော်လည်း ဆိုင်အများစုဝယ်မရ

မေ ၃၁ ရက်တွင် စစ်ကောင်စီက စက်သုံးဆီဆိုင်များကို အောက်တိန်း ၉၂ တစ်လီတာလျှင် ၂၂၂၅ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာလျှင် ၂၃၄၀ကျပ်၊ ဒီဇယ် ပရီမီယံတစ်လီတာလျှင် ၂၃၅၅ ကျပ်သတ်မှတ်ပြီး ရောင်းချခိုင်းထားသည်။

(ရန်ကုန်တွင်ဆီဝယ်ရန်တန်းစီ​နေ​သောကားများကို ​မေ ၃၁ ည​နေပိုင်းက​တွေ့ရစဥ်။ ။ ဓါတ်ပုံ-People's Spring)
(ရန်ကုန်တွင်ဆီဝယ်ရန်တန်းစီ​နေ​သောကားများကို ​မေ ၃၁ ည​နေပိုင်းက​တွေ့ရစဥ်။ ။ ဓါတ်ပုံ-People's Spring)

ရန်ကုန်မြို့တွင်းဆိုင်အများစုတွင် စက်သုံးဆီပြတ်လပ်နေပြီး အောက်တိန်း ၉၅ တစ်လီကို ၂၄၀၀ကျပ်အထိဈေးမြင့်တက်လာကြောင်း ရန်ကုန်မြို့ခံများထံမှ သိရသည်။

စက်သုံးဆီများ ဈေးမြင့်တက်လာ​သော်လည်းဆီဆိုင်အများစုမှာ ဆီပြတ်လပ်​နေ၍ ရောင်းချနိုင်ခြင်းမရှိတော့​ကြောင်း အငှားယာဉ်မောင်းတစ်ဦးကပြောသည်။

“မနက်(​မေ ၃၁ နံနက်)ကဆီဖြည့်ဖို့ဆီဆိုင် ၅ ဆိုင်လောက် လိုက်ရှာလိုက်ရတယ်။ ၅ဆိုင်လုံးဆီလေးမျိုးလုံးမရှိတော့ဘူး၊ အခုက ဈေးကြီးတာအပြင် ဝယ်ရဖို့တောင်ခက်လာပြီ”ဟု အငှားယာဉ်မောင်းတစ်ဦးကပြောသည်။

မေ ၃၁ ရက်တွင် စစ်ကောင်စီက စက်သုံးဆီဆိုင်များကို အောက်တိန်း ၉၂ တစ်လီတာလျှင် ၂၂၂၅ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာလျှင် ၂၃၄၀ကျပ်၊ ဒီဇယ် ပရီမီယံတစ်လီတာလျှင် ၂၃၅၅ ကျပ်သတ်မှတ်ပြီး ရောင်းချခိုင်းထားသည်။

Public Service Announcement

Public Service Announcement

သို့သော်လည်း သတ်မှတ်ဈေးနှုန်းအတိုင်း ဈေးကွက်တွင် ဝယ်ယူရန်ခက်ခဲပြီး ​မှောင်ခိုဈေးကွက်တွင် အောက်တိန်း ၉၅ တစ်လီတာကျပ် ၂၄၀၀ အထက်​ဈေး​ပေါက်​ကြောင်း
ယာဥ်​မောင်းအချို့က​ပြောသည်။မန္တလေးမြို့တွင်လည်းစက်သုံးဆီပြတ်လပ်နေပြီး အောက်တိန်းတစ်လီတာကိုကျပ် ၃၀၀၀ မှ ၃၅၀၀ ကျပ်အထိမြင့်တက်နေသည်ဟု မြို့ခံအချို့က​ပြောသည်။

လက်ရှိတွင် စက်သုံးဆီတင်သွင်းခွင့်ရထားသည့် ဆီဆိုင်အချို့မှ အပ ဆီဆိုင်အများစုတွင်စက်သုံးဆီပြတ်လပ်နေသည်ဟု ရန်ကုန်နှင့် မန္တလေးမြို့ခံများကပြောသည်။

“ဆီစျေးတက်လေ ကုန်စျေးနှုန်းတွေကလည်းအဆမတန်တွေမြင့် တက်လာလေပါပဲ။ အခုက တော်တော်ကြီးဆိုးရွားလွန်းတဲ့အခြေအနေထိရောက်နေတာကိုဖော်ပြနေတာပါ။
မကြာခင် ဒီထက်ခက်ခဲတဲ့ အခြေအနေတွေရောက်လာတော့မယ်” ဟုကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်တစ်ဦးကသူ၏အမြင်ကိုပြောသည်။

စစ်ကောင်စီက ပြည်တွင်းဒေါ်လာ သုံးစွဲမှုကို ထိန်းချုပ်လိုက်ခြင်းကြောင့် ပြည်တွင်းသို့ စက်သုံးဆီတင်သွင်းရန် အခက်
အခဲများဖြစ်နေသည်ဟု စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးကပြောသည်။စစ်ကောင်စီကချထားပေးသည့်ဒေါ်လာများမှာလည်းပြည်တွင်းစက်သုံးဆီသုံးဆွဲမှုကို လုံလောက်အောင်
မတင်သွင်းနိုင်ဟု ၎င်းကဆက်​ပြောသည်။

သို့သော်လည်း ဆီတင်သွင်းသည့်ကုမ္ပဏီများပိုင်ဆိုင်သည့် စက်သုံးဆီသိုလှောင်ကန်များထဲတွင် စက်သုံးဆီများပမာဏအများအပြားရှိနေပြီး၎င်းတို့ကိုစစ်တပ်ကထိန်းချုပ်ထား
သည်ဟု စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးကဆက်​​ပြောသည်။

ထိုသို့စုဆောင်းထားခြင်းမှာ စစ်တပ်က အရေးပေါ်အခြေနေတွင် ထုတ်ယူသုံးစွဲရန်အတွက်ဖြစ်သည်ဟုလည်းအထက်ပါ လုပ်ငန်းရှင်က သုံးသပ်သည်။

စစ်ကောင်စီက ဒေါ်လာကိုင်​ဆောင်မှုကိုထိန်းချုပ်မှုထားခြင်းကြောင့် စက်သုံးဆီ၊ စားသုံးဆီ နှင့် ဆေးဝါးတင်သွင်းမှုတို့ အခက်အခဲများရှိနေပြီး အများစုမှ မသွင်းနိုင်တော့ကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက လက်နက်ကြီးများ ဒရုန်းများဖြင့် အဆမတန်ပစ်ခတ်ခြင်းကြောင့် ပြည်သူများ၏ အိုးအိမ်များလည်း ပျက်စီးနေရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

ဆီဆိုင်မြို့ကို PNLAက သိမ်းပိုက်ထိန်းချုပ်ထားသည့် အခြေအနေတွင် စစ်ကောင်စီက မြို့ကို ပြန်ဝင်ရောက်နေရာယူရန် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

သတင်း

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)မှ ထုတ်ပြန်သည့် တရားဝင်သတင်းကိုသာ စောင့်ကြည့်အတည်ယူကြရန် အထူးတိုက်တွန်းထားသည်။

သတင်း

"စစ်ဘေးရှောင်စာရင်းထဲမှာ ကယား(ကရင်နီ) ပြည်နယ်မှ တိမ်းရှောင်လာတဲ့ ဒေသခံ ပြည်သူများ၊ ထပ်ဆင့် တိမ်းရှောင်တဲ့ ဒေသခံ ပြည်သူများ ပါဝင်ပါတယ်” ဟု ကိုခွန်ဝါးကပြောသည်။